လက်ကို လေးပုံတစ်ပုံဒီနာရ်(ရွှေဒင်္ဂါး)နှင့်အထက် (ခိုးမှု)အ တွက်သာ ဖြတ်တောက်ရမည်။

လက်ကို လေးပုံတစ်ပုံဒီနာရ်(ရွှေဒင်္ဂါး)နှင့်အထက် (ခိုးမှု)အ တွက်သာ ဖြတ်တောက်ရမည်။

မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "လက်ကို လေးပုံတစ်ပုံဒီနာရ်(ရွှေဒင်္ဂါး)နှင့်အထက် (ခိုးမှု)အ တွက်သာ ဖြတ်တောက်ရမည်။"

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရွှေဒင်္ဂါးလေးပုံတစ်ပုံနှင့် ၎င်းထက်ပိုသော ပမာဏကို ခိုးယူမိပါက ခိုးသူ၏လက်ကို ဖြတ်တောက်ရမည်ဟု ရှင်းလင်းမိန့်ကြားခဲ့သည်။ ၎င်း(ရွှေ ဒင်္ဂါးလေးပုံတစ်ပုံ) ၏ တန်ဖိုးသည် ရွှေ ၁.၀၆ ဂရမ်နှင့် ညီမျှသော ပမာဏတန်ဖိုးဖြစ်သည်။

فوائد الحديث

ခိုးမှုသည် ကြီးလေးသောအပြစ်များထဲမှ တစ်ခုဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် ခိုးသူ၏အပြစ်ဒဏ်အဖြစ် လက်ဖြတ်တောက်ခြင်းကို သတ်မှတ်ခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- ”ခိုးယူသော ယောက်ျားနှင့် ခိုးယူသော မိန်းမတို့၏ လက်ကို ဖြတ်ကြလော့။” (စူရဟ် မာအိဒဟ်၊ ၃၈) ဟု မိန့်ကြားထားသည်။ ဤဖြတ်တောက်ခြင်း၏ အခြေအ

နေများကို စွန္နသ်တော်က ရှင်းလင်းထားသည်။

ဟဒီးစ်တော်၌လာရှိသော “လက်” ဟုဆိုရာတွင် လက်ဖဝါးကို လက်ကောက်

ဝတ်မှ ဖြတ်တောက်ခြင်းဖြစ်သည်။

ခိုးသူ၏လက်ကို ဖြတ်တောက်ရခြင်း၏ ဟိက်မသ်ဉာဏ်အမြော်အမြင်မှာ လူတို့၏ ဥစ္စာပစ္စည်းများကို ကာကွယ်ရန်နှင့် အခြားကျူးကျော်သူများကို ဟန့်တားရန်ဖြစ်သည်။

ဒီနာရ် ဆိုသည်မှာ အလေးချိန် ရွှေ ၂၄ ကာရက် (၄.၂၅ ဂရမ်) ရှိသော ရွှေဒင်္ဂါးဖြစ်သည်။ ထို့ကြောင့် လေးပုံတစ်ပုံဒီနာရ်သည် ရွှေ ၁.၀၆၂၅ ဂရမ် (၁ ဂရမ်ခန့်နှင့် အနည်းငယ်) နှင့် ညီမျှသည်။

التصنيفات

ခိုးခြင်း၏ပြစ်ဒဏ်။