ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏…

ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကိုခွင့်လွှတ်တော်မူသောအရှင်၊ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မားတော်မူသော မိမိ၏အရှင်မြတ် ထံတော်မှတဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ထို့ကြောင့် ၎င်းသည် မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်ကျူးလွန်ခဲ့ပြီနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းထံတွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် ၎င်းအား အရေးယူတော်မူသောအရှင်ရှိကြောင်း သိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းထံတွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် ၎င်းအား အရေးယူတော်မူသောအရှင်ရှိကြောင်း သိရှိခဲ့သည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ငါ၏ကျွန်အား ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ၎င်းသည် မိမိအလိုရှိရာ အပြစ်တို့ကိုကျူးလွန်ပြီးနောက် စစ်မှန်သည့် သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်မှုကိုပြုလုပ်မည်ဆိုလျှင် ထိုသို့ အပြစ်ကျူးလွန်ပြီး အမှားဝန်ချတောင်းပန်မှု ပြုလုပ်နေသမျှကာလပတ်လုံး ငါအရှင်မြတ်သည် သူ့အား ခွင့်လွှတ်နေမည်ဖြစ်သည်။ ဧကန်အမှန်ပင် သောဝ်င်ဗဟ်အမှားဝန်ချတောင်းပန်မှုသည် ၎င်းမတိုင်ခင်က ကျူးလွန်ခဲ့သည့် အပြစ်အကုသိုလ်တို့အား ပယ်ဖျက်ပေးသည်။

فوائد الحديث

ထိုအရှင်မြတ်၏ကျွန်(လူသား)များက မိမိတို့၏အရှင်မြတ်လက်တော်၌ မိမိတို့၏(အရေးကိစ္စအဝဝအတွက်) သော့ချက်များရှိပြီး အရှင်မြတ် အလိုတော်ရှိပါက ခွင့်လွှတ်တော်မူပြီး အရှင်မြတ် အလိုတော်ရှိပါက အပြစ်ပေးတော်မူမည်ဖြစ်ကြောင်းကို ယုံကြည်နေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်လှသည့် ကျေးဇူးတော်နှင့်မဟာကရုဏာတော်သည် ၎င်းတို့အပေါ်တွင်ရှိနေမည်ဖြစ်သည်။

စစ်မှန်သည့် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုသည် အပြစ်အကုသိုလ်တို့ကို ပလပ်ပေးသည်။

အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်သူ၏ နှလုံးသားသည် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုကြောင့် သန့်ရှင်းနေပြီး မိမိအရှင်မြတ်၏ ခွင့်လွှတ်မှုကို မျှော်လင့်တောင့်တနေသည်။ ထို့ကြောင့် မိမိကိုယ်မိမိ ကောင်းမွန်အောင် ပြုပြင်ခြင်းနှင့် ကောင်းမှုများ ပြုလုပ်ခြင်းတို့ကို လျင်မြန်စွာပြုလုပ်သည်။ အကယ်၍ ပြစ်မှုကျူးလွန်မိလျှင်လည်း ထိုမကောင်းမှုအားဆက်လက် မကျူးလွန်တော့ဘဲ သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုဖြင့် မိမိကိုယ်မိမိ ပြန်လည်ပြုပြင်လိုက်သည်။

အကယ်၍ လူသားသည် အကုသိုလ်အား အခါတစ်ရာ သို့မဟုတ် ထို့ထက်မက ကျူးလွန်ခဲ့ပြီး အကြိမ်တိုင်းတွင် သောဝ်ဗဟ် ပြုခဲ့လျှင်လည်း ၎င်း၏သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုသည် လက်ခံခြင်းခံရပြီး ၎င်း၏အကုသိုလ်များပပျောက်သွားမည်ဖြစ်သည်။ အကယ်၍ ၎င်းသည် အပြစ်အကုသိုလ်များအားလုံးကျူးလွန်ပြီးနောက်မှ ထိုအပြစ်များအားလုံးအတွက် တစ်ကြိမ်တည်း သောင်ဝ်ဗဟ်ပြုလိုက်လျှင်လည်း ၎င်း၏သောင်ဝ်ဗဟ်သည်မှန်ကန်ပေသည်။

التصنيفات

ဇိက်ရ်၏ ထွတ်မြတ်မှုများ။