إعدادات العرض
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင်…
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။
အုစာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူ့အားတစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများအား ပြောဆို ဖြေရှင်းခြင်းမှုတို့ကို မပြုလုပ်ပါသလော။ ကျွန်ုပ်သူ့အားပြောခဲ့သမျှကို အသင်တို့အားကြားသိစေမည်ဟု အသင်တို့ သိနားလည်ထားပါသလား။ အလ္လာဟ်အရှင်မြတ်အား ကျိန်တွယ်၍ပြောမည်။ ကျွန်တော်သည် မိမိကစ၍မဖွင့်ချင်သည့်ဖျက်လိုဖျက်ဆီးမှုကို မိမိကစ၍ပထမဦးဆုံးဖွင့်ရန်မနှစ်မျို့သည်ဖြစ်၍ကျွန်တော်သည် သူနှင့် နှစ်ကိုယ်ကြား ပြောခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိပြီးနောက် ကျွန်တော်မျိုးအား အုပ်ချုပ်နေသော အုပ်ချုပ်သူခေါင်းဆောင်တစ်ဦးတစ်ယောက်အား သူသည် လူတို့အနက်အကောင်းဆုံသူဖြစ်သည်ဟုပင် မပြောဆိုတော့ပေ။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနား၌ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင် မည်သို့ဖြစ်သွားသနည်း။ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည် မဟုတ်လော။ သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල অসমীয়া Tiếng Việt ગુજરાતી Nederlands پښتو नेपाली Svenska മലയാളം Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Kinyarwanda Magyar Македонски Čeština Українська Lietuvių Azərbaycan Wolof Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ دری አማርኛ Deutsch ភាសាខ្មែរ Shqip தமிழ்الشرح
အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) အား တစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ပြောဆို ဖြေရှင်းရန်နှင့် အလုံးစုံငြိမ်းချမ်းရန် မကြိုးစားလေသလော။ ထိုအခါ အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ၎င်းတို့အား ရှင်းပြခဲ့သည်မှာ - မိမိသည် ကောင်းကျိုးကိုသာလိုလားပြီး ပြဿနာဖြစ်ရန်လှုံ့ဆော်ပေးခြင်းကို မလိုလားသောကြောင့်လျှို့ဝှက်စွာပင် ပြောကြားခဲ့သည်။ မိမိ၏ရည်ရွယ်ချက်မှာ မင်းလုပ်အုပ်ချုပ်သူများအား လူအများရှေ့တွင် ပြစ်တင်ရှုတ်ချခြင်းမပြုရန်ဖြစ်သည်။ ထိုသို့ ပြစ်တင်ရှုတ်ချခြင်းသည် မင်းလုပ်အုပ်ချုပ်သူကို ကျူးလွန်စော်ကားရန် အကြောင်းတရားဖြစ်သွားနိုင်သည်။ ဤသည် ပြဿနာနှင့် မကောင်းခြင်းတို့၏အဓိကတံခါးဖြစ်၍ကျွန်တော်သည် ယင်းတံခါးကို ပထမဦးဆုံးဖွင့်မည့်သူဖြစ်ရန် မလိုလားပေ။ ထို့နောက် အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ပြောသည်မှာ - သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သြဝါဒတော်တစ်ရပ်ကို ကြားသိပြီးနောက် အုပ်ချုပ်သူခေါင်းဆောင်များအား လျှို့ဝှက်စွာပင်ဆုံးမဩဝါဒပြုခဲ့ကြောင်းနှင့် မင်းလုပ်အုပ်ချုပ်သူဖြစ်လင့်ကစား ဟန်ဆောင်ပြောခြင်း၊ မင်းလုပ်အုပ်ချုပ်သူများရှေ့၌သူတို့အား မဟုတ်မမှန်ချီးမွမ်းခြင်းတို့ကို မပြုခဲ့တော့ပေ။ ၎င်းဩဝါဒမှာ ဤသို့ဖြစ်သည်။ ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ ပြင်းထန်သည့်ပြစ်ဒဏ်နှင့် ငရဲမီး၏အပူရှိန်ကြောင့် သူ၏အူများ အလျင်အမြန်ထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်း ဤအခြေအနေ၌ပင် သူ၏အူများနှင့်လှည့်ပတ်နေလိမ့်မည်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနားတွင်ထိုင်ဝိုင်း၌စုဝိုင်း၍ထိုင်သကဲ့သို့ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည် မဟုတ်လော။ သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။فوائد الحديث
မင်းလုပ်အုပ်ချုပ်သူများနှင့် နှစ်ကိုကြားဆုံးမစကားပြောခြင်း၊ လူအများရှေ့တွင် ထိုကိစ္စများကို အများသိအောင် ပြောဆိုခြင်းမပြုလုပ်ရန်မှာ မင်းလုပ်အုပ်ချုပ်သူများအား ဆုံးမဪဝါဒပေးခြင်းနှင့်ဆိုင်သော အဓိကအခြေခံစည်းမျဉ်းပင်ဖြစ်သည်။
အပြောနှင့်အလုပ်မကိုက်ညီသူအား ပြင်းထန်စွာ ချိန်းခြောက်ထားသည်။
မင်းလုပ်အုပ်ချုပ်သူများနှင့် ရိုသေ နူးညံ့စွာဆက်ဆံရန်နှင့် သူတို့အား ကောင်းရာညွန်ကြားပြီး မကောင်းမှုမှတားမြစ်ရန် ဖော်ပြထားသည်။
အမှန်တရားကို ဖုံးကွယ်ထားပြီး အမှန်တရား၏ဆန့်ကျင်ဘက်ကို ဖော်ထုတ်ခြင်းအား ရှတ်ချထားသည်။ ဤသည်အမှန်တရားကို ထိမ်ချန်သူကဲ့သို့ဖြစ်သည်။
