တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏…

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏ အကြောင်း တင်ပြခဲ့ကြသည်။ သူသည် ညဉ့်အချိန်အိပ်၍ မိုးသောက်သည်အထိ ဆက်အိပ်နေခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - “ထိုသူသည် ရှိုင်တွာန်က သူ၏ နားနှစ်ဖက်တွင် ဆီးသွားခဲ့သူ ဖြစ်သည်။” (သို့မဟုတ်) “သူ၏ နားအတွင်းသို့ ဆီးသွားခဲ့သူ ဖြစ်သည်” ဟု မိန့်တော်မူခဲ့သည်။

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏ အကြောင်း တင်ပြခဲ့ကြသည်။ သူသည် ညဉ့်အချိန်အိပ်၍ မိုးသောက်သည်အထိ ဆက်အိပ်နေခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - “ထိုသူသည် ရှိုင်တွာန်က သူ၏ နားနှစ်ဖက်တွင် ဆီးသွားခဲ့သူ ဖြစ်သည်။” (သို့မဟုတ်) “သူ၏ နားအတွင်းသို့ ဆီးသွားခဲ့သူ ဖြစ်သည်” ဟု မိန့်တော်မူခဲ့သည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏အ ကြောင်း တင်ပြခဲ့ကြသည်။ သူသည် မနက်နေထွက်သည်အထိ အိပ်နေခဲ့ပြီး ဖရဿ်ွဆွလာသ်ဝတ်ပြုရန်အတွက် မထခဲ့ချေ။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - “ဧကန်မုချ ထိုသူသည် ရှိုင်တွာန်က သူ၏ နားအတွင်းသို့ ဆီးသွားလိုက်သကဲ့သို့ (နက်ရှိုင်းစွာအိပ်ပျော်နေသူ) ဖြစ်သည်။”

فوائد الحديث

၁။ ကိယာမွလ်လိုင်းလ် ( သဟဂ်ျဂျွဒ်ဆွလာသ်ဝတ်ပြုခြင်း) ကို စွန့်လွှတ်ခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်ပြီး ယင်းသည် ရှိုင်တွာန်၏လုပ်ရပ်ကြောင့်သာ ဖြစ်သည်။

၂။ အလ္လာဟ်အရှင်မြတ်၏ နာခံကိုးကွယ်မှုနှင့် လူသားကြားတွင် ဟန့်တားရန် လမ်းတိုင်း၌ စောင့်ဆိုင်းနေသော ရှိုင်တွာန်မှ သတိထားရန်။

၃။ အိဗ်နုဟဂျရ်က ဆိုသည် - "ما قام إلى الصلاة" ( ဆွလာသ်ဝတ်ပြုရန် ထမလာခဲ့ ) ဟူသည့် စကားသည် ဆွလာသ်၏ အမျိုးအစား ကို ရည်ညွှန်းပြီး၊ ညဥ့်ဆွလာသ် (သဟဂ်ျဂျွဒ်) သို့မဟုတ် ဖရဿ်ွဆွလာသ်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

၄။ အိမာမ်သွီဗီက ဆိုသည်- အိပ်စက်မှုနှင့် ပတ်သက်၍ မျက်လုံးကို ဖော်ပြခြင်းက ပိုမိုသင့်လျော်သော်လည်း ဤနေရာတွင် နားကို အထူးဖော်ပြခြင်းသည် အိပ်စက်မှု၏ နက်ရှိုင်းမှုကို ညွှန်းဆိုရန် ဖြစ်သည်။ ။ အဘယ်ကြောင့်ဆိုသော် နားများသည် နိုးကြားမှု၏ လမ်းကြောင်းများဖြစ်သည်။ ထို့နောက် ဆီးသွားခြင်းကို အထူးဖော်ပြရသည့် အကြောင်းမှာ ၎င်းသည် ခန္ဓာကိုယ်၏ အတွင်းပိုင်း နေရာများသို့ အလွယ်တကူဝင်ရောက်နိုင်ပြီး၊ သွေးကြောများထဲသို့ လျင်မြန်စွာ စိမ့်ဝင်ကာ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးတွင် ပျင်းရိထိုင်းမှိုင်းမှုကို ဖြစ်စေသောကြောင့် ဖြစ်သည်။

التصنيفات

ဆွလာသ်ဖရ်ဿ်ွဖြစ်ခြင်းနှင့် ဆွလာသ်စွန့်လွှတ်သူ၏အမိန့်။