إعدادات العرض
ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။…
ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်း။]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە ไทย دری Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm km rn ქართული Македонски Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံသည် လူသားနှင့် သူ၏ခြေထောက်ပေါ်တွင်ရှိသော ဖိနပ်သဲကြိုးထက်ပင်ပို၍ နီးကပ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသားသည် တစ်ခါတစ်ရံတွင် အလ္လာဟ်အရှင်မြတ်နှစ်သက်သည့်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ထိုကောင်းမှုကြောင့် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရသွားသည်။ တစ်ခါတစ်ရံတွင် မကောင်းမှုကို ကျူးလွန်လိုက်ပြီး ထိုမကောင်းမှုသည် ဂျဟန္နမ်ငရဲသို့ ကျရောက်ရန် အကြောင်းခံဖြစ်သွားတတ်သည်။فوائد الحديث
ကောင်းမှုသည် နည်းပါးသည်ဖြစ်စေ ပြုလုပ်ရန်တိုက်တွန်းနှိုးဆော်ထားပြီး မကောင်းမှုသည် နည်းပါးသည်ဖြစ်စေ ရှောင်ကြည်ရန် သတိပေးထားသည်။
မွတ်စလင်မ်တစ်ဦး ဘဝသက်တမ်းတွင် မျှော်လင့်ချက်နှင့် စိုးရိမ်မှုနှစ်ခုစလုံးရှိနေရန် လိုအပ်သည်။ ထို့အတူ အမှန်တရားပေါ်တွင် တည်ကြည်ဖြောင့်မတ်စွာ ရပ်တည်နိုင်ရန်နှင့် ထိုအခြေအနေပေါ်မှ မယိမ်းယိုင်သွားစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အမြဲဒုအာတောင်းခံနေရမည်ဖြစ်သည်။