“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ…

“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်မက်တော်မူသည့် အိပ်မက်တိုင်း သည် နံနက်မိုးသောက်ယံအလင်းကဲ့သို့ ထင်ရှားစွာ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့နောက် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ၌နေခြင်းကို နှစ်သက်ခုံမင်တော်မူလာ၏။ ထို့ကြောင့် ကိုယ်တော်မြတ်သည် ဟီရာလိုဏ်ဂူ၌ တစ်ဦးတည်း သွားနေလေ့ရှိတော်မူသည်။ မိမိမိသားစုထံပြန်မလာဘဲ ထိုလိုဏ်ဂူ၌ပင် ညပေါင်းများစွာ အေဗာဒသ်တရားအားထုတ်တော်မူလေ့ရှိသည်။ ယင်းအတွက် စားနပ်ရိက္ခာကိုပါ သယ်ဆောင်သွားတော်မူ၏။ ထို့နောက် (စားနပ်ရိက္ခာကုန်သွားသည့်အခါ၌) ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ပြန်လာပြီး ထိုရက်အတိုင်းအတာအတွက် စားနပ်ရိက္ခာ ထပ်မံသယ်ဆောင်သွားတော်မူလေ့ရှိ၏။ နောက်ဆုံးတွင် ကိုယ်တော်မြတ်သည် ဟီရာဂူအတွင်း၌ရှိစဉ် ကိုယ်တော်မြတ်ထံ အမှန်တရား (ဝဟီ) ရောက်ရှိလာလေသည်။ ကောင်းကင်တမန်သည် ကိုယ်တော့်ထံရောက်လာပြီး "အသင်ဖတ်ပါ"ဟု ပြောဆိုလေ၏။ ကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ဖြေကြားလေ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ထိုအခါ (ကောင်းကင်တမန်က) ‘ငါကိုယ်‌တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ တစ်ဖန် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) ဒုတိယအကြိမ်‘ငါကိုယ်‌တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ ထို့နောက် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) တတိယအကြိမ်‘ငါကိုယ်‌တော်အား ဖက်ပြီး ညှစ်လေ၏။ ထို့နောက် ငါကိုယ်တော်အား ပြန်လွှတ်လိုက်ပြီး ပြောသည်မှာ- {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃) ထို့‌နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိတ်နှလုံးထိတ်လန့်တုန်လှုပ်လျက် ထိုအာယသ်တော်များနှင့် အတူပြန်လာခဲ့ပြီး၊ ခဒီဂျဟ် ဗင်န်သု ခိုဝိုင်လစ်ဒ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ ဝင်ရောက်တော်မူကာ "ကျွန်ုပ်ကို စောင်ခြုံပေးကြပါ။ ကျွန်ုပ်ကို စောင်ခြုံပေးကြပါ" ဟု မိန့်တော်မူလေ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော့်အား စောင်ခြုံပေးလိုက်ကြ၏။ နောက်ဆုံး စိုးရိမ်ထိတ်လန့်မှုများ ပပျောက်သွားလေ၏။ ထိုအခါ ကိုယ်တော်မြတ်က ခဒီဂျဟ်သခင်မအား ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ ‘ကျွန်ုပ်သည် ကိုယ့်ကိုယ်ကို စိုးရိမ်မိပါသည်’ ဟု မိန့်တော်မူ၏။ ခဒီဂျဟ်သခင်မက လျှောက်ထားပြောဆိုသည်မှာ- ‘ထိုသို့လုံးဝမဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် ကိုယ်တော့်အား ဘယ်တော့မျှ အရှက်တကွဲအကျိုးနည်း ဖြစ်စေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ထား၏။ အင်အားချိနှဲ့သူတို့၏ ဝန်ထုပ်ဝန်ပိုးကို ကူညီသယ်ပိုး၏။ မရှိဆင်းရဲသားများအား (စားနပ်ရိက္ခာ) ရှာဖွေပေးတော်မူ၏။ ဧည့်သည်အား ဧည့်ဝတ်‌ကျေပွန်၏။ အမှန်တရားအတွက် ကျရောက်သောဒုက္ခဘေးအန္တရာယ်များ၌ အကူအညီပေးတော်မူ၏။ ထို့နောက် ခဒီဂျဟ်သခင်မသည် ကိုယ်တော်မြတ်အား ခေါ်‌ဆောင်ကာ သူမ၏အစ်ကိုဝမ်းကွဲ ‌ဝရကဟ် ဗင်န် နောင်ဝ်ဖလ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အုဇ္ဇာထံသို့ ခေါ်သွားလေ၏။ သူသည် ဂျာဟိလိယသ်အမိုက်ခေတ်တွင် ခရစ်ယာန်သာသနာဝင်ဖြစ်ခဲ့၏။ သူသည် ဟီဗရူးဘာသာဖြင့် ကျမ်းဂန်ရေးသားလေ့ရှိခဲ့၏။ သူသည် အင်န်ဂျီလ်ကျမ်းအား အလ္လာဟ်အရှင်မြတ် အလိုတော်ရှိသလောက် ဟီဗရူးဘာသာဖြင့် ရေးသားခဲ့၏။ သူသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး မျက်စိပင်ကွယ်သွားခဲ့ပြီဖြစ်၏။ ခဒီဂျဟ်သခင်မက ‘အို-ကျွန်မဘကြီးရဲ့ သား၊ အသင့်တူဖြစ်သူထံမှ နားထောင်ပါဦး’ ဟု ပြောလေ၏။ ထိုအခါ ဝရကဟ်က ကိုယ်တော့်အား ‘အို-တူတော်မောင်၊ အသင် မြင်တွေ့ခဲ့ရသောအရာကား အဘယ်နည်း’ ဟု မေးလေ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြလေ၏။ ထိုအခါ ဝရကဟ်က ‘ဤသည်ကား မူစာနဗီထံသို့ အလ္လာဟ်အရှင်မြတ် က ဆင်းသက်စေတော်မူခဲ့သော ကောင်းကင်စေတမန်ပင် ဖြစ်သည်။ ထို (အသင် သာသနာဘက်ကို ဖိတ်ခေါ်သည့်) အချိန်ကာလ၌ ကျွန်ုပ်သည် တောင့်တင်းသန်မာသောလူငယ်တစ်ယောက် ဖြစ်လျှင် ကောင်းလေစွ။ အသင်၏ အမျိုးသားတို့က သင့်အား နှင်ထုတ်သည့်အချိန်တွင် ကျွန်ုပ် အသက်ရှင်လျက် ရှိလျက်ရှိနေလျှင် ကောင်း‌လေစွ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ‘သူတို့သည် ကျွန်ုပ်အား နှင်ထုတ်ကြမည်လော’ဟု မေးမြန်းတော်မူ၏။ ဝရကဟ်က ပြန်ဖြေသည်မှာ ‘ဟုတ်ပါသည်။ အသင်ယူဆောင်လာသည့် အရာ(ဝဟီ)မျိုးကို ယူဆောင်လာခဲ့သည့်သူတိုင်း ရန်ပြုခြင်းမခံရသည်ဟူ၍ မရှိပါ။ အကယ်၍ အသင်၏နေ့ရက် (နှင်ထုတ်ခံရသည့်အချိန်ကာလ) ကို ကျွန်ုပ်ကြုံခဲ့လျှင် သင့်အား ကျွန်ုပ် အစွမ်းကုန်အကူအညီပေးပါမည်’။ ထို့နောက် များမကြာမီမှာပင်ဝရကဟ်မှာ ကွယ်လွန်သွားခဲ့ပြီး ဝဟီကျရောက်မှုလည်း ခေတ္တရပ်ဆိုင်းသွားလေ၏။

