“ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ နောက်ဆုံး…

“ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ နောက်ဆုံး အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာအကွယ်အောက်သို့ ထားတော်မူမည်။ ထို့နောက် သူ၏အပြစ်များကို ဝန်ခံစေတော်မူပြီး

ဆွဖ်ဝါန် ဗင်န် မုဟ်ရိဇ်မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောသည်မှာ- လူတစ်ဦးက အိဗ်နုအုမရ် (ရဿွိလ္လဟုအလ္လာဟ်အန်ဟုမာ ) အား မေးမြန်းခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို "နဂျ်ဝါ" (ကွယ်ရာတွင်စကားပြောခြင်း) နှင့်ပတ်သက်၍ မည်သို့ မိန့်ကြားသည်ကို သင့်အနေဖြင့် ကြားသိခဲ့ရသနည်း။ ထိုအခါ အိဗ်နုအုမရ်က ဖြေကြားခဲ့သည်မှာ- ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားသိခဲ့ရသည်- “ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ နောက်ဆုံး အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာအကွယ်အောက်သို့ ထားတော်မူမည်။ ထို့နောက် သူ၏အပြစ်များကို ဝန်ခံစေတော်မူပြီး ‘ဤအပြစ်ကို သင်မှတ်မိသလောဟု မေးမြန်းတော်မူမည်။ ထို(မုအ်မင်န်ယုံကြည်) သူက ‘အိုကျွန်တော်မျိုး၏အရှင်၊ ကျွန်တော်မျိုး မှတ်မိပါ၏’ ဟုလျှောက်ထားလိမ့်မည်။ အလ္လာဟ်အရှင်မြတ်က ‘ငါအရှင်မြတ်သည် လောကီ၌ ထိုအပြစ်များအား သင့်အ‌ပေါ်၌ ဖုံးကွယ်ပေးတော်မူခဲ့ပြီး ယနေ့ငါအရှင်မြတ်သည် သင့်အတွက် ထိုအပြစ်များကို ခွင့်လွှတ်တော်မူမည်’ ဟု မိန့်ကြားတော်မူမည်။ ထို့နောက် သူ၏ ကောင်းမှုများမှတ်တမ်းကို သူ့ထံပေးအပ်တော်မူမည်။ သို့ရာတွင် ကာဖိရ်များနှင့် မုနာဖိက်များမှာမူကား အဖန်ဆင်ခံအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့အား 'ဤသူများသည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလိမ်လည်စွပ်စွဲခဲ့ကြသောသူများပင် ဖြစ်ကြသည်' ဟု ကြွေးကြော်ခြင်းခံကြရမည်။"

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမတ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်အား လျှို့ဝှက်စွာစကားပြောဆိုတော်မူမည့်အကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာ အကွယ်အောက်သို့ ထားတော်မူမည်။ ထိုသို့အားဖြင့် အခြားသူများက သူ၏လျှို့ဝှက်ချက်များကို မသိရှိနိုင်စေရန် ဖြစ်သည်။ ထို့နောက် အရှင်မြတ်က ၎င်းအား မိန့်တော်မူမည်မှာ- အသင် ဤသို့ အပြစ်၊ ဤသို့ အပြစ်များကို သိပါသလော။ ထို့နောက် ဗန္ဒဟ်ကျေးကျွန်နှင့် မိမိ၏ အရှင်သ ခင်ကြားလျှို့ဝှက်ကျူးလွန်ခဲ့သည့် အပြစ်များကို တစ်ခုပြီးတစ်ခု ဝန်ခံစေမည်။ ထိုအခါ ၎င်းက 'ဟုတ်ပါသည်၊ အို- ကျွန်တော်မျိုး၏အရှင်၊ ကျွန်တော်မျိုး မှတ်မိပါသည်' ဟု ဝန်ခံပြောဆိုမည်။ နောက်ဆုံး မုအ်မင်န်သက်ဝင်ယုံကြည်သူသည် ကြောက်လန့်တကြားဖြစ်နေချိန်တွင် ကရုဏာတော်ရှင်က ‘ငါအရှင်မြတ်သည် လောကီ၌ ထိုအပြစ်များအား သင့်အ‌ပေါ်၌ ဖုံးကွယ်ပေးတော်မူခဲ့ပြီး ယနေ့ငါအရှင်မြတ်သည် သင့်အတွက် ထိုအပြစ်များကို ခွင့်လွှတ်တော်မူမည်’ ဟု မိန့်ကြားတော်မူမည်။ ထို့နောက် သူ၏ ကောင်းမှုများမှတ်တမ်းကို သူ့ထံပေးအပ်တော်မူမည်။ သို့ရာတွင် ကာဖိရ်များနှင့် မုနာဖိက်များမှာမူကား အဖန်ဆင်ခံအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့အား 'ဤသူများသည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလိမ်လည်စွပ်စွဲခဲ့ကြသောသူများပင် ဖြစ်ကြသည်' ဟု ကြွေးကြော်ခြင်းခံကြရမည်။ သတိပြုကြလော့၊ မတရားသူတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ပြစ်တင်ကျိန်ဆဲခြင်း ရှိပါစေသတည်း။

