إعدادات العرض
အာဇာန်ကို လိုက်ဆိုခြင်း၏ အကျိုးကုသိုလ်။
အာဇာန်ကို လိုက်ဆိုခြင်း၏ အကျိုးကုသိုလ်။
အုမရ်ဗင်န်ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဆိုသည့်အခါ အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်။ တဖန် အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ် ဆိုသည့်အခါ အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်ဟုဆိုမည်။ တဖန် ဟိုင်းယ္ယာအလဆ်ဆွလာဟ်ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် ဟိုင်းယ္ယာအလလ် ဖလာဟ် ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ် ဆိုသည့်အခါအလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် လာအိလာဟ အိလ္လလ္လာဟ် ဆိုသည့်အခါ မိမိ၏ နှလုံးသားအတွင်းမှ လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်ဆိုလျှင် ဂျန္နသ်သုခဘုံသို့ကို ဝင်ရောက်ရမည်ဖြစ်သည်။
الترجمة
العربية English Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa తెలుగు Kiswahili ไทย پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം Italiano or Bosanski ಕನ್ನಡ Kurdî Oromoo Română Shqip Soomaali Српски Wolof Українська Tagalog தமிழ் Moore Malagasy Azərbaycan فارسی ქართული 中文 Magyarالشرح
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဇာန်ဆိုသည့်အခါ မုအဇ္ဇင်န်အား အဖြေပေးရမည့်နည်းလမ်းကို မိမိ၏အွမ္မသ်အား သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မုအဇ္ဇင်န်က အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ကိုနှစ်ကြိမ်ဆိုသည့်အခါ (အလ္လာဟုအက္ကဗရ်ကို နှစ်ကြိမ်တင်ပြခြင်းဖြင့် လုံလောက်မှုရှိသည့်အတွက် လေးကြိမ်မတင်ပြထားခြင်းဖြစ်သည်။) အသင်တို့အနက်မှ တစ်ဦးတစ်ယောက်က အလ္လာဟုအက္ကဗရ် အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ ထို့နောက် မုအဇ္ဇင်န်က အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဆိုသည့်အခါ အသင်တို့အနက်တစ်ဦးတစ်ယောက်က အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်။ ထို့နောက် မုအဇ္ဇင်န်က အရှ်ဟဒုအန္န မုဟမ္မဒရ် ရစူလွလ္လာဟ် ဆိုသည့်အခါ အသင်တို့အနက်တစ်ဦးတစ်ယောက်က အရှ်ဟဒုအန္န မုဟမ္မဒရ် ရစူလွလ္လာဟ် ဟုဆိုမည်။ ထို့နောက် မုအဇ္ဇင်န်က ဟိုင်းယ္ယာအလဆွ်ဆွလာဟ် (ဆွလာသ်ဆောက်တည်ရန်လာကြပါဟု) ဆိုသည့်အခါ အသင်တို့အနက်တစ်ဦးတစ်ယောက်က လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ် ဟုဆိုမည်။ (အလိုသဘောမှာ - အမိန့်နာခံမှုအား အတားအဆီးဖြစ်စေသောအရာများမှ ရှောင်ကြဉ်ခြင်း၊ အမိန့်နာခံနိုင်ခြင်း၊ တစ်စုံတစ်ရာအား ဆောင်ရွက်နိုင်ခြင်းတို့သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ‘သောင်ဖိက်’စွမ်းအားပေးမှသာ ဆောင်ရွက်နိုင်မည်။) ထို့နောက် မုအဇ္ဇင်န်က ဟိုင်းယ္ယာအလလ် ဖလာဟ် (အသင်တို့သည် အောင်မြင်မှု၏ အကြောင်းခံဘက်သို့ လည်းကောင်း၊ ဂျန္နသ်သုခဘုံ၌ ထာဝရနေထိုင်ရန်နှင့် နိအ်မသ်စည်းစိမ်များကို အမြဲစံစားနိုင်ရန်အတွက် လည်းကောင်း လာကြကုန်)ဟုဆိုသည့်အခါ အသင်တို့အနက်တစ်ဦးတစ်ယောက်က လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ် ဟုဆိုမည်။ ထို့နောက် မုအဇ္ဇင်န်က အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဆိုသည့်အခါ အသင်တို့အနက်မှတစ်ဦးတစ်ယောက်က အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ ထို့နောက် မုအဇ္ဇင်န်က လာအိလာဟ အိလ္လလ္လာဟ်ဆိုသည့်အခါ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်က မိမိ၏ နှလုံးသားအတွင်းမှ လာအိလာဟ အိလ္လလ္လာဟ် ဟုဆိုပါက (ဆိုလိုသည်မှာ- အမှန်ပင်ထိုသူသည် ထို ကလိမဟ်တော်အား မိမိ၏နှလုံးသားအတွင်းမှ ယုံကြည်ပြီး ‘အိခ်လာဆ်ွ’ စိတ်စေတနာဖြူစင်စွာနှင့် နှုတ်လျှာဖြင့်ရွတ်ဆိုပါက) ထိုသူသည်ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။ ဤဟဒီးဆ်တော်တွင် အဇာန်ကိုလိုက်ဆိုခြင်း၏ အကျိုးကုသိုလ်နှင့် ၎င်း၏အစားသည် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို့လိုက်ဆိုသူက ဂျန္နသ်ရရှိသွားရခြင်းမှာ မုအဇ္ဇင်န်ဆိုသည့် အဇာန်ကို လိုက်ဆိုသည့်စာသားများတွင် ‘သောင်ဟီးဒ်’တရားတော်၊ အလ္လာဟ်အရှင်မြတ်၏ကြီးကျယ်မြင့်မြတ်မှု၊ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုမှု၊ အရှင်မြတ်၏အမိန့်ကို နာခံမှု၊ ‘ဟိုင်းယ္ယာအလဆ်ွဆွလာဟ်နှင့် ဟိုင်းယ္ယာအလလ်ဖလာဟ်’ ဆိုသည့်အခါ “လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်” ဆိုခြင်းဖြင့် မိမိ၏ကိစ္စအဝဝအား အလ္လာဟ်အရှင်မြတ်ထံသို့ လွှဲအပ်မှု စသည်တို့ပါဝင်သောကြောင့်ဖြစ်သည်။ ‘ဟိုင်းယ္ယာအလဆ်ွဆွလာဟ်နှင့် ဟိုင်းယ္ယာအလလ်ဖလာဟ်’သည် ကြားရသူအား ဖိတ်ခေါ်ခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအားအဖြေပေးခြင်းသည် ထိုစာသားအတိုင်း လိုက်ဆိုခြင်းမဟုတ်ဘဲ အမိန့်နာခံခြင်း၊ အပ်နှင်းခြင်းစသည့် အဓိပ္ပာယ်မျိုးပါဝင်သော စာသားတစ်ခုဖြင့်သာဖြစ်ရမည်။ ၎င်းသည် အဇာန်၏အခြားစာသားများဖြစ်သည့် (ရှဟာဒသိုင်းန်) သက်သေခံခြင်းနှစ်ခုနှင့် ချီးမွမ်းထောမနာပြုခြင်းတို့အား အဖြေပေးသကဲ့သို့ မဟုတ်ပေ။ ၎င်းတို့အား လိုက်ဆိုရသည်။ ကျေးကျွန်တစ်ဦးသည် ထိုသို့ပြုလုပ်ခဲ့ပါက ၎င်းသည် စစ်မှန်သောအီမာန်ယုံကြည်မှုနှင့် ပြီးပြည့်စုံသောအစ္စလာမ်ကိုရရှိမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ဂျန္နသ်သုခဘုံကို ရထိုက်သူဖြစ်သွားပေမည်။فوائد الحديث
မုအဇ္ဇင်န်၏အဇာန်ဖိတ်ခေါ်မှုကို အဖြေပေးရမည်။
‘အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် လိုက်ဆိုပါ’ဟူသည့်ကိုယ်တော်၏မိန့်ကြားချက်ကြောင့် မုအဇ္ဇင်န် အဇာန်ဆိုပြီးနောက် ချက်ချင်းအဖြေပေးရမည်ဖြစ်သည်။ သို့ဖြစ်၍ စကားလုံးတိုင်းကို အဖြေပေးရာတွင် မနှောင့်နှေးသင့်ဘဲ စကာလုံးတိုင်း၏နောက်တွင် ချက်ချင်းပင် အဖြေပေးရမည်ဖြစ်သည်။
အာဇာန်ကို လိုက်ဆိုခြင်း၏ထူးမြတ်မှုကို ဖော်ပြထားသည်။ ထိုသို့ဆိုခြင်းသည် ဂျန္နသ်သုခဘုံကို ဝင်ရောက်ခွင့်ရမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
‘မိမိ၏ နှလုံးသားအတွင်းမှ’ဟူသည့် ကိုယ်တော်၏မိန့်ကြားချက်သည် အိခ်လာဆ်ွရှိရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။ လူတစ်ဦး၏ရည်စူးချက်သည် အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်မှသာ ထိုကြီးကျယ်သည့် အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။
‘ဟိုင်းယ္ယာအလဆ်ွဆွလာဟ်နှင့် ဟိုင်းယ္ယာအလလ်ဖလာဟ်’ကို ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်’ဖြင့် အဖြေပေးရန်ရှင်းပြထားသည်။
မုအဇ္ဇင်န်အတွက် သက္ကဗီရ်နှစ်ခုစလုံးကို အသက်တစ်ရှူတည်းတွင်ဆိုခြင်း မွတ်စ်သဟဗ်ဖြစ်ကြောင်းညွှန်ပြထားသည်။