إعدادات العرض
မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။"…
မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။" အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။
အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။" အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။
الترجمة
العربية Bosanski English فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Español Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands Hausa മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ বাংলা Malagasy Українська Tagalog ភាសាខ្មែរ ಕನ್ನಡ پښتو Svenska Wolof नेपाली Shqip Српскиالشرح
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ- မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် မစီဟ်ဒဂျ်ဂျာလ်၏ ဖိသ်နဟ် (ဖျားယောင်းသွေးဆောင်မှု) မှ ကာကွယ်ခြင်းခံရမည်။ ၎င်းသည် နောက်ဆုံးခောတ်ကာလတွင် ပေါ်ထွက်လာမည်ဖြစ်ပြီး ကိုးကွယ်ရာအရှင်ဖြစ်ကြောင်း ကြွေးကြော်လိမ့်မည်။ ၎င်း၏ ဖိသ်နဟ်သည် လူသားမျိုးနွယ် ဖန်ဆင်းခြင်းခံရသည့်အချိန်မှစ၍ ကိယာမသ်ဖြစ်မည့်အချိန်အထိ ကမ္ဘာပေါ်တွင် ကြုံတွေ့ရမည့် အကြီးမားဆုံးသော ဖိသ်နဟ်စမ်းသပ်မှုဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သာမန်လူတို့၏ နားလည်မှုကို ကျော်လွန်သည့် တန်ခိုးများ ပေးသနားတော်မူမည်၊ ထိုတန်ခိုးများဖြင့် သူသည် လူတို့အား လမ်းမှားသို့ ဦးတည်စေမည်။ စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားခြင်းဖြင့် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုမှ ကာကွယ်မှုရရှိခြင်းမှာ၊ ထိုအာယတ်တော်များတွင် ဒဂျ်ဂျာလ်၏ တန်ခိုးများထက် ပိုမိုကြီးမြတ်သည့် အံ့ဖွယ်ရာများနှင့် သက်သေလက္ခဏာ တော်များ ပါရှိသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ထိုအာယတ်တော်များ၏ အနက်အဓိပ္ပာယ်ကို သေချာစဉ်းစားဆင်ခြင်ပါက၊ သူသည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို လက်ခံလိမ့်မည် မဟုတ်ပေ။ အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။ ၎င်းမှာ "{أفحسب الذين كفروا أن يتخذوا…} " ဟူသောအာယသ်မှစ၍ စူရဟ်အဆုံးထိဖြစ်သည်။فوائد الحديث
၁။ စူရဟ်ကဟဖ်၏ ထူးမြတ်မှုကို ဖော်ပြထားပြီး ၎င်း၏အစပိုင်း သို့မဟုတ် အဆုံးပိုင်းများသည် ဒဂျ်ဂျာလ်၏ဖျားယောင်းမှုမှ ကာကွယ်ပေးကြောင်း ဖော်ပြထားခြင်း။
၂။ ဒဂျ်ဂျာလ် ထွက်ပေါ်မည့်အကြောင်းနှင့် ၎င်းမှကာကွယ်နည်းကို အသိပေးတင်ပြထားခြင်း။
၃။ စူရဟ်ကဟဖ်တစ်ပုဒ်လုံးကို ကျက်မှတ်ထားရန် တိုက်တွန်းခြင်းနှင့် တစ်ပုဒ်လုံးကျက်မှတ်ရန် မတတ်စွမ်းနိုင်ပါက အနည်းဆုံး အစ ဆယ်အာယသ်နှင့် နောက်ဆုံး အာယသ်စီကို ကျက်မှတ်ထားရန် တိုက်တွန်းခြင်း။
၄။ အိမာမ်ကုရ်သုဗီက ဆိုသည်မှာ - ၎င်း၏ အကြောင်း
ရင်းနှင့်ပတ်သတ်၍ အချို့က "ကဟဖ် ဂူတွင်းသားများ၏ ဖြစ်ရပ်တွင် အံ့ဖွယ်ရာများနှင့် သက်သေလက္ခဏာများ များစွာပါရှိသည့်အတွက် ဖြစ်သည်ဟုဆိုကြသည်။ မည်သူမဆို ဤဖြစ်ရပ်ကို ကောင်းစွာနားလည်ပါက၊ ဒဂျ်ဂျာလ်၏ ဖိသ်နဟ်အား အံ့အားသင့်မည်မဟုတ်သလို ယင်းဖိသ်နဟ်သည် ၎င်းအား ထိတ်လန့်ကြောက်ရွံ့စေမည်လည်းမဟုတ်ပေ။ ထို့ပြင် ဒဂျ်ဂျာလ်၏ စမ်းသပ်မှုကို ခံရလိမ့်မည်မဟုတ်ပေ။" အချို့က ဤသို့ဆိုသည် - "အကြောင်း
ရင်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်: {لينذر بأسًا شديدًا من لدنه} (အရှင်မြတ်ထံမှ ပြင်းထန်သော ပြစ်ဒဏ်အကြောင်း သတိပေးရန်) ကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ပြစ်ဒဏ်သည် အလွန်ပြင်းထန်ပြီး အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းသည် ဒဂျ်ဂျာလ်၏ ကိုးကွယ်အရှင်ဖြစ်ကြောင်း ကြွေးကြော်ခြင်း၊ သူ၏ လွှမ်းမိုးမှုနှင့် ကြီးမားသော ဖျားယောင်းသွေးဆောင်မှုနှင့် လျော်ညီပေသည်။ ထို့ကြောင့် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို ကြီးမားသော စမ်းသပ်မှုအဖြစ် ဖော်ပြခဲ့ပြီး၊ ၎င်းနှင့်ပတ်သတ်၍ သတိပေးခဲ့ပြီး၊ အရှင်မြတ်ထံ ကိုယ်တိုင် ခိုလှုံမှုတောင်းခံခဲ့ပြီး၊ ထိုမှ ခိုလှုံခွင့်တောင်းရန် ညွှန်ကြားခဲ့သည်။ ဤဟဒီးစ်၏ အဓိပ္ပာယ်မှာ: "မည်သူမဆို ဤအာယတ်တော်များကို ဖတ်ရှု့ဆင်ခြင်၍ ၎င်းအာယသ်တော်များ၏ အဓိပ္ပာယ်ကို ကောင်းစွာနားလည်ပါက၊ သူသည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို သတိထားနိုင်ပြီး၊ ၎င်း၏ ရန်မှ လွတ်ကင်းချမ်းသာနိုင်မည်ဖြစ်သည်။
