إعدادات العرض
“အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊…
“အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်ခဲ့ပါက ထိုသူအတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွားသည်
အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်ခဲ့ပါက ထိုသူအတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွားသည်။” ထိုစကားကြောင့် အဘူစအီးဒ်သည် အံ့ဩသွားသဖြင့် “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ပြန်လည်မိန့်ကြားတော်မူပါ” ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က ပြန်လည်မိန့်ကြားတော်မူသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “နောက်ထပ် (ကောင်းမှုတစ်ခု) ရှိသေးသည်။ ၎င်းအားဖြင့် ဗန္ဒဟ်ကျေးကျွန်အား ဂျန္နသ်သုခဘုံ၌ အဆင့်တန်းတစ်ရာကို မြှင့်တင် ပေးတော်မူခြင်းခံရမည် ဖြစ်သည်။ အဆင့်နှစ်ခုကြားတိုင်း၌ မိုးနှင့်မြေကြားကဲ့သို့ (အလွန်ဝေးကွားလှသည်)” ဟု မိန့်တော်မူရာ အဘူစအီးဒ်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းကောင်းမှုကား အဘယ်နည်း” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်းပင်” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Tiếng Việt অসমীয়া Nederlands Kiswahili සිංහල ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонски ភាសាខ្មែរ Українська ਪੰਜਾਬੀ پښتو Wolof Moore Svenska മലയാളം தமிழ் ಕನ್ನಡ Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)သည် အဘူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု) အား အလ္လာဟ်အရှင်မြတ်ကို အီမာန်သက်ဝင်ယုံကြည်၍ ဖန်ဆင်းရှင်၊ ကိုးကွယ်ရာအရှင်၊ အရာခပ်သိမ်းကို စိုးပိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းကို ဦးဆောင်သူ၊ အမိန့်ပေးစေခိုင်းသူ အရှင်အဖြစ် နှစ်သက်လက်ခံကာ၊ အစ္စလာမ်သာသနာတော်ကို အမိန့်တော်များနှင့် တားမြစ်ချက်များ အားလုံးကို လိုက်နာကျင့်သုံးလျက် နာခံမှု၊ လက်အောက်ခံမှုဖြင့် ဘာသာတရားအဖြစ် လက်ခံ၍၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား အရှင်မြတ် စေလွှတ်တော်မူသမျှနှင့် ပို့ချခဲ့သမျှအရာအားလုံးနှင့်အတူ နဗီတမန်တော်အဖြစ် နှစ်သက်လက်ခံသူသည် ဂျန္နသ်သုခဘုံ သေချာပေါက် ရရှိမည်ဖြစ်သည်။ ထိုစကားကြောင့် အဘူစအီးဒ်သည် အံ့ဩသွားသဖြင့် “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ပြန်လည်မိန့်ကြားတော်မူပါ” ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က ပြန်လည်မိန့်ကြားတော်မူသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “နောက်ထပ် ကောင်းမှုတစ်ခု ရှိသေးသည်။ ၎င်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်ကျေးကျွန်အား ဂျန္နသ်သုခဘုံ၌ အဆင့်တန်းတစ်ရာကို မြှင့်တင်ပေးတော်မူမည် ဖြစ်သည်။ အဆင့်နှစ်ခုကြားတိုင်း၌ မိုးနှင့်မြေကြားကဲ့သို့ (အလွန်ဝေးကွားလှသည်)” ဟု မိန့်တော်မူရာ အဘူစအီးဒ်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းကောင်းမှုကား အဘယ်နည်း” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်းပင်” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။فوائد الحديث
၁။ ဂျန္နသ်သုခဘုံကို ဝင်ခွင့်ရရှိစေသော အကြောင်းတရားများတွင် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း ပါဝင်သည်။
၂။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်း၏ ကြီးမြတ်မှုကို ဖော်ပြထားခြင်း။
၃။ ဂျန္နသ်တွင် မုဂျာဟိဒ် (ဂျိဟာဒ်ပြုလုပ်သူ)၏ အဆင့်အတန်း မြင့်မားမှု။
၄။ ဂျန္နသ်သုခဘုံတွင် ရေတွက်မရနိုင်သော အဆင့်အတန်းများ ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်သူများအတွက် ထိုအဆင့်များအနက် အဆင့်တစ်ရာ ရှိပေသည်။
၅။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)၏ တပည့်စွဟာဗဟ်သာဝကများသည် ကောင်းမှု၊ ကောင်းမှု၏လမ်းကြောင်းများနှင့် အကြောင်းတရားများကို သိရှိလိုစိတ် ထက်သန်ကြသည်။
