ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး…

ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး ယင်းကျောက်တုံးသည် ငရဲမီး၌ကျလျက်ရှိရာ ယခုချိန်မှသာ ဂျဟန္နမ်ငရဲမီး၏အောက်ချေသို့ ရောက်ရှိသွားပေသည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူရှိနေစဉ်၊ ရုတ်တရက် ပြင်းထန်သောအသံတစ်ခုကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကြားလိုက်ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤအသံသည် အဘယ်နည်းဆိုသည်ကို သင်တို့သိပါသလား ဟု မေးမြန်းတော်မူခဲ့သည်။ ကျွန်ုပ်တို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ပင် အသိဆုံးဖြစ်ပါသည် ဟု ဖြေကြားခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကမိန့်တော်မူသည်။ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး ယင်းကျောက်တုံးသည် ငရဲမီး၌ကျလျက်ရှိရာ ယခုချိန်မှသာ ဂျဟန္နမ်ငရဲမီး၏အောက်ချေသို့ ရောက်ရှိသွားပေသည်။

[صحيح] [رواه مسلم]

الشرح

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိုယ်ခန္ဓာတစ်ခုကျသကဲ့သို့ ကြောက်မက်ဖွယ်အသံတစ်ခုကို ကြားတော်မူခဲ့သည်။ ထို့နောက် ဤအသံနှင့်ပတ်သက်၍မိမိအနားရှိ ဆွဟာဘဟ်သာဝကကြီးများအား မေးမြန်းတော်မူခဲ့ရာ၊ ဆွဟာဘဟ်တို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ပင် အသိဆုံးဖြစ်ပါသည် ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အမိန့်ရှိသည်မှာ "ဤအသံသည် ငရဲမီးအစပ်မှလွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံခဲ့ရသည့် ကျောက်တုံးတစ်ခု၏ အသံဖြစ်သည်။ ကျောက်တုံးကျသည့်အသံကို ကြားရသည့်အချိန်သည် ယင်းကျောက်တုံး ငရဲမီး၏‌အောက်ဆုံးသို့ ကျရောက်သွားသောအချိန်ဖြစ်သည်။

فوائد الحديث

ကောင်းမှုများပြုလုပ်ခြင်းဖြင့် နောင်တမလွန်ဘဝအတွက် ပြင်ဆင်ရန်တိုက်တွန်းထားပြီးငရဲမီး၏အန္တရာယ်မှ သတိပေးခြိမ်းခြောက်ထားသည်။

လူသားမသိသည့်အရာကို အလ္လာဟ်အရှင်မြတ်သာ သိကြောင်းပြောဆိုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။

ဆရာတစ်ဦးသည် ကျောင်သားအား မိမိရှင်းပြမည့်အရာကို ပို၍နားလည်သဘောပေါက်စေရန်အတွက် စိတ်ဝင်စားမှုနှင့် အာရုံစူးစိုက်မှုကို ဖြစ်‌ပေါ်လာစေရန်‌ လုပ်ဆောင်ပေးရမည်။

التصنيفات

ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။