إعدادات العرض
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore or Kurdî Soomaali Français Wolof Azərbaycan Tagalog Українська தமிழ் bm Deutsch ქართული Português Македонски Magyar فارسی Русский 中文 ភាសាខ្មែរ አማርኛ Malagasy Oromoo ไทยالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လောကီ၏မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် ငရဲမီး၏ အပူရှိန်သည် လောကီမီးထက် အဆပေါင်း (၆၉)ဆ ပို၍ပြင်းထန်ပြီး တစ်ဆတိုင်းသည် လောကီမီး၏အပူရှိန်နှင့်ညီမျှသည်။ ထိုအခါ ကိုယ်တော့်အား အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤလောက၏မီးဖြင့်ပင် ပြစ်ဒဏ်ခတ်ရန်လုံလောက်ပါသည်ဟု လျှောက်ထားခဲ့ကြရာ ကိုယ်တော်က ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည် လောကီမီးထက် အဆပေါင်း(၆၉)ဆ သာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီး၏ အပူရှိန်နှင့်ညီမျှသည်ဟု မိန့်ကြားတော်မူခဲ့သည်။فوائد الحديث
ဂျဟန္နမ်သို့ ကျရောက်စေမည့်ကိစ္စများမှ ရှောင်ကြဉ်နိုင်ကြစေရန်အတွက် ဂျဟန္နမ်ငရဲမီးဖြင့် သတိပေးခြိမ်းခြောက်ထားသည်။
ဂျဟန္နမ်ငရဲမီးနှင့် ၎င်း၏ပြစ်ဒဏ်သည် အလွန်ပင် ကြီးမားပြီး ထိုမီး၏အပူရှိန်သည် အလွန်ပင်ပြင်းထန်ကြောင်း ဖော်ပြထားသည်။