إعدادات العرض
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။…
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း" ဟု မေးမြန်းတော်မူခဲ့သည်။ ထိုသူက "ကျွန်တော်မျိုးသည် ယင်းအတွက် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်အား ချစ်မြတ်နိုးခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ပြင်ဆင်ထားခြင်းမရှိပါ''ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ 'သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်' ဟူသော မိန့်ကြားချက်ထက် ပို၍ ဝမ်းမြောက်ဖွယ်ရာ အခြားအရာကို မကြားခဲ့ဖူးပါ" ဟု ဆိုခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးပါ သည်။ ကျွန်ုပ်သည် ထိုသူတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်တူညီသော အမလ်များကို မပြုလုပ်နိုင်စေကာမူ၊ သူတို့အား ချစ်မြတ်နိုးခြင်းကြောင့် ကျွန်ုပ်သည် သူတို့နှင့်အတူ (ဂျန္နသ်တွင်) ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်''ဟု ပြောကြားခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Kiswahili Português অসমীয়া ગુજરાતી Nederlands नेपाली پښتو Svenska دری Hausa മലയാളം Кыргызча Română తెలుగు ಕನ್ನಡ Српски ქართული Moore Kinyarwanda Magyar Македонски Čeština Azərbaycan Lietuvių Українська Wolof Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ አማርኛ Deutsch ភាសាខ្មែរ Shqip தமிழ்الشرح
ကဏ္တာရတွင်နေထိုင်သော ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကိယာမသ်ဖြစ်မည့်အချိန်နှင့် ပတ်သတ်၍ လျှောက် ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က သူ့အား "အသင်သည် ယင်းကိယာမသ်နေ့အတွက် မည်သည့်ကောင်းမှုကုသိုလ်များ ပြင်ဆင်ထားသနည်း" ဟု ပြန်လည်မေးမြန်းတော်မူခဲ့သည်။ ထိုအခါ မေးမြန်းသူက ကျွန်တော်မျိုးသည် ယင်းအတွက် ကြီးကျယ်သည့် ပြင်ဆင်မှုများ မပြုလုပ်ထားပါ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား ချစ်မြတ်နိုးတော်မူပါသည် ဟု ဖြေကြားခဲ့သည်။ သူသည် အခြားသော စိတ် နှလုံးသား၊ ကိုယ်ကာယ သို့မဟုတ် ဥစ္စာဓနဖြင့် ပြုလုပ်ရသည့် အိဗာဒသ်ခဝပ်ဆည်းကပ်မှုများအကြောင်း မဖော်ပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိုးကွယ်မှုအားလုံးသည် ဤအချစ်တော်၏ အကိုင်းအခက်များဖြစ်ပြီး ယင်း၏ရလဒ်အဖြစ် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ ထို့ပြင် စစ်မှန်သောအချစ်သည် လူသားကို ကောင်းမှုကုသိုလ်ပြုလုပ်ရန် အားပေးတိုက်တွန်းသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သူ့အား "ဧကန် မုချ၊ သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ဂျန္နတ်သုခဘုံတွင် ရှိလိမ့်မည်"ဟု မိန့်ကြားတော်မူခဲ့သည်။ ဤဝမ်းမြောက်ဖွယ်သတင်း ကောင်းကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကကြီးများ(ရဿွိယလ္လာဟုအန်ဟုမ်) သည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ထို့နောက်အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က မိမိသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးကြောင်း၊ မိမိ၏အမလ်ကျင့်ဆောင်မှုများသည် ၎င်းတို့ကဲ့သို့ မဖြစ်နိုင်စေကာမူ ထိုအချစ်ကြောင့် မိမိသည် သူတို့နှင့်အတူရှိရမည်ဟု မျှော်လင့်မိကြောင်း ပြောဆိုတင်ပြခဲ့လေသည်။فوائد الحديث
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဟိက်မသ်ဉာဏ်အမြော်
အမြင်ကြီးမားမှုမှာ - မေးသူအား သူ့အတွက် အရေးကြီးပြီး ကယ်တင်ရာရောက်သော အချက်ကို ညွှန်ပြခဲ့ခြင်းဖြစ်သည်။ ယင်းမှာ နောင်တမလွန်ဘဝအတွက် အကျိုးရှိသော ကောင်းမှုကုသိုလ်များဖြင့် ပြင်ဆင်ထားရန်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်ကျေးကျွန်များအပေါ် ကိယာမသ်နေ့၏အချိန်ကို လျှို့ဝှက်ထားတော်မူသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ လူသားသည် အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံရန် အသင့်ပြင်ဆင်ထားရန်အတွက် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်နှင့် သူတော်စင်မုအ်မင်များအား ချစ်မြတ်နိုးခြင်း၏ အကျိုးကျေးဇူးနှင့် မုရှ်ရိက်များအား ချစ်မြတ်နိုးခြင်းမှ သတိပေးထားခြင်း။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ "သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်" ဟူသော မိန့်ကြားချက်သည် ဂုဏ်ဒြပ်နှင့် ရာထူးအဆင့်အတန်းတွင် တူညီမှုရှိကြောင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ဂျန္နတ်သုခဘုံတွင် တစ်ဦးနှင့်တစ်ဦး ဝေးကွာနေစေကာမူ မြင်တွေ့နိုင်ကြလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
မွတ်စ်လင်မ်တစ်ဦးအား မိမိအတွက် ပို၍ကောင်းမွန်ပြီး အကျိုးရှိသည့်အရာများကို အာရုံစိုက်ရန်နှင့် အကျိုးမရှိသော အရာများနှင့်ပတ်သက်၍ မေးမြန်းခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
