ကိယာမသ်၏ နိမိတ်လက္ခဏာများ။

ကိယာမသ်၏ နိမိတ်လက္ခဏာများ။

2- ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်

4- ဤအရေးကိစ္စ (အစ္စလာမ်သာသနာ) သည် ညနှင့်နေ့ ရောက်ရှိသော နေရာတိုင်း( တစ်ကမ္ဘာလုံး )သို့ မုချဧကန် ရောက်ရှိသွားလိမ့်မည်။ ရွံ့စေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ၊ သိုးမွေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ( တစ်နည်း မြို့တွင် နေသူဖြစ်စေ၊ တောရွာတွင် နေသူဖြစ်စေ) အလ္လာဟ်အရှင်မြတ်သည် ဤအစ္စလာမ်သာသနာကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