إعدادات العرض
အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။…
အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ် လွန်သေဆုံးမည်မဟုတ်ပါ။ ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။
အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ် လွန်သေဆုံးမည်မဟုတ်ပါ။ ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Tiếng Việt অসমীয়া Kiswahili Nederlands සිංහල ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонски ភាសាខ្មែរ Українська ਪੰਜਾਬੀ پښتو Wolof Moore Svenska മലയാളം ಕನ್ನಡ தமிழ் Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမြဲတောင်းခဲ့သည့် ဒုအာတစ်ခုမှာ—(اللهم لك أسلمت) အို- အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အပ်နှင်းနာခံပါသည်။ (وبك آمنت) အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ ဝန်ခံအတည်ပြုခဲ့ပါသည်။ ထောက်ခံယုံကြည်ခဲ့ပါသည်။ (وعليك توكلت) အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ထံသာ အပ်နှံပါသည်၊ အရှင်မြတ်ကိုသာ အားကိုးရာအဖြစ် ထားရှိပါသည်။ (وإليك أنبت) အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ (وبك خاصمت) အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ (اللهم إني أعوذ)အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ (لا إله إلا أنت) အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်မှတစ်ပါး မှန်ကန်သော ကိုးကွယ်ရာအရှင်ဟူ၍ မရှိပါ။ (أنت الحي الذي لا يموت) အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ်လွန်သေဆုံးမည်မဟုတ်ပါ။ ပျက်စီးခြင်းလည်းရှိမည်မဟုတ်ပါ။ (والجن والإنس يموتون) ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။فوائد الحديث
၁။ လိုအပ်ချက်များကို တောင်းဆုပန်သည့်အချိန်၌ (အလ္လာဟ်အရှင်မြတ်အား) ချီးမွမ်းထောမနာပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်ခြင်း။
၂။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ယုံပုံအားကိုးရန်နှင့် အရှင်မြတ်ထံမှသာ စောင့်
ရှောက်မှုကိုတောင်းခံရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆို သော် အရှင်မြတ်သည် ဂုဏ်တော်များ၏ ပြီးပြည့်စုံခြင်းကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ သို့ဖြစ်၍ အရှင်မြတ်တစ်ပါးတည်းသာလျှင် အားကိုးထိုက်သောအရှင်ဖြစ်ပြီး၊ အဖန်ဆင်းခံအပေါင်းတို့မှာ မတတ်စွမ်းနိုင်ကြသော၊ သေခြင်းတရားသို့ ရောက်ရှိကြရကုန်သော သတ္တဝါများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အားကိုးထိုက်သူများ မဟုတ်ကြပေ။
၃။ ဤပြီးပြည့်စုံလင်သော၊ စစ်မှန်သော အီမာန်သက်ဝင်ယုံကြည်မှုနှင့် အနက်ရှိုင်းဆုံးသော ယုံကြည်စိတ်ချမှုကို ဖော်ပြသည့် စကားလုံးများဖြင့် ဒုအာဆုတောင်းရာတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား နမူနာယူရမည်။
၄။ အိမာမ်ဆင်ဒီက မိန့်ကြားသည်- ကိုယ်တော်မြတ်၏ ဒုအာတွင်ပါရှိသော (အန်သလ်ဟိုင်ယ်)“အရှင်မြတ်သည် ထာဝရရှင်သန်နေတော်မူသော အရှင်ဖြစ်ပါ၏” - စကား၏ အလိုသဘောမှာ အရှင်မြတ်သည်သာ ခိုလှုံရန်သင့်လျော်သောအရှင် ဖြစ်ပြီး၊ အရှင်မြတ်မှအပ အခြားမည်သူ့ထံမှ ခိုလှုံရန်မသင့်ပါ ဟူ၍ဖြစ်သည်။
