ဧကန်စင်စစ် ဂျန္နတ်တွင် သစ်ပင်တစ်ပင်ရှိ၏။ (ထိုသစ်ပင်၏အရိပ်အောက်၌) လျင်မြန်သော၊ ပြိုင်ပွဲအတွက်…

ဧကန်စင်စစ် ဂျန္နတ်တွင် သစ်ပင်တစ်ပင်ရှိ၏။ (ထိုသစ်ပင်၏အရိပ်အောက်၌) လျင်မြန်သော၊ ပြိုင်ပွဲအတွက် လေ့ကျင့်ထားသည့် မြင်းစီးသူရဲသည် အနှစ်တစ်ရာ စီးနင်းသွားလာသော်လည်း ထိုသစ်ပင်(၏ အကိုင်းအခက်များ)ကို မကျော်လွန်နိုင်ပေ။

အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် ဂျန္နတ်တွင် သစ်ပင်တစ်ပင်ရှိ၏။ (ထိုသစ်ပင်၏အရိပ်အောက်၌) လျင်မြန်သော၊ ပြိုင်ပွဲအတွက် လေ့ကျင့်ထားသည့် မြင်းစီးသူရဲသည် အနှစ်တစ်ရာ စီးနင်းသွားလာသော်လည်း ထိုသစ်ပင်(၏ အကိုင်းအခက်များ)ကို မကျော်လွန်နိုင်ပေ။"

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဂျန္နတ်တွင် သစ်တစ်ပင်ရှိကြောင်း၊ ထိုသစ်ပင်အောက်၌ အလွန်လျင်မြန်သွက်လက်မြန်ဆန်သော မြင်းစီးသူသည် အနှစ်တစ်ရာတိုင်တိုင် စီးနင်းသွားသော်လည်း ထိုသစ်ပင်၏အကိုင်းအခက်များ၏ အစွန် အဖျားသို့ပင် မရောက်နိုင်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

ဂျန္နတ်၏ ကျယ်ဝန်းမှုနှင့် ထိုဂျန္နတ်ရှိ သစ်ပင်များ၏ ကြီးမားပုံကို ဖော်ပြထားခြင်း။

التصنيفات

ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။