ဇိက်ရ်နှင့် ပတ်သက်၍ တမန်တော်မြတ် (ﷺ)၏ လမ်းညွှန်ချက်။

ဇိက်ရ်နှင့် ပတ်သက်၍ တမန်တော်မြတ် (ﷺ)၏ လမ်းညွှန်ချက်။

2- - "ကျွန်တော်မျိုး ရွတ်ဖတ်နိုင်မည့် ဇိကိရ်တစ်ခုကို သင်ကြားပေးတော်မူပါ။" တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- "သင်ဤသို့ ရွတ်ဖတ်လော့ - «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» (အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာ ဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာတစ်ခွင်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် အပြစ်အနာအဆာမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။)

3- အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ် လွန်သေဆုံးမည်မဟုတ်ပါ။ ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။

5- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)