( အန်စွာရီ ) အမျိုးသားတစ်ဦးရှိခဲ့သည်။ ၎င်းထက်ပို၍ ဗလီနှင့် အဝေးမှာနေတယ့် အခြားသူတစ်ဦးကို ကျွန်ုပ်မသိပါ။…

( အန်စွာရီ ) အမျိုးသားတစ်ဦးရှိခဲ့သည်။ ၎င်းထက်ပို၍ ဗလီနှင့် အဝေးမှာနေတယ့် အခြားသူတစ်ဦးကို ကျွန်ုပ်မသိပါ။ သို့သော် ၎င်းသည် ဆွလာသ်တစ်ကြိမ်မှ ပျက်ကွ က်ခဲ့ခြင်းမရှိပေ

အုဗိုင်ယ် ဗင်န် ကအ်ဗ် ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ( အန်စွာရီ ) အမျိုးသားတစ်ဦးရှိခဲ့သည်။ ၎င်းထက်ပို၍ ဗလီနှင့် အဝေးမှာနေတယ့် အခြားသူတစ်ဦးကို ကျွန်ုပ်မသိပါ။ သို့သော် ၎င်းသည် ဆွလာသ်တစ်ကြိမ်မှ ပျက်ကွ က်ခဲ့ခြင်းမရှိပေ။ အချို့က ၎င်းအား ပြောဆိုကြသည်။ သို့မဟုတ် ကျွန်ုပ်သည် ၎င်းအားအကယ်၍ သင်သည် ည၏အမှောင်ထုနှင့် နေ့၏ပူပြင်းမှုအတွင်း စီးနင်းရန် မြည်းတစ်ကောင်ဝယ်ထားလျှင် (ကောင်းမည် ဟု ပြောခဲ့သည်) ထိုအခါ သူက -ကျွန်ုပ်၏အိမ်သည် ဗလီအနီးတွင် ရှိခြင်းကို ကျွန်ုပ် မနှစ်သက်ပါ။ အဘယ် ကြောင့်ဆိုသော် ကျွန်ုပ်၏ဗလီသို့ ဆွလာသ်ဝတ်ပြုရန် သွားသည့် ခြေလှမ်းများနှင့် ကျွန်ုပ်၏ မိသားစုထံ ဗလီမှ (လမ်း လျှောက်၍) ပြန်လာခြင်း ( ခြေလှမ်းများ၏ အကျိုးစဝါးဗ် ) ကို ရေးသားမှတ်တမ်းတင်‌ခံရခြင်းကို ကျွန်ုပ်လိုလားသောကြောင့်ဖြစ်သည် ဟု ပြန်ပြောခဲ့သည်။ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က -"အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးကို သင့်အတွက် စုစည်းပေးတော်မူခဲ့လေပြီ" ဟု မိန့်ကြားတော်မူခဲ့သည်။

[صحيح] [رواه مسلم]

الشرح

အုဗိုင်ယ် ဗင်န် ကအ်ဘ်(ရဿွိယလ္လာဟု အန်ဟု)က ဆင့်ပြန်ပြောပြခဲ့သည်။ အန်ဆွာရီဆွဟာဗီတစ်ဦးရှိခဲ့ပြီး ၎င်း၏အိမ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)၏ ဗလီနှင့် အဝေးဆုံးနေရာတွင် ရှိခဲ့သည်။ သို့သော်လည်း ထိုသူသည် ဆွလာသ်တစ်ကြိမ်မျှ မလွတ်ခဲ့ပေ။ ဤမျှသာမက သူသည် ဆွလာသ်တိုင်းတွင် တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ပါဝင်ဝတ်ပြုခဲ့သည်။ ထိုအခါ လူတို့က သူ့အား ဤသို့ပြောခဲ့သည်။ အကယ်၍ သင်သည် ည၏အမှောင်ထုနှင့် နေ့၏ပူပြင်းမှုအတွင်း စီးနင်းရန် မြည်းတစ်ကောင်ဝယ်ထားလျှင် (ကောင်းမည် ဟု ပြောခဲ့သည်) ထိုအခါ သူက - ကျွန်ုပ်၏အိမ်သည် ဗလီအနီးတွင် ရှိခြင်းကို ကျွန်ုပ် မနှစ်သက်ပါ။ အဘယ် ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏ဗလီသို့ ဆွလာသ်ဝတ်ပြုရန် လမ်းလျှောက်သွားခြင်း နှင့် ကျွန်ုပ်၏မိသားစုထံဗလီမှ (လမ်း လျှောက်၍) ပြန်လာခြင်း၏ (အကျိုးစဝါးဗ်ကို ) ရေးသားမှတ်တမ်းတင်‌တော်မူရန် ကျွန်ုပ်လိုလားသောကြောင့်ဖြစ်သည် ဟု ပြန်ပြောခဲ့သည်။ နောက်ဆုံးတွင် သူ၏စကားသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ရောက်ရှိခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က - "အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးကို သင့်အတွက် စုစည်းပေးတော်မူခဲ့လေပြီ" ဟု မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

ကောင်းမှုကုသိုလ်များကို အကောင်

အထည်ဖော်ရန်၊ များပြားစေရန်နှင့် အကျိုးဆုလာဘ်ရှာဖွေရန်အတွက် ဆွဟာဗဟ်တို့၏ ပြင်းထန်သော စိတ်ဆန္ဒ။

အိမာမ်နဝဝီက ဤဟဒီးဆ်တွင် ဗလီသို့ ဆွလာသ်ဝတ်ပြုရန် သွားသည့်အခါ လမ်းလျှောက်သည့်ခြေလမ်းများအတွက် ရရှိသော အကျိုးဆုလာဘ်ကို ပြန်လာသည့်အခါ၌လည်း ရရှိကြောင်း အတည်ပြုချက်ပါရှိသည်ဟု ဆိုခဲ့သည်။

မုစ်လင်မ်များအချင်းချင်း ကောင်းမှုပြုရန်အတွက် အပြန်အလှန် အကြံပေးခြင်း၊ တိုက်တွန်းဆုံးမခြင်း (ကိုဖော်ပြထားသည်။) ထို့ကြောင့် မိမိ၏ညီနောင်သည် တစ်စုံတစ်ရာ အခက်အခဲနှင့် ကြုံတွေ့နေရသည်ကို တွေ့မြင်ပါက ထိုအခက်အခဲကို ဖြေရှင်းနိုင်ရန် အကြံဉာဏ်ပေးသင့်သည်။

အိမ်သည် ဗလီနှင့်ဝေးကွာခြင်းသည် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းကို စွန့်လွှတ်ရန် အတွက် အကြောင်း

ပြချက်အဖြစ် မမှတ်ယူနိုင်ပါ။ ထိုသူသည် အဇာန်သံကြားသရွေ့ (ဗလီသို့ ဂျမာအသ်ဖြင့်ဝတ်ပြုရန် လာရောက်ရမည်။)

التصنيفات

အစ္စလာမ်သာသနာ၏ ထွတ်မြတ်မှုနှင့် အလှတရားများ။