إعدادات العرض
ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို…
ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်။ ၎င်းက ဤသည် ဂျန္နသ်သုခဘုံဖြစ်သည်ဟု ပြောဆိုသောအရာသည် အမှန်တကယ်တွင် ဂျဟန္နမ်ငရဲမီးပင်ဖြစ်သည်။ နဗီတမန်တော်နူးဟ် (အလိုင်းဟိစ္စလာမ်)သည် မိမိအမျိုးသားများကို ၎င်းနှင့်ပတ်သက်၍ သတိပေးနှိုးဆော်သည့်အတိုင်း ငါကိုယ်တော်သည် အသင်တို့အား သတိပေးနှိုးဆော်တော်မူသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Українська Magyar Македонски Lietuvių Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအလျင် မည်သည့်နဗီတမန်တော်မျှ မပြောခဲ့သော ဒဂျ်ဂျာလ်၏ သွင်ပြင်လက္ခဏာများကို မိမိသာဝကများအား မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အနက် အချို့မှာ ၎င်းသည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူနှင့်အတူ မျက်စိအမြင်အရ ဂျန္နသ်နှင့် ငရဲမီးကဲ့သို့သောအရာကို ဖန်ဆင်းပေးထားတော်မူသည်။ သို့သော် ထိုဂျန္နသ်သည် အမှန်တကယ်တွင် ငရဲမီးဖြစ်ပြီး၊ ငရဲမီးသည် အမှန်တကယ်တွင် ဂျန္နသ်ဖြစ်သည်။ မည်သူမဆို ၎င်း၏အမိန့်ကို နာခံပါက ထိုသူအား လူတို့မြင်နေရသည် ဂျန္နသ်ထဲသို့ ထည့်သွင်းမည်ဖြစ်သည်။ သို့သော် ၎င်းသည် ပူလောင်သောငရဲမီးပင်ဖြစ်သည်။ ထို့အတူ မည်သူမဆို ၎င်း၏အမိန့်ကို ဖီဆန်ပါက ထိုသူအား လူတို့မြင်နေရသည် ငရဲမီးထဲသို့ ထည့်သွင်းမည်ဖြစ်သည်။ သို့သော် ၎င်းသည် သန့်ပြန့်သော ဂျန္နသ်ပင်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နူးဟ်(အလိုင်းဟိစ္စလာမ်)က မိမိအမျိုးသားများကို သတိပေးနှိုးဆော်ခဲ့သည့်အတိုင်း ဒဂျ်ဂျာလ်၏ ဘေးအန္တရာယ်မှ ကျွန်ုပ်တို့အား သတိပေးနှိုးဆော်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နူးဟ်(အလိုင်းဟိစ္စလာမ်)က မိမိအမျိုးသားများကို သတိပေးနှိုးဆော်ခဲ့သည့်အတိုင်း ဒဂျ်ဂျာလ်၏ ဘေးအန္တရာယ်မှ ကျွန်ုပ်တို့အား သတိပေးနှိုးဆော်တော်မူခဲ့သည်။فوائد الحديث
ဂျာလ်၏ ဘေးအန္တရာယ်မှာ အလွန်ကြီးမားသည်။
စစ်မှန်သည့် အီမာန်ယုံကြည်မှု၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံခြင်း၊ ဆွလာသ်၌ နောက်ဆုံးကိုင်ဒဟ်၌ ဒဂ်ျဂျာလ်၏ဘေးအန္တရာယ်မှ ကင်းဝေးရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ ခိုလှုံမှုတောင်းခံခြင်း၊ စူရဟ် ကဟ်ဖ်၏ ပထမအာယသ်တော် (၁၀)ပိုဒ်ကို ကျက်မှတ်ထားခြင်းဖြင့်သာ ဒဂ်ျဂျာလ်၏ ဘေးအန္တရာယ်မှ လွတ်မြောက်မှုရရှိနိုင်မည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိအွမ္မသ်သားများအပေါ် အလွန်ပင်ကရုဏာထားတော်မူသည်။ ကိုယ်တော်သည် မိမိအလျင်က မည်သည့်နဗီတမန်တော်မျှ မဖော်ပြခဲ့သော ဒဂ်ျဂျာလ်၏လက္ခဏာများကို မွတ်စ်လင်မ်တို့အား ရှင်းပြတော်မူခဲ့သည်။
