ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့် အရာမှာ (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး…

ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့် အရာမှာ (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားတို့ ဖြစ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့် အရာမှာ (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားတို့ ဖြစ်သည်။

[ဤဟဒီးဆ်သည် ဟစန်ဆွဟီးဟ် အဆင့်ရှိသည်။] [သိရ်မိဇီကျမ်း။]

الشرح

ဤဟဒီးဆ်တော်တွင် သက္ကဝါတရား၏ ထွတ်မြတ်မှုကို တင်ပြထားပြီး ၎င်းသည် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရန်အတွက် အကြောင်းခံတစ်ခုဖြစ်သည်။ ထို့အတူ ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၏ ထွတ်မြတ်မှုကိုလည်း တင်ပြထားသည်။ အမှန်တကယ်ပင် “သက္ကဝါတရားနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရား” နှစ်ခုစလုံးသည် လူသားအား ဂျန္နသ် သုခဘုံသို့ ဝင်ရောက်စေမည့် အကြီးမားဆုံးနှင့် အများဆုံးအကြောင်းခံပင်ဖြစ်သည်။

فوائد الحديث

ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရခြင်းသည် အလ္လာဟ်အရှင်မြတ် အမိန့်ရှိထားသည့် အကြောင်းခံများနှင့် အမလ်ကျင့်ဆောင်မှုများကြောင့်သာ ဖြစ်သည်။

ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရသည့် အကြောင်းခံများအနက် အလ္လာဟ်အရှင်မြတ်နှင့် သက်ဆိုင်သည့် အကြောင်းခံများရှိပြီး ယင်းအား ဟဒီးဆ်တော်၌ (အလ္လာဟ်အရှင်မြတ်အပေါ် သက္ကဝါရှိခြင်း) ဟု တင်ပြထားသည်။ ထို့အတူအဖန်ဆင်းခံများနှင့် သက်ဆိုင်သည့် အကြောင်းခံများလည်းရှိပြီး ယင်းအား ဟဒီးဆ်တော်၌ (ကောင်းမြတ်သည့် ကိုယ်ကျင့်တရား) ဟု တင်ပြထားသည်။

ဤဟဒီးဆ်တော်၌ သက္ကဝါတရား၏ထွတ်မြတ်မှုနှင့် ပတ်သက်၍ အထောက်အထားပါရှိသည်။ ဧကန်မုချ သက္ကဝါတရားသည် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ခွင့်ရရန်အတွက် အကြောင်းခံတစ်ခုပင် ဖြစ်သည်။

ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည်မြောက်မြားစွာသော ခဝပ်ကိုးကွယ်မှုများထက်ပို၍ မွန်မြတ်ကြောင်းတင်ပြထားသည်။ ဧကန်အမှန်ပင် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရမည့် အကြောင်းခံများအနက်မှပင်ဖြစ်သည်။

التصنيفات

ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။, ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။, ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။, ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။