إعدادات العرض
အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဧကန်အမှန်…
အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဧကန်အမှန် ၎င်းရေကန်၏ရေခွက်များသည် မှောင်မိုက်၍ တိမ်ကင်းစင်သည့်ည၌ မိုးကောင်းကင်ရှိ ကြယ်များ၊ ဂြိုဟ်များထက်ပင် ပို၍များပြားသည်။
အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကောင်ဆရ်ရေကန်၏ ရေခွက်မှာအဘယ်သို့ပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဧကန်အမှန် ၎င်းရေကန်၏ရေခွက်များသည် မှောင်မိုက်၍ တိမ်ကင်းစင်သည့်ည၌ မိုးကောင်းကင်ရှိ ကြယ်များ၊ ဂြိုဟ်များထက်ပင် ပို၍များပြားသည်။ ထိုရေခွက်များသည် ဂျန္နသ်သုခဘုံ၏ ရေခွက်များဖြစ်ကြပြီး ထိုခွက်မှသောက်သုံးလိုက်သူသည် မည်သည့်အခါတွင်မျှ ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ ၎င်းရေကန်မှရေကို သောက်လိုက်သူသည် မည်သည့်အခါမှ ရေငတ်မည်မဟုတ်တော့ပေ။ ထိုကန်၏အနံနှင့် အလျားသည် တူညီပြီး အမ္မာန်မှ အိုင်လဟ်ဒေသနှစ်ခုကြား အကွာအဝေးမျှ ကျယ်ဝန်းသည်။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ပျားရည်ထက်ပို၍ချိုမြသည်။
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Wolof Soomaali Français Azərbaycan Tagalog Українська தமிழ் Bambara ქართული Deutsch Português Македонски Magyar فارسی Русский 中文 ភាសាខ្មែរ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Türkçe Lingala Italiano አማርኛالشرح
ကိယာမသ်နေ့တွင် ကောင်ဆရ် ရေကန်၌ရှိသော ရေခွက်များ၏ အရေအတွက်သည် လမိုက်ညတွင် ထွက်ပေါ်နေသည့် မိုးကောင်းကင်ရှိကြယ်များ၊ ဂြိုဟ်များ၏ အရေအတွက်ထက်ပင် ပို၍များပြားကြောင်းတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကကျိန်ဆို၍ မိန့်ကြားတော်မူခဲ့သည်။ လမိုက်ညဟုဆိုရခြင်းမှာ လသာသောညတွင် ကြယ်များသည်လ၏အလင်းရောင်ကြောင့် ဖုံးကွယ်လျက်ရှိပြီး ရှင်းလင်းထင်ရှားစွာ မမြင်ရပေ။ထို့အပြင် သြဝါဒတော်၌ ထိုညကို တိမ်ကင်းစင်သောညဟူ၍ မိန့်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် တိမ်ရှိလျှင် ကြယ်များကို မြင်တွေ့နိုင်ရန်အတားအဆီးဖြစ်သောကြောင့် ဖြစ်သည်။ ထိုခွက်များသည် ဂျန္နသ်သုခဘုံ၏ ရေခွက်များဖြစ်ပြီး ထိုခွက်မှသောက်သုံးလိုက်သူသည် မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကို မသောက်မီအလျင်က ခံစားခဲ့ရသောရေငတ်ခြင်းသည် နောက်ဆုံးရေငတ်ခြင်းပင်ဖြစ်သည်။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ထိုရေကန်၏ အလျား၊ အနံတူညီပြီး အနားပတ်လည် တူညီသည်။ ရေကန်၏ အလျားသည် ရှားမ်နိုင်ငံ ဗလ်ကာအ်တွင်ရှိသည့် အမ္မာန်မြို့နှင့် ရှားမ်၏ အစွန်အဖျား ပင်လယ်ကမ်းခြေရှိ ကျော်ကြားလှသည့်မြို့ဖြစ်သည့် အိုင်လဟ်ကြားအကွာအဝေးမျှ ကျယ်ဝန်းသည်။ ရေကန်၏ ရေသည်နို့ထက်ပို၍ဖြူပြီး ၎င်း၏အရသာသည် ပျားရည်ထက်ပို၍ ချိုမြသည်။فوائد الحديث
ကောင်ဆရ်ရေကန်နှင့် ထိုရေကန်ရှိ အမျိုးမျိုးသော နိအ်မသ် စည်းစိမ်များအကြောင်းကို အတည်ပြုတင်ပြထားသည်။
ရေကန်၏ကြီးကျယ်မှု၊ ၎င်း၏ အလျား၊အနံနှင့် ထိုရေကန်၌ ရေခွက်အများအပြားရှိကြောင်းကို ဖော်ပြထားသည်။