إعدادات العرض
အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။…
အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။
အဂတ်ရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗီတစ်ပါးဖြစ်သည်။ ၎င်းက ပြောပြခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ " အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။"
الترجمة
العربية বাংলা Bosanski English Español Indonesia Türkçe اردو 中文 हिन्दी Français Kurdî Português සිංහල Русский Kiswahili Tiếng Việt অসমীয়া ગુજરાતી Hausa Nederlands മലയാളം Română Magyar ქართული ಕನ್ನಡ Moore Svenska Македонски ไทย తెలుగు Українська मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Tagalog ភាសាខ្មែរ پښتو Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူအပေါင်းတို့အား သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (အလ္လာဟ်အရှင်မြတ်ထံ) ခွင့်လွှတ်မှုတောင်းခံခြင်းကို များမြောင်စွာ ပြုလုပ်ကြရန် အမိန့်ပေးတော်မူသည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း တစ်ရက်တွင် အကြိမ်တစ်ရာကျော် အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (ခွင့်လွှတ်မှုတောင်းခံခြင်း) ပြုလုပ်ကြောင်း မိန့်ကြားတော်မူသည်။ ကိုယ်တော်သည် ရှေ့ယခင်ပြုခဲ့သော အပြစ်များနှင့် နောင်ကျူးလွန်မည့် အပြစ်များ(ရှိခဲ့လျှင်ကို)ပင် အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူခြင်းခံရပြီးဖြစ်ပါလျက် ဤသို့ ပြုလုပ်တော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် စိုးမိုးနာခံမှု၏ ပြည့်စုံခြင်းနှင့် မိမိကိုယ်ကို နှိမ့်ချမှုအပြည့်အဝရှိခြင်းကို ဖော်ပြနေပေသည်။فوائد الحديث
၁။ လူတိုင်းသည် အီမာန်ယုံကြည်မှုတွင် မည်မျှပင် အဆင့်ရှိစေကာမူ၊ အလ္လာဟ်အရှင်မြတ်ထံတော်သို့ ဦးတည်ပြန်လှည့်ခြင်းနှင့် သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) အားဖြင့် မိမိ၏ ယုံကြည်မှုကို ပြည့်စုံစေရန် လိုအပ်သည်။ လူတိုင်းသည် အလ္လာဟ်အရှင်မြတ်၏ ရပိုင်ခွင့်များကို ဖြည့်ဆည်းရာတွင် လစ်ဟင်းမှုရှိကြသည်။ အရှင်မြတ် မိန့်ကြားတော်မူသည်မှာ "အို- အီမာန်ယုံကြည်သူအပေါင်းတို့... သင်တို့အားလုံး အလ္လာဟ်အရှင်မြတ်ထံတော်သို့ (သောင်ဗဟ်) အမှားဝန်ချတောင်းပန်ကြလေကုန်"။
၂။ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)၏ အမိန့်သည် အလွန်ကျယ်ပြန့်ပြီး၊ ဟရာမ်တရားမြစ်ထားသောအရာများနှင့် အပြစ်များကို ကျူးလွန်မိခြင်းမှ ဖြစ်စေ၊ ဝါဂျစ်ဗ်(မဖြစ်မနေ)လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရာတွင် လစ်ဟင်းခြင်းမှဖြစ်စေ သောင်ဗဟ် ပြုလုပ်ရသည်။
၃။ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) လက်ခံခြင်းခံရရန် အတွက် အစ်ခ်လားစ်ွ (အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ရည်စူးပြုလုပ်ခြင်း) သည် သတ်မှတ်ချက်တစ်ရပ် ဖြစ်သည်။ မည်သူမဆို အပြစ်တစ်ခုကို အလ္လာဟ်အရှင်မြတ်အတွက် မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် စွန့်လွှတ်ခဲ့လျှင် ၎င်းအား သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုလုပ်သူဟု မခေါ်ဆိုပေ။
၄။ အိမာမ်နဝဝီက ဆိုသည်မှာ - သောင်ဗဟ်ပြုလုပ်ခြင်းအတွက် စည်းကမ်းချက် သုံးချက် ရှိသည်။
၁။ အပြစ်မှ ရှောင်ကျဉ်ခြင်း။
၂။ အပြစ်ကျူးလွန်မိသည့်အတွက် ရှက်ရွံ့နောင်တရခြင်း။
၃။ ထိုအပြစ်ကို နောက်တစ်ဖန် ပြန်မကျူးလွန်ရန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချခြင်း။
(အထက်ဖော်ပြပါ အချက်သုံးချက်သည် အပြစ်သည် အလ္လာဟ်အရှင်မြတ်၏ ရပိုင်ခွင့်များထဲမှ တစ်ခုခုနှင့် သက်ဆိုင်သည့်အခါမျိုးတွင် ဖြစ်သည်။) အကယ်၍ အပြစ်သည် လူသားများ၏ ရပိုင်ခွင့်များနှင့် သက်ဆိုင်ခဲ့လျှင် သောင်ဗဟ် မှန်ကန်ရန်အတွက် ထိုရပိုင်ခွင့်ကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံရန် သို့မဟုတ် ပိုင်ရှင်ထံမှ (မိမိအား ခွင့်လွှတ်ကြောင်း သို့မဟုတ် အပြစ်မှ ကင်းလွတ်ခွင့်ရကြောင်း) ခွင့်လွှတ်မှု ရယူထားရန် လိုအပ်သည်။
၅။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အိစ်သိဂ်ဖာရ်ပြုလုပ်ခြင်း (ခွင့်လွတ်မှုတောင်းခံခြင်း) မှာ ကိုယ်တော်သည် အပြစ်များကျူးလွန်မိခြင်းကြောင့် အိစ်သိဂ်ဖာရ်ပြုလုပ်ခြင်းဖြစ်သည်ဟု မဆိုလိုကြောင်း သတိပြုသင့်သည်။ သို့သော် ကိုယ်တော်မြတ်သည် ကျေးကျွန်ဖြစ်မှု၏ အပြည့်စုံဆုံးအဆင့်သို့ ရောက်ရှိနေခြင်း၊ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၌ အမြဲနှစ်မြှုပ်နေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်သော ရပိုင်ခွင့်ကို အမြဲသတိရှိခြင်းနှင့် ကျေးကျွန်တစ်ဦးအနေဖြင့် မည်မျှပင် အရှင်မြတ်၏ နိအ်မသ်ကျေးဇူးတော်များကို ကျေးဇူး
တင်စကား ဆိုသည်ဖြစ်စေ ကျေးကျွန်ထံမှ ဖြစ်ပေါ်တတ်သော လစ်ဟင်းမှုကို သိရှိနားလည်ခြင်းတို့ကြောင့် ပြုလုပ်တော်မူခြင်းဖြစ်သည်။ ထို့ပြင် ယင်းသည် မိမိနောက်တွင်လာမည့် အွမ္မသ်နောက်လိုက်သားများအတွက် ရှရီအသ်တရားအဖြစ် ပြဌာန်းသတ်မှတ်ပေးရန်လည်း ဖြစ်သည်။ ဤအပြင် အခြားသော ဉာဏ်အမြော်
အမြင်များလည်း ရှိသေးသည်
