ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။

ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။

2- အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။

6- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။