1- အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်*။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်အစေတော်နှင့်ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်အား ဟဂ်ျပြုလုပ်ခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းတို့ဖြစ်သည်။