إعدادات العرض
အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်
အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်
အဗူအဗ်ဒွရ်ရဟ်မားန် အဗ်ဒွလ္လာဟ် ဗင်န် အုမရ် ဗင်န် ခသ်သွားဗ် ( رضي الله عنه )ကဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်အစေတော်နှင့်ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်အား ဟဂ်ျပြုလုပ်ခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းတို့ဖြစ်သည်။
الترجمة
العربية Español አማርኛ English اردو Indonesia ئۇيغۇرچە বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Nederlands ગુજરાતી Кыргызча नेपाली Yorùbá Lietuvių دری Српски Soomaali тоҷикӣ Kinyarwanda Română Magyar Čeština Moore Malagasy Fulfulde Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски ភាសាខ្មែរ Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayu Yaoالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာကို ပင်မတိုင်ကြီး ငါးခုက ထောက်မကာ ဆောက်တည်ထားသော ခိုင်မာသည့်အဆောက်အအုံဖြင့် ပမာနှိုင်းပြတော်မူသည်။ အစ္စလာမ်၏ ကျန်ဝိသေသလက္ခဏာများသည် ထိုအဆောက်အအုံကို ပြည့်ပြီးစုံစေသော လက္ခဏာများဖြစ်သည်။ ဤမဏ္ဍိုင်ကြီးငါးခုအနက် ပထမဆုံးတစ်ခုမှာ ရှဟာဒသ် သက်သေခံခြင်း နှစ်မျိုးဖြစ်သည့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြစ်သည်။ ထိုသက်သေခံခြင်းနှစ်ခုသည် မဏ္ဍိုင်တစ်ခုသာဖြစ်ပြီး တစ်ခုနှင့်တစ်ခု ခွဲထုတ်၍မရပေ။ ကျေးကျွန်သည် ၎င်းရှဟာဒသ်နှစ်ခုကို မြွက်ဟပြောဆိုရာတွင် အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်း တည်ရှိတော်မူသောအရှင်ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူပြီး အရှင်မြတ်အပြင်မည်သူမျှ ခဝပ်ကိုးကွယ်ခြင်းကို မခံထိုက်ကြောင်းကို ဝန်ခံကာ ရှဟာဒသ်နှစ်ခု၏ တောင်းဆိုမှုအတိုင်း ကျင့်ကြံအားထုတ်ရမည်။ ထို့ပြင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရိစာလသ် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ခြင်းအား ယုံကြည်လျှက် နောက်လိုက်မှုပြုရမည်။ ဒုတိယတစ်ခုမှာ ဆွလာသ်ဆောက်တည်ခြင်းဖြစ်သည်။ ဤသည် တစ်ရက်တာတွင်ရှိသည့် ဖရ်ဿ်ွဆွလာသ် ငါးကြိမ်ဖြစ်သော ဖဂ်ျရ်ဆွလာသ်၊ ဇုဟုရ်ဆွလာသ်၊ အဆွရ်ဆွလာသ်၊ မဂ်ရိဗ်ဆွလာသ်၊ အိရှာဆွလာသ်စသည်တို့ကို ၎င်းတို့၏စည်ကမ်းချက်များ၊ ဖရ်ဿ်ွတာဝန်များ၊ ဝါဂျိဗ်တာဝန်များနှင့်တကွ ဆောက်တည်ခြင်းဖြစ်သည်။ တတိယတစ်ခုမှာ ဖရ်ဿွ်တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသော ဇကာသ်ကို ပေးဆောင်ခြင်းဖြစ်သည်။ ဇကာသ်ဟူသည် ရှရိအဟ်တရားတော်က သတ်မှတ်ထားသော ပမာဏသို့ ရောက်ရှိသွားသည့်ဥစ္စာပစ္စည်းတိုင်းအတွက် သတ်မှတ်ထားသော ဖရ်ဿ်ွအိဗာဒသ်တစ်ခုဖြစ်သည်။ ဇကာသ်အား စားထိုက်သူများကို ပေးရသည်။ စတုတ္ထတစ်ခုမှာ ဟဂ်ျပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသည် ဟဂ်ျကျင့်စဉ်များကို ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မက္ကဟ်မြို့သို့ သွားရောက်ကာ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ ပဉ္စမတစ်ခုမှာ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သည့် ရည်ရွယ်ချက်ဖြင့် နံနက်မိုးသောက်ချိန်မှစ၍ နေဝင်သည်အထိ စားခြင်း၊ သောက်ခြင်းနှင့် ဆွိယာမ်ဥပုသ်ကို ပျက်စေသော အခြားကိစ္စရပ်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။فوائد الحديث
သက်သေခံချက်နှစ်ခုသည် ခွဲခြား၍မရပေ။ ၎င်းတို့အနက်မှ တစ်ခုကိုချန်လှပ်ထားပါက အခြားတစ်ခုသည် မှန်ကန်မည်မဟုတ်ပါ။ ထို့ကြောင့် နှစ်ခုစလုံးကို မဏ္ဍိုင်တစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
သက်သေခံချက်နှစ်ခုသည် သာသနာ၏အုတ်မြစ်ဖြစ်သည်။ မည်သည့်အပြောအဆို၊ လုပ်ရပ်မဆို ထိုသက်သေခံချက်နှစ်ခု ရှိမှသာ လက်ခံခြင်းခံရမည်ဖြစ်သည်။
