إعدادات العرض
အချိန်ကာလနီးကပ်(တိုတောင်း)မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။
အချိန်ကာလနီးကပ်(တိုတောင်း)မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အချိန်ကာလနီးကပ်(တိုတောင်း)မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ တစ်နှစ်သည် တစ်လကဲ့သို့၊ တစ်လသည် တစ်ပတ်ကဲ့သို့၊ တစ်ပတ်သည် တစ်ရက်ကဲ့သို့၊ တစ်ရက်သည် တစ်နာရီကဲ့သို့၊ တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသည့် အချိန်အတိုင်းအတာကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။]
الترجمة
العربية English Svenska Čeština ગુજરાતી አማርኛ Yorùbá اردو Bahasa Indonesia ئۇيغۇرچە සිංහල हिन्दी Hausa Kiswahili ไทย پښتو অসমীয়া دری Кыргызча or Türkçe Tiếng Việt नेपाली Malagasy Kinyarwanda తెలుగు Bosanski Lietuvių Oromoo Română മലയാളം Nederlands Soomaali Српски Kurdî Українська Deutsch ಕನ್ನಡ Wolof Mooreالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကိယာမသ်၏နိမိတ်လက္ခဏာတစ်ခုကို အသိပေးမိန့်ကြားခဲ့သည်။၎င်းမှာ အရာရာတိုင်းမှ ဗရ်ကသ် မင်္ဂလာရုပ်သိမ်းခံရခြင်းဖြစ်ပြီး ယုတ်စွအဆုံး အချိန်ကာလ၌ပင် ဗရ်ကသ် မင်္ဂလာမရှိတော့ခြင်း သို့မဟုတ် လျင်မြန်စွာကုန်ဆုံးသွားခြင်းဖြစ်လာလိမ့်မည်။ သာသနာ့ပညာရှင်များက အချိန်ကာလ တိုတောင်းခြင်းနှင့် ပတ်သက်၍ ထိုနှစ်ချက်စလုံး ဖြစ်နိုင်ချေရှိကြောင်း တင်ပြခဲ့ကြသည်။ ဤဟဒီးဆ်တော်တွင် ဖော်ပြထားသော ပမာခိုင်းနှိုင်းမှုသည် ထိုနှစ်ချက်စလုံးအတွက် ဖြစ်နိုင်သည်။ တစ်ဆယ့်နှစ်လရှိသောတစ်နှစ်သည်တစ်လကဲ့သို့၊ ရက်သုံးဆယ် သို့မဟုတ် နှစ်ဆယ့်ကိုးရက်ရှိသော တစ်လသည် တစ်ပတ်ကဲ့သို့ ကုန်ဆုံးသွားလိမ့်မည်။ ခုနှစ်ရက်ရှိသော ဂျုမုအဟ်တစ်ပတ်သည် တစ်ရက်ကဲ့သို့ ကုန်ဆုံးသွားလိမ့်မည်။ ထိုကဲ့သို့ပင် တစ်ရက်သည် တစ်နာရီကဲ့သို့ ကုန်လွန်သွားမည်ဖြစ်ပြီး တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသကဲ့သို့ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားမည်ဖြစ်သည်။فوائد الحديث
ကိယာမသ်၏ နိမိတ်လက္ခဏာအချို့ကို အသိပေးတင်ပြထားသည်။
နောက်ဆုံးခေတ်သမယတွင် အချိန်၌ ဗရ်ကသ် ရုပ်သိမ်းခြင်းခံရမည်။
အရာရာတိုင်းတွင် ဗရ်ကသ် မင်္ဂလာချီးမြင့်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ ဆုတောင်းရမည်။
အနီးစပ်ဆုံး နားလည်စေရန် ဥပမာပေး၍ ရှင်းလင်းတင်ပြခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ လမ်းစဉ်တစ်ရပ်ပင်ဖြစ်သည်။
التصنيفات
ဗရ်ဇတ်ခ် ကြားစခန်း၌ ရှင်သန်ခြင်း။