إعدادات العرض
- ‘အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို သမုဒ္ဒရာ၏ ရေထဲတွင် ရောစပ်လိုက်လျှင်…
- ‘အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို သမုဒ္ဒရာ၏ ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် ထိုရေ၏ အရသာကို ပြောင်းလဲပစ်လိမ့်မည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ “ကျွန်မသည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထားပြောဆိုခဲ့သည်- ‘စွဖီယဟ်က ကိုယ်တော့်အတွက် ဤသို့ ဤသို့ဖြစ်ခြင်းပင် လုံလောက်ပါသည်’ (ရာဝီဆင့်ပြန်သူတစ်ဦးက သူမ(အာအိရှဟ်သခင်)သည် စွဖိယဟ်သခင်မအားအရပ်ပုသောမိန်းမဟု ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်) ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- ‘အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို သမုဒ္ဒရာ၏ ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် ထိုရေ၏ အရသာကို ပြောင်းလဲပစ်လိမ့်မည်။’ သူမက ဆက်လက်လျှောက်ထားသည်။ ‘ကျွန်မက လူတစ်ဦး၏ အမူအရာကို တုပခဲ့ခြင်းသာ ဖြစ်ပါသည်’ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ‘ငါကိုယ် တော်သည် လူတစ်ဦးတစ်ယောက်၏ အမူအရာကိုတုပခြင်းအား မနှစ်သက်ပါ၊ ထိုအလုပ်အတွက် ငါကိုယ်တော်အား ဤမျှဤမျှသော စည်းစိမ်ဥစ္စာကို ပေးစေကာမူ မနှစ်သက်ပါ။’”
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Türkçe اردو 中文 हिन्दी Tagalog Kurdî Русский Tiếng Việt অসমীয়া Nederlands Kiswahili Hausa සිංහල ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонски ភាសាខ្មែរ Українська ਪੰਜਾਬੀ پښتو Wolof Moore Svenska മലയാളം ಕನ್ನಡ தமிழ் Српскиالشرح
မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထား ပြောဆိုခဲ့သည်မှာ ကိုယ်တော့်အတွက် စွဖီယဟ်သည်(မုအ်မင်န်တို့၏မိခင်ကြီး စွဖိယဟ်သခင်မကို ဆိုလိုခြင်းဖြစ် သည်) သူမ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြစ်အနာဆာတစ်ခုဖြစ်သည့် အရပ်ပုရုံဖြင့် လုံလောက်ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- “အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို ပင်လယ်ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် မုချ ထိုရေကိုလွှမ်းမိုးသွားပြီး ၎င်း၏အရသာကိုပြောင်းလဲစေ၍ ဖျက်ဆီးပစ်လိုက်လိမ့်မည်။ သခင်မက လျှောက်ထားသည်မှာ- "ကျွန်မသည် လူတစ်ဦးကို နိမ့်ချစေလိုသည့်အနေဖြင့် သူ၏ အမူအရာကို အတုခိုးပြုလုပ်မိပါသည်"။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- "အကယ်၍ ငါကိုယ်တော်အား လောကကြီးတစ်ခုလုံးကို ပေးအပ်ခဲ့သော်လည်း သူ၏အပြစ်အနာအဆာကို ပြောဆိုရန်၊ သို့မဟုတ် အထင်သေးကြောင်းပြသည့် အနေဖြင့် သူ၏အမူအရာကို အတုခိုး၍ ပြုမူရန်၊ သို့မဟုတ် သူ၏စကားကို ပြောဆိုရန် ငါကိုယ်တော် နှစ်သက်တော်မူမည် မဟုတ်ပါ။"فوائد الحديث
၁။ ဂီဗသ်အတင်းပြောဆိုခြင်းမှ ခြိမ်းခြောက်၊သတိပေးထားခြင်း။
၂။ လူတို့၏ ရုပ်သွင်ပုံစံများကို အတုယူခြင်းနှင့် ၎င်းတို့ကို အရှက်ခွဲရန်၊ နှိမ့်ချရန်အတွက် အတုယူပြောဆိုခြင်းသည်လည်း ဟရာမ်ဖြစ်သော ဂီဗသ်အတင်းပြောဆိုခြင်းအမျိုးအစားတွင် ပါဝင်သည်။
၃။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ဖော်ပြခြင်းသည်လည်း ဂီဗသ်အတင်းပြောဆိုခြင်း၏ အစိတ်အပိုင်း ဖြစ်သည်။
၄။ ကာဿွီအေယာဿ်ွက မိန့်ဆိုသည်- "ရောနှောခြင်း" ဆိုသည်မှာ အခြားအရာတစ်ခုကို ၎င်းနှင့် ရောစပ်ခြင်းဖြင့် ပြောင်းလဲသွားစေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤဂီဗသ်အတင်းစကားသည် ပင်လယ်နှင့် ရောစပ်လျှင် ပင်လယ်၏ အခြေအနေကို ၎င်း၏ ကြီးမားခြင်းနှင့် ပြည့်လျှံခြင်းကြားမှပင် ပြောင်းလဲပစ်နိုင်မည်ဆိုလျှင်၊ ယင်းနှင့် ရောစပ်ထားသော အနည်းငယ်မျှသော ကောင်းမှုကုသိုလ်များ၏ အခြေအနေမှာ မည်သို့ရှိမည်နည်း။
၅။ ဇနီးမယားတို့ကြား ဖြစ်တတ်သော ဝန်တိုငြူစူမှုအချို့ကို ဖော်ပြထားခြင်း။
၆။ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)သည် မကောင်းမှုကို လက်မခံခြင်း။
၇။ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းနှင့် အမျက်တော်မရှိခြင်းတို့နှင့် နှိုင်းယှဉ်လျှင် ဤကမ္ဘာလောကနှင့် ၎င်းတွင်ရှိသောအရာတို့၏တန်ဖိုးမှာ မပြောပလောက်ကြောင်း ဖော်ပြထားခြင်း။
၈။ အစ္စလာမ်သာသနာသည် ကိုယ်ကျင့်တရားကောင်းမွန်မှုကို အလေးပေးသော သာသနာဖြစ်ပြီး၊ စကားဖြင့်ဖြစ်စေ၊ အပြုအမူဖြင့်ဖြစ်စေ ဂုဏ်သိက္ခာများကို ချိုးဖောက်ခြင်းမှ ကာကွယ်ရန် အမိန့်ပေးထားသည်။ အကြောင်းမှာ ယင်းသည် မွတ်စ်လင်မ်များအကြား ရန်ငြိုးနှင့် မုန်းတီးခြင်းကို ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။
التصنيفات
မကောင်းသည့် ကိုယ်ကျင့်တရား။