ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌…

ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌ အသန့်ရှင်းဆုံးအမလ်၊ သင်တို့၏အဆင့်အတန်းများကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ကာ

အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌ အသန့်ရှင်းဆုံးအမလ်၊ သင်တို့၏အဆင့်အတန်းများကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ကာ၊ ရွှေငွေများ လှူဒါန်းခြင်းထက်လည်း သာလွန်ကောင်းမြတ်ပြီး ( ဂျိဟာဒ်စစ်ပွဲတွင် )ရန်သူတို့နှင့် ရင်ဆိုင်ရသည့်အခါ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှခြင်း (သို့) သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲခြင်းထက်ပင် သာလွန်ကောင်းမြတ်သော အမလ်တစ်ခုကို အသိ ပေးမတင်ပြရဘူးလား။" ထိုအခါ စွဟာဗဟ်များက " အမှန်ပင် တင်ပြမိန့်ကြားပါ" ဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိဝစ္စလမ် )က မိန့်ကြားတော်မူသည်မှာ "ထို အရာသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [رواه الترمذي وابن ماجه وأحمد]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏တပည့်သားစွဟာဗဟ်များအား မေးမြန်းတော်မူခဲ့သည်- သင်တို့၏ အမလ်များအနက် အရာခပ်သိမ်းကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အမြတ်ဆုံး၊ အမြင့်မြတ်ဆုံး၊ တိုးပွါးမှုအရှိဆုံး၊ အစင်ကြယ်ဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်သည့် ထို့ပြင် ဂျန္နတ်သုခဘုံရှိ အသင်တို့၏ နေထိုင်ရာများတွင် အမြင့်မြတ်ဆုံးသော အဆင့်အတန်းလည်း ဖြစ်သည့် ရွှေငွေများ လှူဒါန်းခြင်းထက်လည်း အသင်တို့အတွက် ပိုမိုကောင်းမြတ်သည့် ကာဖိရ်များနှင့် တွေ့ဆုံ၍ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှဲပြီး သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲကြသည့် (ဂျီဟာဒ် ပြုခြင်း) ထက်လည်း အသင်တို့အတွက် ပိုမိုကောင်းမြတ်သည့် အမလ်ကို ငါကိုယ်တော် သင်တို့အား ပြောပြ၊ သင်ကြားပေးရမည်လား။ စွဟာဗဟ်များက "ဟုတ်ကဲ့၊ ကျွန်‌တော်မျိုးတို့ လိုလားပါသည်" ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- "အချိန်တိုင်းနှင့် အခြေအနေအားလုံးတွင် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း" ဖြစ်သည်။

فوائد الحديث

စင်စစ် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိကိရ်)ကို ထင်ရှားစွာဖြစ်စေ၊ လျှို့ဝှက်၍ဖြစ်စေ၊ အဆက်မပြတ်ပြုလုပ်ခြင်းသည် အရှင်မြတ်ထံတော်၌ အမြင့်မြတ်ဆုံးနှင့် အကြီးကျယ်ဆုံးသော ချဉ်းကပ်မှုများထဲမှ တစ်ခုဖြစ်၏။

စင်စစ် အမလ်(လုပ်ရပ်)ဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ သတိရတသခြင်းကို တည်တံ့စေရန်အတွက် ပြဌာန်းထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိသည်မှာ - "ငါအရှင်မြတ်အား သတိရတသမှုပြုရန်အလို့ငှာ ဆွလာသ်ဆောက်တည်ကျလော့။" ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - " ကပ်ဗဟ်ကျောင်းတော်အား သွဝါးဖ်လှည့်ပတ်ခြင်း၊ စွဖာနှင့် မရ်ဝါတို့ကြား စအီပြေးခြင်း၊ ဂျမ်ရားသ် ( ရှိုင်သွာန် ) ကိုခဲပေါက်ခြင်းတို့သည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ဇိကိရ်(သတိရခြင်း)ကို တည်တံ့စေရန်အတွက်သာဖြစ်သည်။" သတိရတသမှုကို ခိုင်မြဲစွာ ထူထောင်ရန်အတွက်သာ ဖြစ်သည်။" ( အဗူဒါဝုဒ်၊ သိရ်မိဇီ )။

အိဇ် ဗင်န် အဗ်ဒုစ်စလာမ်က သူ၏ " ကဝါအိဒ်" ကျမ်းတွင် ဤသို့ဆိုထားသည်- ဤဟဒီးစ်တော်သည် အိဗာဒသ်ခဝပ်ဆည်းကပ်မှုများအားလုံးတွင် အကျိုးစဝါးဗ်သည် ခံစားရသော ပင်ပန်းမှုပမာဏအပေါ် အခြေခံ၍ ရရှိခြင်းမဟုတ်သည်ကို ညွှန်ပြနေသည်။ တခါတရံ အလ္လာဟ်အရှင်မြတ်သည် အမလ်လုပ်ရပ်နည်းပါးသော်လည်း များပြားသောအကျိုးစဝါးဗ်ကို ချီးမြှင့်တော်မူပြီး၊ အမလ်လုပ်ရပ်များပြားသော်လည်း အကျိုးစဝါးဗ် အနည်းငယ်ကိုသာ ချီးမြှင့်တော်မူသည်။အဘယ်ကြောင့်ဆိုသော် အကျိုးစဝါးဗ်သည် ဂုဏ်သိက္ခာအဆင့်အတန်း ကွာခြားမှုအပေါ် အခြေခံ၍ ရရှိခြင်းဖြစ်သည်။

