ဇိက်ရ်၏ ထွတ်မြတ်မှုများ။

ဇိက်ရ်၏ ထွတ်မြတ်မှုများ။

3- အကြင်သူသည် ဤဇိက်ရ်တော်- لَا إلٰهَ إلَّا اللّٰهُ وَحْدَهُ لَا شَرِيْكَ لَهُ،لَهُ الْمُلْكُ،وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ (တုဖက်နှိုင်းယှဉ်ခြင်းကင်း၍ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သော အရှင်ဟူ၍ အလျဉ်းမရှိပြီ။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာ ဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်း ဟူသမျှသည် ထိုအရှင်မြတ် အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင် နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။) ကို ဆယ်ကြိမ်ရွတ်ဖတ်လျှင်

5- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ သို့သော် ဂျီဗ်ရီလ် (အလိုင်ဟိစ်စလာမ်) သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်များရှေ့တွင် အသင်တို့အပေါ်၌ ဂုဏ်ယူတော်မူကြောင်း ကျွန်ုပ်အား သတင်းပေးခဲ့ခြင်းကြောင့်( ကျိန်ဆိုခိုင်းရခြင်းဖြစ်သည် ) ဟု မိန့်ကြားတော်မူခဲ့သည်။

8- ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်) အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား တွေ့ဆုံခဲ့သည်။ ထိုအခါ သူက ဤသို့ ပြောကြားခဲ့သည်။ အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ကြောင်း သတင်းကောင်းပါးလိုက်ပါ

9- “မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုမှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော မြည်းအသေတစ်ကောင်အနားမှ ထသွားသကဲ့သို့ပင် ဖြစ်၏။ ထိုသို့သော မဂ်ျလိစ်(ထိုင်ဝိုင်း)သည် ကိယာမတ်နေ့တွင် ၎င်းတို့အပေါ်၌ ဝမ်းနည်းဖွယ် (နောင်တရဖွယ်) အကြောင်းတစ်ရပ် ဖြစ်လိမ့်မည်။”