إعدادات العرض
ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော…
ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။
အဘူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။"
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Português සිංහල Kiswahili অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українська ភាសាខ្មែរ ಕನ್ನಡ Svenska پښتو Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံ၏ နိအ်မသ်စည်းစိမ်အချို့ကို သတင်းပေးတော်မူခဲ့သည်။ ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူအတွက် အလွန်ကျယ်ဝန်း၍ အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းနှင့် ဖန်တီးထားသည့် ကြီးကျယ်ခမ်းနားသော ရွက်ဖျင်တဲကြီးတစ်ခု ရှိမည်။ မိုးကောင်းကင်၌ ထိုတဲ၏ အလျားနှင့်အနံမှာ မိုင်(၆၀) ရှိသည်။ တဲ၏ လေးထောင့်တိုင်း၊ အရပ်မျက်နှာအရပ်ရှိ နေရာတိုင်း၌ ဇနီးများ ရှိကြပြီး ၎င်းတို့သည် အချင်း ချင်းမမြင်ရကြပေ။ မုအ်မင်န်ယုံကြည်သူသည် ၎င်းတို့ထံ လှည့်လည်သွားလာနေမည်ဖြစ်သည်။فوائد الحديث
၁။ ဂျန္နတ်သုခဘုံသားများ၏ ကြီးကျယ်ခမ်းနားသော နိအ်မသ်စည်းစိမ်များကို ဖော်ပြထားခြင်း။
၂။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအတွက် အသင့်ပြင်ဆင်ထားတော်မူသော နိအ်မသ်စည်းစိမ်များကို တင်ပြခြင်းအားဖြင့် ကောင်းမှုပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ခြင်း။
