ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။

ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။

2- အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။

6- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။

10- ကိယာမတ်နေ့တွင် ဂျဟန္နမ်ငရဲသားများအနက် အပြစ်ဒဏ်အသက်သာဆုံးသူမှာ မီးဖြင့်ပြုလုပ်ထား‌သော ဖိနပ်နှစ်ဖက်နှင့် သဲကြိုးနှစ်ချောင်း (ဝတ်ဆင်ပေးခြင်းခံထားရသူ )ရှိသူဖြစ်ပြီး ထိုမီး၏ပူလောင်မှုကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးပူလောင်သည့်အခါ ပွက်ပွက်ဆူသကဲ့သို့ ပွက်ပွက်ဆူနေ‌ပေမည်။ သူသည် သူ့ထက်ပိုပြီး ပြင်းထန်သောပြစ်ဒဏ်ခံနေရသူ မရှိဟု ထင်နေလိမ့်မည်။ အမှန်စင်စစ် ထိုသူသည် အပြစ်ဒဏ်အသက်သာဆုံးသူပင်ဖြစ်သည်။

11- ( ကိယာမသ် နေ့တွင် ) ဟစ်‌ခေါ်သူက ဤသို့ ဟစ်အော် ပြောဆိုလိမ့်မည် - "အသင်တို့သည် အစဉ်ကျန်းမာကြလိမ့်မည်၊ ဘယ်သောအခါမျှ နာမကျန်းဖြစ်ကြမည် မဟုတ်။ အသင်တို့သည် အစဉ်ရှင်သန်ကြလိမ့်မည်၊ ဘယ်သောအခါမျှ သေကြေကြမည် မဟုတ်။ အသင်တို့သည် အစဉ်နုပျိုကြလိမ့်မည်၊ ဘယ်သောအခါမျှ အိုမင်းကြမည် မဟုတ်။ အသင်တို့သည် အစဉ် စည်းစိမ်ချမ်းသာမှု၌ ရှိကြလိမ့်မည်၊ ဘယ်သောအခါမျှ ပူဆွေးသောကရောက်ကြမည် မဟုတ်

12- အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

14- ဂျဟန္နမ်ငရဲသားနှစ်မျိုးရှိပေသည်။ ၎င်းတို့အား ငါကိုယ်တော်မမြင်ဘူးပေ။ တစ်အုပ်စုမှာ ၎င်းတို့နှင့်အတူ လူတို့အား ရိုက်နှက်ရန် နွားအမြီးနှင့်တူသောတုတ်များလည်းပါရှိသည်။ (နောက်တစ်အုပ်စုမှာ) အဝတ်အစားများဝတ်ဆင်ထားသော်လည်း အဝတ်အစားမဝတ်ထားသည့်အလား ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်လွင်နေသောအမျိုးသမီးများ၊ ယောက်ျားလေးများအား မြှူဆွယ်လေ့ရှိသောအမျိုးသမီးများ၊ အခြားသူများအား မိမိတို့ပြုလုပ်လေ့ရှိသည့် မြှူဆွယ်မှုများအားပြုလုပ်လာကြရန် လှုံဆော်ပေးသည့် အမျိုးသမီးများ၊

15- အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ

20- ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။