ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌)…

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။

ဟိရှာမ် ဗင်န် ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား)ဒေသရှိ အန်ဘာတ်လူမျိုး (အာရပ်မဟုတ်သူများ) အချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ သူက "သူတို့ ဘာဖြစ်နေတာလဲ" ဟု မေးမြန်းခဲ့သည်။ လူတို့က "သူတို့သည် ဂျိဇ်ယဟ်(အခွန်ကြေး ) မပေးဆောင်သည့်အတွက် ဖမ်းဆီးဒဏ်‌ပေးခံထားရခြင်းဖြစ်သည်" ဟု ပြောခဲ့ကြသည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ "ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။"

[صحيح] [رواه مسلم]

الشرح

ဟိရှာမ်ဗင်န်ဟကီးမ်ဗင်န်ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား) ဒေသရှိ အာရပ်မဟုတ်‌သောတောင်သူလယ်သမားအချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ ထိုအခါသူက ၎င်းတို့ရဲ့အ‌ခြေအနေနှင့်ပတ်သတ်၍ မေးမြန်းခဲ့သည်။ ထိုအခါ သူ့အား ၎င်းတို့သည် တတ်စွမ်းနိုင်ပါလျက် ဂျိဇ်ယဟ်( အခွန်ကြေး ) မပေးဆောင်ခြင်းကြောင့် ထိုသို့ပြုမူခြင်းခံရကြောင်း အသိပေးခဲ့သည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညှင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။

فوائد الحديث

၁။ ဂျိဇ်ယဟ်သည် အရွယ်ရောက်ပြီး ချမ်းသာသောကျမ်းရပုဂ္ဂိုလ် (ဂျူးနှင့် ခရစ်ယာန်) အမျိုးသားများထံမှ ၎င်းတို့အား အစ္စလာမ့်နိုင်ငံတော်အတွင်း လုံခြုံစွာနေထိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းအစား ကောက်ခံသည့် ငွေကြေး(အခွန်)ဖြစ်သည်။

၂။ တရားဝင်အကြောင်းပြချက်မရှိဘဲ လူသားများအား ညှဉ်းပန်းနှိပ်စက်ခြင်းကို တားမြစ်ထားသည်။ ကာဖိရ်များကိုပင် ထိုသို့ပြုလုပ်ခွင့်မရှိပေ။

၃။ မတရားမှုကိုကျူးလွန်သူများအား မတရားကျူးလွန်ခြင်းမပြုရန် သတိပေးထားခြင်း။

၄။ကောင်းမှုကိုညွှန်ကြားခြင်း၊ မကောင်းမှုကိုတားမြစ်ခြင်းတွင် ဆွဟာဗဟ်သာဝကများ၏ စွဲစွဲမြဲမြဲလိုက်နာမှု။

၅။အိမာမ်နဝဝီက မိန့်ဆိုသည်မှာ- "ဤဟဒီးစ်၌ ဖော်ပြထားသော ညှဉ်းပန်းခြင်းသည် မတရားသဖြင့် ပြုလုပ်သော ညှဉ်းပန်းခြင်းကို ရည်ညွှန်းသည်။ သို့ဖြစ်ရာ ကိစွားစ် (တန်ပြန်အစားယူသည့်အ‌နေဖြင့် အပြစ်ပေးခြင်း)၊ ဟုဒူဒ် (အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားသော ပြစ်ဒဏ်များ)၊ သအ်ဇီးရ် (စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးခြင်း) စသည့် တရားဝင်အကြောင်းပြချက်များဖြင့် ပြစ်ဒဏ်ပေးခြင်းများ ဤတားမြစ်ချက်တွင် မပါဝင်ပေ။

التصنيفات

မကောင်းသည့် ကိုယ်ကျင့်တရား။