إعدادات العرض
အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ…
အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်ဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
အုဗာဒဟ်ဗင်န်ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်ဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့်အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá සිංහල ไทย دری Кыргызча or Kinyarwanda नेपाली Română Malagasy Lietuvių Oromoo Nederlands Soomaali Српски Українська ಕನ್ನಡ Wolof Moore ქართული O‘zbek Azərbaycan Magyarالشرح
ဤဟဒီးဆ်တော်က ကျွန်တော်တို့အား အသိပေးထားသည်မှာ လူတစ်ဦးသည် သောင်ဟီးဒ်၏ ကလိမဟ်တော်အား ရွတ်ဆိုပြီး ထိုကလိမဟ်တော်၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ကာ ယင်း၏တောင်းဆိုချက်အတိုင်း လက်တွေ့လိုက်နာကျင့်သုံးမည်။ ၎င်းအပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကျွန်ဖြစ်ခြင်း၊ ရစူလ်တမန်တော် ဖြစ်ခြင်းတို့အား သက်သေခံမည်။ တမန်တော် အီစာ(အလိုင်ဟိစ္စလာမ်)သည် ကျွန်ဖြစ်ခြင်း၊ ရစူလ်တမန်တော် ဖြစ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်က ၎င်းအား ဖြစ်စေဟူသည့်စကားတော်ဖြင့် မရ်ယာမ်သခင်မထဲ၌ ဖန်ဆင်းတော်မူခဲ့ကြောင်းကို လက်ခံမည်။ ထို့ပြင် ၎င်း၏မိခင်သည် ရန်သူ ယဟူဒီများစွပ်စွဲခဲ့သည့်ကိစ္စမှ ကင်းရှင်းကြောင်းလက်ခံမည်။ ထို့ပြင် မုအ်မင်န်တို့အတွက် ဂျန္နသ်သုခဘုံရှိပြီး ကာဖိရ်သွေဖည်ငြင်းပယ်သူများအတွက် ဂျဟန္နမ်ငရဲဘုံရှိကြောင်း လက်ခံယုံကြည်ပြီး ထိုယုံကြည့်ချက်ပေါ်တွင် သေဆုံးခဲ့ပါက ၎င်း၏ အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။فوائد الحديث
ရှဟာဒသ် သက်သေခံခြင်းနှစ်ခုသည် သာသနာ၏ အုတ်မြစ်ဖြစ်သည်။
သောင်ဟီးဒ်တရားတော်၏ မွန်မြတ်မှုကို သိရှိရသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် ၎င်းကြောင့် အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။
ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကောင်းကျိုးပြုခြင်းတို့သည် အတိုင်းမသိ ကျယ်ဝန်းလှသည်။
သောင်ဟီးဒ်၏ယုံကြည်ချက်သည် ယဟူဒီ၊ နဆ်ွရာနီ၊ ရုပ်တုကိုးကွယ်သူများနှင့်ဘာသာမဲ့များစသည့် ကုဖ်ရ်သွေဖည်ငြင်းပယ်သည့် လမ်းစဉ်အားလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်သည်။
ရှဟာဒသ်သက်သေခံခြင်းနှစ်ခုသည် ၎င်းတို့၏ အဓိပ္ပာယ်ကိုသိနားလည်ပြီး၊ ၎င်းတို့၏ တောင်းဆိုချက်အတိုင်း လက်တွေ့လိုက်နာကျင့်သုံးမှသာ မှန်ကန်ပြည့်စုံမည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် ကျွန်ဖြစ်ခြင်းနှင့် ရစူလ်တမန်တော်ဖြစ်ခြင်းစသည့် အရည်အချင်းနှစ်ခုစလုံးအား စုပေါင်းပေးထားခြင်းသည် ကိုယ်တော်နှင့်ပတ်သက်၍ အစွန်းရောက်သူများနှင့် အဆင့်အတန်းနှိမ့်ချသူများ အားလုံးတို့ကို ချေပထားခြင်းဖြစ်သည်။
နဗီတမန်တော်များ၊ သူတော်စဉ်များ၏ အခွင့်အရေးတို့တွင် အစွန်းရောက်ခြင်းနှင့် မလေးစားခြင်းတို့မှ ရှောင်ကြဉ်ရန် တာဝန်ရှိသည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ မွန်မြတ်မှုများကို မငြင်းပယ်ကြသလို ၎င်းတို့နှင့်ပတ်သက်၍ အလွန်အကျူးအစွန်းရောက်ကာ အချို့သော အသိပညာကင်းမဲ့သူများနှင့် လမ်းမှားနေသူများ ပြုလုပ်ကြသကဲ့သို့ ခဝပ်ကိုးကွယ်မှု တစ်စုံတစ်ရာကိုလည်း ပြုလုပ်ကြမည်မဟုတ်ပေ။
အီစာ(အလိုင်ဟိစ္စလာမ်)သည် ကျွန်ဖြစ်ခြင်းနှင့် ရစူလ်တမန်တော်ဖြစ်ခြင်းအား အတည်ပြုထားသည်။ ဤအချက်က နဆ်ွရာနီတို့သည် ၎င်းတမန်တော်အား အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူသည့် ထင်မြင်ချက်အား ပယ်ချထားသည်။
အီစာ(အလိုင်ဟိစ္စလာမ်)သည် ဖခင်မရှိဘဲ မရ်ယမ်သခင်မထဲတွင် ဖြစ်စေဟူသည့် စကားတော်ဖြင့်ဖန်ဆင်းခြင်းခံရသည်။ ဤအချက်သည် ယဟူဒီတို့က မရ်ယမ်သခင်မအား ဇိနာ တရားမဝင်ကာမမှုကျူးလွန်ကြောင်း စွပ်စွဲချက်ကို ပယ်ချထားသည်။
သောင်ဟီးဒ်တရားကို သက်ဝင်ယုံကြည်သည့် အပြစ်အကုသိုလ်ကျူးလွန်သူများသည် ငရဲမီးထဲတွင် အမြဲထာဝရနေထိုင်ရမည်မဟုတ်ပေ။
စကားပြောခြင်းဟူသည့် ဆွိဖသ်ဂုဏ်တော်အား အလ္လာဟ်အရှင်မြတ်အတွက် အတည်ပြုထားသည်။
ပြန်လည်ရှင်ပြန်ထရမည်ကို အတည်ပြုထားသည်။
ဂျန္နသ် သုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံတို့အား အတည်ပြုထားသည်။