فوائد الحديث

မုအ်မင်န်သက်ဝင်ယုံကြည်သူများအဖို့ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်မှာ လောကီဘဝနှင့် နောင်တမလွန်ဘဝတွင် ၎င်းတို့၏ အပြစ်များကို ဖုံးကွယ်ပေးခြင်းဖြစ်သည်။

မွတ်စ်လင်မ်တစ်ဦး၏အပြစ်ကို တတ်နိုင်သမျှဖုံးကွယ်ပေးထားရန် တိုက်တွန်းနှိုး‌ဆော်ထားခြင်း။

ဗန္ဒဟ်ကျေးကျွန်တို့၏ လုပ်ရပ်အားလုံးကို အလ္လာဟ်အရှင်မြတ်က ရေတွက်မှတ်တမ်းတင်ထားသည်။ မည်သူမဆို (မိမိ၏လုပ်ရပ်များ၌)ကောင်းမှုကို တွေ့ရှိပါက အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ခြင်းအားဖြင့် ချီးမွမ်းထောပနာပြုရမည်။ ၎င်းနှင့်ဆန့်ကျင်ဘက် မကောင်းမှုများကို တွေ့ရှိပါက မိမိကိုယ်ကိုသာ အပြစ်တင်ရမည်။ ထို့နောက် ထိုသူ(နှင့်ပတ်သတ်၍ အဆုံးအဖြတ်)သည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အောက်၌ ရှိသည်။

အိဗ်နုဟဂျရ်က ဤသို့ဆိုခဲ့သည်- ဟဒီးစ်တော်များအား စုစည်းလေ့လာသုံးသပ်ချက်အရ ကိယာမတ်နေ့တွင် အပြစ်ရှိသည့် မုအ်မင်န်ယုံကြည်သူများအား အောက်ပါအတိုင်း အမျိုးအစားနှစ်မျိုးခွဲခြားနိုင်သည်-

၁။ သူ၏အပြစ်သည် သူနှင့် သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်ကြား၌သာ ဖြစ်သော သူများ။ - အိဗ်နုအုမရ်၏ ဟဒီးစ်တော်အရ ဤအုပ်စုသည် နှစ်မျိုးနှစ်စားထပ်ကွဲသည်-

( ၁ ) လောကီဘဝတွင် ထိုအပြစ်ကို ဖုံးကွယ်ခဲ့သူများ- ဤသူများကို ကိယာမတ်နေ့တွင်လည်း အရှင်မြတ်က ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ပေးမည်ဖြစ်ကြောင်း အထက်ပါဟဒီးစ်တော်တွင် တိုက်ရိုက်ဖော်ပြထားသည်။

( ၂ ) လောကီဘဝတွင် ထိုအပြစ်ကို ပေါ်‌ပေါ်ထင်ထင်ကျူးလွန်ခဲ့သူများ- ဟဒီးစ်တော်၏ (မဖ်ဟူမ်) အလိုသဘောအရ ဤအုပ်စုသည် ဆန့်ကျင်ဘက်အခြေအနေကို ရောက်ရှိမည်ဖြစ်သည်။

၂။ သူ၏အပြစ်သည် သူနှင့် အခြားကျေးကျွန်တစ်ဦးကြား၌ ဖြစ်သောသူများ။ ဤသူများလည်း နှစ်မျိုးထပ်ကွဲသည်-

( ၁ ) မိမိ၏

မကောင်းမှုများသည် ကောင်းမှုများထက် အလေး

သာသွားသောသူများ- ဤသူများသည် ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ ထို့နောက် ရှဖာအသ်ကြားဝင်အသနားခံပေးမှုဖြင့် (ဂျဟန္နမ်ငရဲမှ ) ထွက်ခွာရမည်။

( ၂ ) မိမိ၏မ

ကောင်းမှုများနှင့် ကောင်းမှုများသည် အလေးချိန်ညီမျှသောသူများ- ဤသူများသည် ၎င်းတို့အချင်းချင်းကြား ကျေနပ်ကျေအေးခြင်း (အခွင့်အရေးတောင်းခံခြင်းနှင့် တရားမျှတမှုရယူခြင်း) ပြုပြီးမှသာလျှင် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

التصنيفات

နောက်ဆုံးနေ့အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။