[صحيح] [متفق عليه]

الشرح

အွမ္မုလ်မုအ်မီနီးန်အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်မက်တော်မူသည့် အိပ်မက်တိုင်း သည် နံနက်မိုးသောက်ယံအလင်းကဲ့သို့ ထင်ရှားစွာ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့နောက် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ၌နေခြင်းကို နှစ်သက်ခုံမင်တော်မူလာ၏။ ထို့ကြောင့် ကိုယ်တော်မြတ်သည် ဟီရာလိုဏ်ဂူ၌ တစ်ဦးတည်း သွားနေလေ့ရှိတော်မူသည်။ မိမိမိသားစုထံပြန်မလာဘဲ ထိုလိုဏ်ဂူ၌ပင် ညပေါင်းများစွာ အေဗာဒသ်တရားအားထုတ်တော်မူလေ့ရှိသည်။ ယင်းအတွက် စားနပ်ရိက္ခာကိုပါ သယ်ဆောင်သွားတော်မူ၏။ ထို့နောက် (စားနပ်ရိက္ခာကုန်သွားသည့်အခါ၌) အွမ္မုလ်မုအ်မီနီးန်ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ပြန်လာပြီး ထိုရက်အတိုင်းအတာအတွက် စားနပ်ရိက္ခာ ထပ်မံသယ်ဆောင်သွားတော်မူလေ့ရှိ၏။ နောက်ဆုံးတွင် ကိုယ်တော်မြတ်သည် ဟီရာဂူအတွင်း၌ရှိစဉ် ကိုယ်တော်မြတ်ထံ အမှန်တရား (ဝဟီ) ရောက်ရှိလာလေသည်။ ကောင်းကင်တမန်သည် ကိုယ်တော့်ထံရောက်လာပြီး "အသင်ဖတ်ပါ"ဟု ပြောဆိုလေ၏။ ကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ဖြေကြားလေ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ထိုအခါ (ကောင်းကင်တမန်က) ‘ငါကိုယ်‌တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ပင်ပန်းကာခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ တစ်ဖန် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) ဒုတိယအကြိမ်‘ငါကိုယ်‌တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ပင်ပန်းကာခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ ထို့နောက် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်း ကင်တမန်က) တတိယအကြိမ်‘ငါကိုယ်‌တော်အား ဖက်ပြီး ညှစ်လေ၏။ ထို့နောက် ငါကိုယ်တော်အား ပြန်လွှတ်လိုက်ပြီး ပြောသည်မှာ- {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃) ထို့‌နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုအာယသ်တော်များနှင့်အတူ သေဆုံးရမည်ကိုစိုးရိမ်ပြီး စိတ်နှ လုံးထိတ်လန့်တုန်လှုပ်လျက် ပြန်လာခဲ့ပြီး၊ အွမ္မုလ်မုအ်မီနီးန် ခဒီဂျဟ် ဗင်န်သု ခိုဝိုင်လစ်ဒ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ ဝင်ရောက်တော်မူကာ ဤသို့ မိန့်တော်မူ၏။ ကျွန်ုပ်ကို ခြုံထည်များဖြင့် ပတ်ထားပေးကြပါ။ ကျွန်ုပ်ကို ခြုံထည်များဖြင့်အပတ်ထားပေးကြပါဟု မိန့်တော်မူလေ၏။ ထို့ကြောင့် သူ(အိမ်သား)တို့သည် ကိုယ်တော့်အား ခြုံထည်ဖြင့် ပတ်ထားပေးလိုက်ကြ၏။ နောက်ဆုံး စိုးရိမ်ထိတ်လန့်မှုများ ပပျောက်သွားလေ၏။ ထိုအခါ ကိုယ်တော်မြတ်က ခဒီဂျဟ်သခင်မအား ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ မိန့်တော်မူသည်မှာ - ကျွန်ုပ်သည် ကိုယ့်ကိုယ်ကို (ရုတ်တရက်) သေဆုံးသွားမည်ကိုပင် စိုးရိမ်မိပါသည်’ ဟု မိန့်တော်မူ၏။ ထိုအခါ ခဒီဂျဟ်သခင်မက လျှောက်ထားပြောဆိုသည်မှာ- ထိုသို့လုံးဝမဖြစ်နိုင်ပါ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် ကိုယ်တော့်အား ဘယ်တော့မျှ အရှက်တကွဲအကျိုးနည်း ဖြစ်စေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဆွေမျိုး သားချင်းများနှင့် အဆက်အသွယ်ထား၏။ မိမိကိစ္စကို မထမ်းဆောင်နိုင်သော အင်အားချိနှဲ့သူတို့၏ ဝန်ထုပ် ဝန်ပိုးကို ကူညီသယ်ပိုး၏။ မရှိဆင်းရဲသားများအား (စားနပ်ရိက္ခာ) ရှာဖွေပေးတော်မူ၏။ ကိုယ်တော်သည် မိမိမှအပ အခြားသူများထံ မရရှိနိုင်သောအရာကို လူတို့အား ပေးကမ်းစွန့်ကြဲတတ်သူဖြစ်၏။ဧည့်သည်အား ဧည့်ဝတ်‌ ကျေပွန်၏။ အမှန်တရားအတွက် ကျရောက်သောဒုက္ခဘေးအန္တရာယ်များ၌ အကူအညီပေးတော်မူ၏။ ထို့နောက် ခဒီဂျဟ်သခင်မသည် ကိုယ်တော်မြတ်အား ခေါ်‌ဆောင်ကာ သူမ၏အစ်ကိုဝမ်းကွဲ ‌ဝရကဟ် ဗင်န် နောင်ဝ်ဖလ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အုဇ္ဇာထံသို့ ခေါ်သွားလေ၏။ သူသည် ဂျာဟိလိယသ်အမိုက်ခေတ်၏ ထုံးတမ်းစဉ်လာများအား စွန့်လွှတ်၍ (စစ်မှန်သည့်) ခရစ်ယာန်သာသနာဝင်ဖြစ်ခဲ့၏။ သူသည် အင်န်ဂျီလ်ကျမ်းအား အလ္လာဟ်အရှင်မြတ် အလိုတော်ရှိသလောက် ဟီဗရူးဘာသာဖြင့် ရေး သားခဲ့၏။ သူသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး မျက်စိပင်ကွယ်သွားခဲ့ပြီဖြစ်၏။ ခဒီဂျဟ်သခင်မက သူ့အား ပြောကြားခဲ့သည်မှာ- အို-ကျွန်မဘကြီးရဲ့ သား၊ အသင့်တူဖြစ်သူထံမှ နားထောင်ပါဦး’ ဟု ပြောလေ၏။ ထိုအခါ ဝရကဟ်က ကိုယ်တော့်အား ‘အို-တူတော်မောင်၊ အသင် မြင်တွေ့ခဲ့ရသောအရာကား အဘယ်နည်း’ ဟု မေးလေ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြလေ၏။ ထိုအခါ ဝရကဟ်က ‘ဤသည်ကား အလ္လာဟ်အရှင်မြတ်က မိမိ၏နဗီတမန်တော်မူစာ (အလိုင်ဟိစ္စလာမ်)ထံသို့ ဆင်းသက်စေတော်မူခဲ့သော ကောင်း ကင်တမန်ဂျစ်ဗ်ရီလ်ပင် ဖြစ်သည်။ ထို (အသင် သာသနာဘက်ကို ဖိတ်ခေါ်သည့်) အချိန်ကာလ၌ ကျွန်ုပ်သည် တောင့်တင်းသန်မာသောလူငယ်တစ်ယောက်ဖြစ်လျှင် ကောင်းလေစွ။ အသင်၏ အမျိုးသားတို့က သင့်အား နှင်ထုတ်သည့်အချိန်တွင် ကျွန်ုပ် အသက်ရှင်လျက်ရှိနေလျှင် ကောင်း‌လေစွ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ‘သူတို့သည် ကျွန်ုပ်အား နှင်ထုတ်ကြမည်လော’ဟု မေးမြန်းတော်မူ၏။ ဝရကဟ်က ပြန်ဖြေသည်မှာ ‘ဟုတ်ပါသည်' အသင်ယူဆောင်လာသည့် အရာ(ဝဟီ)မျိုးကို ယူဆောင်လာခဲ့သည့်သူတိုင်း ဒုက္ခပေးခံရခြင်း၊ ရန်ပြုခြင်းမခံရသည်ဟူ၍ မရှိပါ။ အကယ်၍ အသင်၏နေ့ရက် (နှင်ထုတ်ခံရသည့်အချိန်ကာလ) ကို ကျွန်ုပ်ကြုံခဲ့လျှင် သင့်အား ကျွန်ုပ် အစွမ်းကုန်အကူအညီပေးပါမည်။ ထို့နောက် များမကြာမီမှာပင် ဝရကဟ်မှာ ကွယ်လွန်သွားခဲ့ပြီး ဝဟီကျရောက်မှုလည်း ခေတ္တရပ်ဆိုင်းသွားလေ၏။

