ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်)…

ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်) အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား တွေ့ဆုံခဲ့သည်။ ထိုအခါ သူက ဤသို့ ပြောကြားခဲ့သည်။ အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ကြောင်း သတင်းကောင်းပါးလိုက်ပါ

အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်) အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား တွေ့ဆုံခဲ့သည်။ ထိုအခါ သူက ဤသို့ ပြောကြားခဲ့သည်။ အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ကြောင်း သတင်းကောင်းပါးလိုက်ပါ။ ဂျန္နတ်သည် ပြန့်ပြူးသော မြေပြန့်လွင်ပြင်ဖြစ်၍ ၎င်းတွင် စိုက်ထားသည့်အပင်များမှာ «سُبْحَانَ اللهِ وَالحَمْدُ لِلَّهِ وَلاَ إِلَهَ إِلاَّ اللَّهُ وَاللَّهُ أَكْبَرُ » “ စွဗ်ဟာနလ္လာဟ်၊ ဝလဟမဒုလိလ္လာဟ်၊ ဝလာ အီလာဟာ အိလလ္လလ္လာဟ်၊ ဝလ္လာဟု အက်ဘရ် ” ဟူသော စကားတော်များပင်ဖြစ်၏။

[حسن بشواهده] [သိရ်မိဇီကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား အိစ်ရာအ်နှင့် မိအ်ရာဂ်ျခရီးစဥ်၏ ညတွင် တွေ့ဆုံခဲ့ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ အီဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)က ကိုယ်တော့်အား ဤသို့ ပြောကြားခဲ့သည်။ "အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ပြီး ငန်ခြင်းမရှိကြောင်း၊ ထို့ပြင် ဂျန္နတ်သည် ကျယ်ဝန်းညီညာပြန့်ပြူးသော မြေပြင်ဖြစ်ပြီး သစ်ပင်ကင်းမဲ့နေသေးကြောင်း၊ ယင်း ဂျန္နသ်တွင် သစ်ပင်များ စိုက်ပျိုးခြင်းသည် စင်ကြယ်သော စကားတော်များဖြင့် ဖြစ်သည်။ ဤစင်ကြယ်သော စကားတော်များကို 'ဘာကိယာသွတ်စ် စွာလိဟာသ်' (တည်မြဲသော ကောင်းမှုကုသိုလ်များ) ဟုလည်း ခေါ်ဆိုသည်။ ထိုစကားတော်များမှာ- «سُبْحَانَ اللهِ وَالحَمْدُ لِلَّهِ وَلاَ إِلَهَ إِلاَّ اللَّهُ وَاللَّهُ أَكْبَرُ » ဖြစ်သည်။ မွတ်စ်လင်မ်တစ်ဦးသည် ဤစကားတော်များကို ထပ်တခါတလဲလဲ ရွတ်ဆိုသည့်အခါတိုင်း သူ့အတွက် ဂျန္နတ်တွင် သစ်ပင်တစ်ပင် စိုက်ပျိုးပေးခြင်း ခံရသည်။

فوائد الحديث

ဂျန္နသ်တွင် သစ်ပင်ပေါများစွာ ရရှိရန် အမြဲတမ်း 'ဇိက်ရ်' ပြုလုပ်ရန် တိုက်တွန်းထားခြင်း။

အွမ္မသေ အစ္စလာမီ (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ နောက်လိုက်သားများ၏ ) ဂုဏ်မြင့်မြတ်မှု - အကြောင်းမှာ အီဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)သည် ၎င်းတို့ထံ စလာမ်ပို့ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အိဗ်ရာဟီးမ်(အလိုင်ဟိစ်စလာမ်)၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ရဲ့အွမ္မသ်သားတို့အား အလ္လာဟ်အရှင်မြတ်၏ ဇိကရ်ကို များစွာပြုလုပ်ရန် တိုက်တွန်းလှုံ့ဆော်ခြင်း။

အိမာမ် သွီဗီက ဆိုသည်မှာ- ဂျန္နတ်သည် ညီညာပြန့်ပြူးသော မြေပြင်ဖြစ်၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ယင်းဂျန္နသ်အတွင်း၌ သစ်ပင်များနှင့် နန်းတော်များကို အမလ်ကျင့်ဆောင်သူတို့၏ အမလ်များအလိုက် ဖန်ဆင်းတော်မူ၏။ အမလ်ကျင့်ဆောင်သူတိုင်းအတွက် ၎င်း၏အမလ်ကျင့်ဆောင်မှုကြောင့် သီးသန့်ရရှိမည့် အကျိုးဆုလာဘ်ရှိ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အမလ်ကျင့်ဆောင်သူအား သူ့အတွက် ဖန်ဆင်းခြင်းခံရသည့် အမလ်ကို လွယ်ကူချောမွေ့စေတော်မူပြီး ယင်းအားဖြင့် အကျိုးဆုလာဘ်ရရှိစေရန် ၎င်းအား ထိုသစ်ပင်များ၏ စိုက်ပျိုးသူကဲ့သို့ ပြုလုပ်တော်မူ၏။

التصنيفات

ဇိက်ရ်၏ ထွတ်မြတ်မှုများ။