နောက်ဆုံးနေ့အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

နောက်ဆုံးနေ့အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

3- အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။

11- ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်

13- ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး‌၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'

16- ကိယာမသ်နေ့တွင် ကျေးကျွန်တစ်ဦးသည် မိမိ၏သက်တမ်းနှင့်ပတ်သက်၍ မည်သို့ကုန်ဆုံးခဲ့သည်။ မိမိ၏ အိလ်မ်အသိပညာနှင့်ပတ်သက်၍ မည်သို့လိုက်နာကျင့်သုံးခဲ့သည်။ မိမိဥစ္စာပစ္စည်းနှင့် ပတ်သက်၍ မည်သည့် နေရာမှရှာဖွေခဲ့သည် မည်သို့သုံးစွဲခဲ့သည်။ မိမိခန္ဓာကိုယ်နှင့်ပတ်သက်၍ မည်သည့်နေရာတွင်အသုံးချခဲ့သည်တို့ကို မေးမြန်းခြင်းမခံရသ၍ ခြေနှစ်ဖက်သည် လုံးဝရွေ့လျားနိုင်မည်မဟုတ်ပေ။

19- မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။

20- ဤအရေးကိစ္စ (အစ္စလာမ်သာသနာ) သည် ညနှင့်နေ့ ရောက်ရှိသော နေရာတိုင်း( တစ်ကမ္ဘာလုံး )သို့ မုချဧကန် ရောက်ရှိသွားလိမ့်မည်။ ရွံ့စေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ၊ သိုးမွေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ( တစ်နည်း မြို့တွင် နေသူဖြစ်စေ၊ တောရွာတွင် နေသူဖြစ်စေ) အလ္လာဟ်အရှင်မြတ်သည် ဤအစ္စလာမ်သာသနာကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ

21- ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။

22- ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။

25- အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။

30- ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။

34- ၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။

45- ။ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၌ ရှေးလွန်လေပြီးသူများနှင့် နောင်လာမည့် လူသားအားလုံးကို ပြန့်ပြူးသော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးစေတော်မူမည်။ မျက်စိသည် သူတို့အားလုံးကို မြင်နိုင်မည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ နေသည် လူတို့နှင့် အလွန်နီးကပ်လာမည်။ လူတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်