إعدادات العرض
အမျိုးသမီးတစ်ဦးသည် ကွယ်လွန်သူတစ်ဦးဦးအတွက် သုံးရက်ထက်ပို၍ (ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်သည့်အနေဖြင့်)…
အမျိုးသမီးတစ်ဦးသည် ကွယ်လွန်သူတစ်ဦးဦးအတွက် သုံးရက်ထက်ပို၍ (ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်သည့်အနေဖြင့်) အလှပြင်ဆင်မှုကို စွန့်လွှတ်ခြင်း မပြုရ။ သို့ရာတွင် ခင်ပွန်းသည် အတွက်မူ လေးလနှင့် ဆယ်ရက် (ထိုသို့ ပြုနိုင်သည်)
အုမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမျိုးသမီးတစ်ဦးသည် ကွယ်လွန်သူတစ်ဦးဦးအတွက် သုံးရက်ထက်ပို၍ (ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်သည့်အနေဖြင့်) အလှပြင်ဆင်မှုကို စွန့်လွှတ်ခြင်း မပြုရ။ သို့ရာတွင် ခင်ပွန်းသည် အတွက်မူ လေးလနှင့် ဆယ်ရက် (ထိုသို့ ပြုနိုင်သည်)။ ထို့ပြင် (ထိုကာလအတွင်း) အရောင်ပါသောအဝတ်ကို မဝတ်ရ။ သို့ရာတွင် 'အိစ်ဗ်' (ရက်ကန်းမရက်ခင်အရင် ဆေးဆိုးထားသော ယီမင်ဒေသထွက် အဝတ်) ကိုမူ ဝတ်ဆင်နိုင်သည်။ ထို့ပြင် မျက်စိတွင်ကာဂျလ် မဆိုးရ။ အမွှေးအ ကြိုင် မသုံးရ။ သို့ရာတွင် ဓမ္မတာလာခြင်းမှ သန့်စင်ပြီးသည့်အခါ (အနံ့ဆိုးကို ဖယ်ရှားရန်အတွက်) အူးဒ် (အမွေးအကြိုင်တစ်မျိုး) သို့မဟုတ် 'အဇ်ဖာရ်' (အပွင့်တစ်မျိုး)ကို အနည်းငယ် အသုံးပြုနိုင်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย मराठी دری አማርኛ ភាសាខ្មែរ Nederlands Македонски ગુજરાતી ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగుالشرح
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား သေဆုံးသူ (ဖခင်၊သားချင်းများ၊ သားများ သို့မဟုတ် အခြားဆွေမျိုးများ)အတွက် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အမွှေးနံ့သာသုံးခြင်း၊ မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ လက်ဝတ်လက်စား ဝတ်ဆင်ခြင်း၊ လှပ သော အဝတ်အစားများ ဝတ်ဆင်ခြင်း စသော အလှအပဆိုင်ရာ အရာများကို သုံးရက်ထက်ပို၍ မစွန့်လွှတ်၍ တားမြစ်တော်မူထားသည်။ သို့ရာတွင် ခင်ပွန်းသည် ကွယ်လွန်ပါက လေးလဆယ်ရက်တိုင်တိုင် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အလှအပ ပြင်ဆင်ခြယ်သခြင်းမပြုဘဲ နေရမည်။ခင်ပွန်းအတွက် ဝမ်းနည်းပူဆွေးမှူကို ထုတ်ဖော်သည့် ထိုကာလအတွင်း သူမအနေဖြင့် အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် ဝတ်ဆင်လေ့ရှိသော အရောင်ဆိုးထားသည့် အဝတ်အစားများကို မဝတ်ရပါ။ သို့ရာတွင် အိစ်ဗ် (ရက်ကန်းမရက်ခင်အရင် ဆေးဆိုးထားသော ယီမင်ဒေသထွက် အဝတ်) ကိုမူ ဝတ်ဆင်နိုင်သည်။ ထို့ပြင် အလှအပအတွက် မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ အမွှေးနံ့သာ သို့မဟုတ် ရေမွှေးများ သုံးစွဲခြင်းမပြုရပေ။ သို့ရာတွင် ရာသီသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ရေချိုးရာတွင် (အနံ့ဆိုးကို ဖယ်ရှားရန်အတွက်) အူးဒ် (အမွေးအကြိုင်တစ်မျိုး) သို့မဟုတ် 'အဇ်ဖာရ်' (အပွင့်တစ်မျိုး)ကို အနည်းငယ် အသုံးပြုနိုင်သည်။ ထိုအရာနှစ်မျိုးသည် လူသိများသော နံ့သာနှစ်မျိုးဖြစ်သော်လည်း အမွှေးအကြိုင်အတွက် ရည်ရွယ် ချက်ဖြင့်သုံးစွဲသော နံ့သာများမဟုတ်ပါ။ ရာသီသွေးဆင်းခြင်းမှ ရေချိုးသန့်စင်ပြီးသော အမျိုးသမီးအား မကောင်းသောအနံ့ကို ဖယ်ရှားရန်အတွက် ခွင့်ပြုထားခြင်းဖြစ်သည်။ ၎င်းကိုမိန်းမကိုယ်ရှိ သွေးအကြွင်းအကျန်အတွက် သုံးရန် ဖြစ်ပြီး မွှေးကြိုင်ရန်အတွက်သုံးစွဲခြင်း မဟုတ်ပါ။فوائد الحديث
အိဟ်ဒါဒ်၏ အဓိပ္ပါယ်မှာ - အလှဆင်ခြင်းနှင့် အခြားသူက မိမိကို လက်ထပ်လိုစိတ်ဖြစ်စေနိုင်သည့် အရာများကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် လက်ဝတ်ရတနာ၊ အမွှေးအကြိုင်၊ မျက်စိကာဂျယ်ဆိုးခြင်း၊ လှပသောဝတ်စုံများ အားလုံးကို ရှောင်ကြဉ်ရမည်။
အမျိုးသမီးအတွက် မိမိခင်ပွန်းမှအပ အခြားကွယ်လွန်သူတစ်ဦးဦးအတွက် သုံးရက်ထက်ပို၍ ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ခြင်း မပြုရ။
ခင်ပွန်း၏ အဆင့်အတန်းကို ဖော်ပြထားခြင်း။ အဘယ်ကြောင့်ဆိုသော် ခင်ပွန်းမှအပ အခြားသူများအတွက် သုံးရက်ထက်ပို၍ ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ခွင့် မရှိပေ။
သုံးရက်နှင့် ထိုထက်လျော့နည်းသော ကာလအတွင်း (ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ခြင်း) ကို ခွင့်ပြုထားသည်။ ၎င်းမှာ စိတ်နှလုံးကို သက်သာရာရစေရန်အတွက် ဖြစ်သည်။
အမျိုးသမီးတစ်ဦးအနေဖြင့် မိမိခင်ပွန်း ကွယ်လွန်ပါက ကိုယ်ဝန်ဆောင်ထားသူမဟုတ်လျှင် လေးလနှင့်ဆယ်ရက် (အိဟ်ဒါဒ်) ဝမ်းနည်းမှုကို ထုတ်ဖော်ရန် အရေးကြီးသည်။ အကယ်၍ ကိုယ်ဝန်ရှိသူဖြစ်ပါက ကိုယ်ဝန်ဆောင်ကာလပြီးဆုံးသည်အထိ ဝမ်းနည်းမှုကို ထုတ်ဖော်ရန်အရေးကြီးသည်။ ( ဤနေရာတွင် အိဟ်ဒါဒ်၏ အလိုသဘောမှာ အိဒ်ဒသ်စောင့်ထိန်းခြင်းကို ဆိုလိုသည်။ )
သူမအဖို့ အလှဆင်ခြင်းအတွက် မဟုတ်ဘဲ အခြားရည်ရွယ်ချက်ဖြင့် အရောင်ပါသော အဝတ်အစားကို ဝတ်ဆင်ခွင့်ရှိသည်။ (မည်သည့်အရာက အလှဆင်ခြင်းဖြစ်ပြီး မည်သည်က အလှဆင်ခြင်းမဟုတ်ကြောင်း သိရှိရန်) ပတ်ဝန်းကျင်တွင် လူအများလက်ခံထားသော ဓလေ့ကို စံအဖြစ် သတ်မှတ်ရမည်။
التصنيفات
(အိဒ္ဒသ်)စောင့်ဆိုင်းခြင်း။