သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက်…

သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်မှာ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

အဗ်ဒုလ္လာဟ်ဗင်န် အမရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မုအဇ္ဇင်န်၏ အဇာန်သံကို အဖြေပေးခြင်းနှင့် သက်ဆိုင်သည့်စွန္နသ်တော်ကို ရှင်းပြတော်မူသည်ကို ကြားသိခဲ့ပြီးနောက် ပြန်လည်ဆင့်ပြန်ခဲ့သည်။ ယင်းသည် မုအဇ္ဇင်န်၏ အဇာန်သံကိုကြားခြင်းနှင့်သက်ဆိုင်ပေသည်။ ‘အသင်တို့သည် ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။’ဟူသည့် ကိုယ်တော်၏ မိန့်ကြားချက်သည် (ဟိုင်းယ္ယအလဆ်ွဆွလာဟ်နှင့် ဟိုင်းယ္ယအလလ်ဖလာဟ်)မှ လွဲ၍ ကျန်စာသားများကိုလိုက်ဆိုရန် ဆိုလိုခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုစာသားနှစ်ပိုဒ်တွင်“လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်”ကို ဆိုရမည်ဖြစ်သည်။ ‘ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ’ ဟူသည် အဇာန်အားအဖြေပေးပြီးနောက် တမန်တော်မြတ်အပေါ်သို့ ဆွလာသ်(ဒရူးဒ်) ပို့သရန် ညွှန်ကြားထားခြင်းဖြစ်သည်။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော်ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ကျေးကျွန် တစ်ဦးတစ်ယောက်ပေါ်သို့ အလ္လာဟ်အရှင်မြတ်က ‘ဆွလာသ်’ချီးမြှင့်ခြင်းဟူသည် ထိုကျေးကျွန်နှင့်ပတ်သက်၍ ကောင်းကင်တမန်များကြားတွင် ချီးမွမ်းထောမနာပြုခြင်းဖြစ်သည်။ ထို့နောက်သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၌ အမြင့်ဆုံးအဆင့်အတန်းပင်ဖြစ်သည်။ ထိုအဆင့်အတန်းကို အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များအနက် ကျေးကျွန်တစ်ဦးကသာ ရရှိမည်ဖြစ်ပြီး ထိုသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိကိုယ်မိမိ နှိမ့်ချ၍မိန့်ကြားခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမြင့်မားသည့်အဆင့်အတန်းသည် လူတစ်ဦးအတွက်သာဖြစ်မည်ဆိုလျှင် ထိုသူသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သာဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်သည် အဖန်ဆင်းခံများအနက် အမွန်မြတ်ဆုံးပင်ဖြစ်သည်။ ထိုသို့ဖြစ်သော်ငြားလည်း ၎င်းအဆင့်အတန်းနှင့် ပတ်သက်၍ ဒုအာဆုမွန်တောင်းခံပေးရမည်ပင်ဖြစ်သည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်၏အွမ္မသ်နောက်လိုက်သားများက ကိုယ်တော်မြတ်အပေါ် ‘ဆွလာသ်’ဒရူးဒ် ပို့သသည့်အတွက် ကိုယ်တော့်၏အဆင့်အတန်းကို ပို၍မြင့်မားစေတော်မူသကဲ့သို့ ကိုယ်တော်မြတ်အတွက် ဒုအာဆုမွန်များမြောင်စွာတောင်းပေးခြင်းဖြင့်လည်း ကိုယ်တော်၏ အဆင့်အတန်းကို ပို၍မြင့်မားစေတော်မူမည်ဖြစ်သည်။ ထို့ပြင်၎င်းတို့သည် ထိုသို့ပြုလုပ်သည့်အတွက် အကျိုးကုလိုလ်များရရှိကြပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ‘ရှဖာအဟ်’ ကြားဝင်အသနားခံပေးမှုကို ရရှိမည်ဖြစ်သည်။

فوائد الحديث

မုအဇ္ဇင်န်၏အဇာန်ဆိုသံကို အဖြေပေးရန်အမိန့်ပေးထားသည်။

အဇာန်ကို အဖြေပေးပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ‘ဆွလာသ်’ပို့သရန် အမိန့်ပေးထားသည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ‘ဆွလာသ်’ပို့သပြီးနောက် ကိုယ်တော်မြတ်အတွက်‘ဝစီလဟ်’တောင်းခံပေးရန် အမိန့်ပေးထားသည်။

ဝစီလဟ်၏အဓိပ္ပါယ်နှင့် ၎င်း၏မြင့်မြတ်သောအဆင့်အတန်းကို လူတစ်ဦးတည်းကိုသာ ချီးမြှင့်မည်ဖြစ်ကြောင်း ရှင်းပြထားသည်။

ထိုမြင့်မြတ်သည့် အဆင့်အတန်းသည် ကိုယ်တော်မြတ်အတွက်သာ သီးသန့်ဖြစ်ကြောင်းဖော်ပြကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မြင့်မြတ်မှုကို တင်ပြထားသည်။

အကြင်သူသည် အလ္လာဟ်အရှင်မြတ်ထံတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက် ဝစီလဟ်တောင်းခံပေးလျှင် ထိုသူ့အတွက် ‘ရှဖာအဟ်’ ကြားဝင်အသနားခံပေးခြင်းဝါဂျိဗ်ဖြစ်သည်။

ထိုမြင့်မြတ်လှသည့် (မကာမုမဟ်မူဒ်)အဆင့်အတန်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက်သာ ဖြစ်သော်လည်း ထိုအဆင့်အတန်းကိုရရှိရန် မိမိ၏အွမ္မသ်နောက်လိုက်များအား ဒုအာဆုမွန်တောင်းခံစေခြင်းဖြင့် ကိုယ်တော်၏ ကျိုးနွံမှုကိုဖော်ပြထားသည်။

ဤဟဒီးဆ်တော်သည် ကုရ်အာန်ကျမ်းတော်မြတ်အာယသ်တော်ဖြစ်သည့် (စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာတော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။) ကုရ်အာန်(၂၁:၁၀၇) ၏အလိုသဘောပင်ဖြစ်သည်။ အကြင်မည်သူမဆို ကိုယ်တော်မြတ်အပေါ် ဆွလာသ်တစ်ကြိမ်ပို့မည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ်ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ မည်သူမဆို ကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ‘ဝစီလဟ်’ တောင်ခံပေးပါက ထိုသူ့အတွက် ‘ရှဖာအဟ်’ ကြားဝင်အသနားခံပေးခြင်းဝါဂျိဗ် ဖြစ်မည်။ ၎င်းပြင် အွမ္မသ်နောက်လိုက်များရရှိသည့် မြင့်မားသည့် အဆင့်အတန်း၊ ကြီးကျယ်သည့် အဆင့်အတန်း အားလုံးတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရဟ်မသ် ကရုဏာတော်ကြောင့်ပင်ဖြစ်သည်။

التصنيفات

နောက်ဆုံးနေ့အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။, ဇိက်ရ်၏ ထွတ်မြတ်မှုများ။, အဇာန်နှင့် အိကာမသ်။