فوائد الحديث

၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ဝဟီဗျာဒိတ်တော် စတင်ကျရောက်ခြင်းဆိုင်ရာ ရှင်းလင်း

ချက်။

၂။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အိပ်မက်မြင်တော်မူခြင်းသည် ဝဟီ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၃။ ခရီးအတွက် ရိက္ခာ (ဇာဒ်) သိုမှီးထားခြင်းသည် တရားတော်အရပြုလုပ်ခွင့်ရှိသည်၊ ၎င်းသည် သဝတ်ကုလ်(အလ္လာအရှင်မြတ်အပေါ် ယုံပုံအားကိုးခြင်း)နှင့် မဆန့်ကျင်ပါ။ အဘယ်ကြောင့်ဆိုသော် မုသဝတ်ကိလီးန်(အလ္လာအရှင်မြတ်အပေါ် ယုံပုံအားကိုးသူများ) ၏ ခေါင်းဆောင်ဖြစ်သူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင် ထိုသို့ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။

၄။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြီးမားပုံမှာ မိမိ၏ကျေးကျွန်များအား မသိသေးသည်တို့ကို သင်ကြားပေးတော်မူကာ မိုက်မဲမှု၏ အမှောင်ထုမှ အသိပညာ၏ အလင်းရောင်သို့ ပို့ဆောင်ပေးတော်မူခဲ့ခြင်း ဖြစ်သည်။

၅။ စာရေးခြင်းပညာ၏ ဂုဏ်ကျေးဇူးသည် အလွန်ကြီးမားလှပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းပညာကြောင့် ပညာရပ်များ မှတ်တမ်းတင်နိုင်ခြင်း၊ ဉာဏ်အမြော်အမြင်များကို ချည်နှောင်ထားနိုင်ခြင်း၊ ရှေးလွန်လေပြီးသောလူပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို တိကျစွာ မှတ်သားနိုင်ခြင်း၊ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော ကျမ်းစာအုပ်များကို ထိန်းသိမ်းနိုင်ခြင်းနှင့် သာသနာရေးနှင့်လောကီရေးရာကိစ္စရပ်များ တည့်မှတ်စွာ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။

၆။ ကုရ်အာန်တွင် ပထမဆုံးကျရောက်သော အပိုဒ်တော်မှာ {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။} (စူရဟ်အလတ်က်- ၉၆:၁)

၇။ မြင့်မြတ်သောကိုယ်ကျင့်တရားများနှင့် ကောင်းမှုဂုဏ်တရားတို့သည် မကောင်းမှုနှင့် မလိုလားအပ်သော ဒုက္ခဆင်းရဲအမျိုးမျိုးတို့မှ ကင်းလွတ်ခြင်းအကြောင်း

တရား ဖြစ်၏။ သို့ဖြစ်၍ မည်သူမဆို ၎င်း၏ကောင်းမှုမှာ များပြားလေလေ သူ၏အဆုံးသတ်မှာ ကောင်းမွန်လေလေဖြစ်ပြီး၊ ထိုသူ၏ ဘာသာရေးနှင့် လောကီရေးရာ၌ ဘေးအန္တရာယ်ကင်းခြင်းကို မျှော်လင့်နိုင်သည်။

၈။ လိုအပ်ချက်အရ လူတစ်ဦးအား သူနှင့်မျက်နှာချင်း

ဆိုင်၍ ချီးမွမ်းခွင့်ရှိသည်။

၉။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရသူကို နှစ်သိမ့်ပေးခြင်း၊ ဝမ်းမြောက်စရာသတင်းပေးခြင်းနှင့် ၎င်းအတွက် ဘေးအန္တရာယ်ကင်းရှင်းစေမည့် အကြောင်းတရားများကို ပြောဆိုတင်ပြခြင်း ပြုလုပ်သင့်ပေသည်။

၁၀။ ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)၏ ပြည့်စုံခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် နက်ရှိုင်းသောဝိဇ္ဇာဉာဏ်တို့အတွက် အကြီးမားဆုံးသောသက်သေနှင့် ခိုင်မာဆုံးသော အထောက်အထားမှာ၊ သခင်မသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဂုဏ်တော်ကို ဖော်ပြရာတွင်၊ မြင့်မြတ်သည့်ကိုယ်ကျင့်တရားများ၏ အခြေခံမဏ္ဍိုင်များနှင့် ၎င်းတို့၏အရင်းမြစ်များအားလုံးကို စုစည်းဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆို‌သော် ကျေးဇူးပြုခြင်းသည် ဆွေမျိုးတော်စပ်သူများထံသို့ ဖြစ်စေ၊ သူစိမ်းများထံသို့ ဖြစ်စေ၊ ကိုယ်ခန္ဓာဖြင့် ဖြစ်စေ၊ စည်းစိမ်ဥစ္စာဖြင့် ဖြစ်စေ၊ မိမိ၏အရေးကိစ္စတွင် လွတ်လပ်သူအပေါ်၌ဖြစ်စေ၊ အခြားသူများအပေါ်၌ဖြစ်စေ ပြုလုပ်ရသည်။ ထို့ပြင် သခင်မသည် သင့်လျော်သောနေရာ၌ စကားကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

၁၁။ မည်သူမဆို ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့လာပါက၊ ဆုံးမစကားနှင့် မှန်ကန်ကောင်းမွန်သည့် အကြံဉာဏ်ကိုပေးနိုင်သည့် မိမိယုံကြည်စိတ်ချရသူအား မိမိ၏ပြဿနာကို အသိပေးတင်ပြခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။

التصنيفات

Prophet's Lineage