إعدادات العرض
မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
ဗုရိုင်ဒဟ်ဗင်န် ဟုဆွိုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी বাংলা Español Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Hausa دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Tagalog Azərbaycan ქართული тоҷикӣ bm Македонски አማርኛالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဆ်ွရ်ဆွလာသ်ကို သူ့အချိန်နှင့်သူ မဆောက်တည်ဘဲ တမင်နောက်ဆိုင်းထားခြင်းမှ တားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက ၎င်း၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးကာ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။فوائد الحديث
အဆ်ွရ် ဆွလာသ်ကို ပထမဦးဆုံးအချိန်တွင်အမြဲတမ်း ဝတ်ပြုရန်နှင့် အချိန်ဝင်သည်နှင့် စောလျင်စွာ ဝတ်ပြုရန်တိုက်တွန်းထားသည်။
အဆွ်ရ် ဆွလာသ် စွန့်လွှတ်သူအဖို့ ပြင်းထန်သော သတိပေးခြိမ်းခြောက်မှုရှိသည်။ အဆ်ွရ်ဆွလာသ် ကို သူ့အချိန်တွင်ဝတ်မပြုပဲ စွန့်လွှတ်ခြင်းသည် အခြားသော ဆွလာသ်များကို စွန့်လွှတ်ခြင်းထက် ပို၍ပြင်းထန်သည်။ အဘယ့်ကြောင့်ဆိုသော် အလယ်ဆွလာသ်နှင့် ပတ်သက်၍ သီးသန့် အမိန့်လာရှိထားသည့်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံးသော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာသ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်းကြလေကုန်။ ) (ကုရ်အာန် ၂:၂၃၈)