အိမာမ် မုနာဝီက "ဖိုင်ဿွုလ် ကဒီရ်" ကျမ်းတွင် ဤသို့ဖွင့်ဆိုထားသည်- ဤဟဒီးစ်တော်ကို ထိုအချိန်က ပြောဆိုခံခဲ့ရသူများအတွက် ဇိကိရ်(သတိရတသမှု)သည် အကောင်းဆုံးဖြစ်သည်ဟု နားလည်ရမည်။ အကယ်၍ အစ္စလာမ့်အတွက် စစ်တိုက်ခြင်းဖြင့် အကျိုးပြုနိုင်သော ရဲရင့်‌သောစစ်သူရဲကောင်းတစ်ဦးအား မိန့်ကြားခဲ့လျှင် (ဇိကိရ်သည် အမွန်မြတ်ဆုံးဟု မိန့်ကြားခဲ့မည်မဟုတ်ဘဲ )ဂျိဟာဒ်သည် အမွန်မြတ်ဆုံးဟု မိန့်ကြားခဲ့မည်ဖြစ်သည်။

သို့မဟုတ် ဆင်းရဲသားများသည် သူ၏ဥစ္စာဓနဖြင့် အကျိုးခံစားရသော ချမ်းသာကြွယ်ဝသူတစ်ဦးအား မိန့်ကြားခဲ့လျှင် (ဇိကိရ်သည် အမွန်မြတ်ဆုံးဟု မိန့်ကြားမည်မဟုတ်ဘဲ )စွဒ်ကဟ်အလှူဒါနပြုခြင်းသည် အမွန်မြတ်ဆုံးဟု မိန့်ကြားခဲ့မည်သာဖြစ်သည်။ ဟဂ်ျပြုနိုင်စွမ်းရှိသူအား မိန့်ကြားခဲ့လျှင် (ဇိကိရ်သည် အမွန်မြတ်ဆုံးဟု မိန့်ကြားမည်မဟုတ်ဘဲ ) ဟဂ်ျပြုလုပ်ခြင်းသည် အမွန်မြတ်ဆုံးဟု မိန့်ကြားခဲ့မည်သာဖြစ်သည်။ ထိုနည်းတူ မိဘနှစ်ပါးရှိသူအား မိန့်ကြားခဲ့လျှင်(ဇိကိရ်သည် အမွန်မြတ်ဆုံးဟု မိန့်ကြားမည်မဟုတ်ဘဲ ) မိဘနှစ်ပါးအား ကောင်းမွန်စွာဆက်ဆံခြင်းသည် အမွန်မြတ်ဆုံးဟု မိန့်ကြားခဲ့မည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဟဒီးစ် တော်များကြားရှိ ကွဲလွဲမှုများကို ညှိယူနိုင်မည်ဖြစ်သည်။

အပြည့်စုံဆုံးသော ဇိကိရ်(သတိရတသမှု)သည် စိတ်နှလုံးဖြင့် စူးစိုက်ဆင်ခြင်လျက် နှုတ်လျှာဖြင့် ရွတ်ဆိုခြင်းဖြစ်သည်။ ထို့နောက် စဉ်းစားတွေးခေါ်ခြင်းကဲ့သို့ စိတ်နှလုံးတစ်ခုတည်းဖြင့် သတိရတသမှုသည် ဒုတိယအဆင့်ဖြစ်သည်။ ထို့နောက် နှုတ်လျှာတစ်ခုတည်းဖြင့် သတိရတသမှုသည် တတိယအဆင့်ဖြစ်သည်။ ဤအဆင့်တိုင်းတွင် အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူပါက အကျိုးဆုလာဘ်‌တော်ရှိသည်။

မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အခြေအနေအရပ်ရပ်နှင့် ဆက်စွက်သော ဇိက်ရ်များ (ဥပမာ- နံနက်နှင့်ညနေ ဇိကိရ်များ၊ ဗလီဝင်ချိန်၊ အိမ်သို့ဝင်ချိန်၊ အိမ်သာစသော နေရာများသို့ဝင်ချိန်နှင့် ထိုနေရာများမှ ထွက်ချိန်တွင် ရွတ်ဆိုရသည့် ဇိကိရ်များ) ကိုမပျက်မကွက် စွဲစွဲမြဲမြဲ ရွတ်ဆိုခြင်းသည် ၎င်းအား အလ္လာဟ်အရှင်မြတ်ကို များစွာသတိရတသသောသူများထဲတွင် အပါအဝင်ဖြစ်စေသည်။

التصنيفات

ဇိက်ရ်၏ ထွတ်မြတ်မှုများ။