إعدادات العرض
“ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့်…
“ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)”
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကွယ်လွန်ခါနီးအချိန်တွင် အများဆုံး မှာတမ်းခဲ့သည့်ဆုံးမစကားမှာ “ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)”။ ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏လက် ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)” ဟု ထပ်ခါ ထပ်ခါ မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လည်ပင်းတွင် ထိုစကားတော်များမှာ တစ်နေကာ ၎င်းကို နှုတ်လျှာဖြင့်ဆိုရန် ခဲယဉ်းလုနီးပါးဖြစ်ခဲ့ရသည်။
الترجمة
العربية Tiếng Việt অসমীয়া Nederlands Indonesia Kiswahili Hausa සිංහල English ગુજરાતી Magyar ქართული Română Русский Português ไทย తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Tagalog ភាសាខ្មែរ Українська ਪੰਜਾਬੀ پښتو Moore Wolof മലയാളം हिन्दी Svenska Bosanski தமிழ் 中文الشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကွယ်လွန်ခါနီးအချိန်၌ မိမိ၏အွမ္မသ်သားများအား အများဆုံး မှာတမ်းခဲ့သည့်ဆုံးမစကားမှာ “ဆွလာသ်ကို စွဲစွဲမြဲမြဲဝတ်ပြုကြလော့။ ၎င်းအား ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ၎င်းမှ သတိလစ်ဟင်းမနေကြနေလင့်။ ထို့အတူ မိမိတို့၏ လက်အောက်ရှိ ကျေးကျွန်များနှင့် ကျွန်မများ၏ အခွင့်အရေးများကို ပေးဆပ်ကြလော့။ သူတို့အား ကောင်းမွန်စွာ ဆက်ဆံကြလော့" ဟု မိန့်တော်မူခဲ့ခြင်းဖြစ်၏။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤစကားကို ထပ်ခါတလဲလဲ မိန့်တော်မူခဲ့ရာ နောက်ဆုံးလည်ပင်းတွင် ထိုစကားတော်များမှာ (စကားထွက်ရန် ခက်ခဲကာ) တစ်နေပြီး ၎င်းကို နှုတ်လျှာဖြင့်ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းလုနီးပါးဖြစ်ခဲ့ရသည်။فوائد الحديث
ဆွလာသ်၏အရေးပါမှုနှင့် ကျွန်များ၏အခွင့်အရေးသည် အလွန်ကြီးမားလှသည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏နောက်ဆုံး ဆုံးမစကားအဖြစ် ယင်းတို့ကို အသေအချာ မိန့်မှာခဲ့ခြင်းကြောင့်ဖြစ်သည်။
ဆွလာသ်သည် ဗန္ဒဟ်ကျေးကျွန်များအပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ အကြီးမားဆုံးသော အခွင့်အရေးများထဲမှ တစ်ခုဖြစ်ပြီး၊ လူသားတို့၏ အခွင့်အရေးကိုကျေပွန်ခြင်း အထူးသဖြင့် အားနည်းသူများနှင့် (သားသမီးများမှလွဲ၍) မိမိလက်အောက်ရှိ ကျွန်များ၏အခွင့်အရေးများကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် အကြီးမားဆုံးတာဝန်ဖြစ်သည်။
