ဆွလာသ်ဖရ်ဿ်ွဖြစ်ခြင်းနှင့် ဆွလာသ်စွန့်လွှတ်သူ၏အမိန့်။

ဆွလာသ်ဖရ်ဿ်ွဖြစ်ခြင်းနှင့် ဆွလာသ်စွန့်လွှတ်သူ၏အမိန့်။

6- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏ အကြောင်း တင်ပြခဲ့ကြသည်။ သူသည် ညဉ့်အချိန်အိပ်၍ မိုးသောက်သည်အထိ ဆက်အိပ်နေခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - “ထိုသူသည် ရှိုင်တွာန်က သူ၏ နားနှစ်ဖက်တွင် ဆီးသွားခဲ့သူ ဖြစ်သည်။” (သို့မဟုတ်) “သူ၏ နားအတွင်းသို့ ဆီးသွားခဲ့သူ ဖြစ်သည်” ဟု မိန့်တော်မူခဲ့သည်။