إعدادات العرض
“မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့်…
“မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Tagalog Türkçe اردو 中文 हिन्दी Kurdî Português සිංහල Tiếng Việt অসমীয়া Nederlands Kiswahili Hausa ગુજરાતી Magyar ქართული Română Русский ไทย తెలుగు मराठी دری አማርኛ Malagasy Македонски Українська ភាសាខ្មែរ ਪੰਜਾਬੀ پښتو Yorùbá മലയാളം Svenska Wolof Moore ಕನ್ನಡ தமிழ் Српскиالشرح
တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်အမျိုးသားတစ်ဦးအတွက် ၎င်း၏ ‘အိဇာရ်’ (အောက်ပိုင်းကို ဖုံးအုပ်သော အဝတ်အစား) နှင့် ပတ်သက်၍ အခြေအနေ သုံးမျိုးရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ၁။ မွတ်စ်သဟဗ် (နှစ်သက်ဖွယ်ဖြစ်သည်) - ခြေသလုံးတစ်ဝက်အထိ ဖြစ်သည်။ ၂။ မက္ကရူဟ်မဖြစ်ဘဲ ခွင့်ပြုထားသည် - ၎င်းမှာ ခြေသလုံးတစ်ဝက်အောက်မှ ခြေကျင်းဝတ်အထိ ဖြစ်သည်။ (ခြေကျင်းဝတ်ဆိုသည်မှာ ခြေသလုံးနှင့်ခြေထောက်ဆုံရှိ ပေါ်ထွက်နေသောအရိုး(ခြေမျက်စိ)နှစ်ဖက်ဖြစ်သည်)။ ၃။ ဟရာမ် (တားမြစ်ထားသည်) - ခြေကျင်းဝတ်အောက်သို့ ကျနေခြင်းဖြစ်သည်။ ထိုသို့ဝတ်ဆင်ခြင်းအားဖြင့် ဂျဟန္နမ်ငရဲမီးနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ရသည်။ အကယ်၍ မာန်မာန၊ ဝင့်ကြွားမှု၊ အမိန့်ဖီဆန်ခြင်းအားဖြင့် ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"فوائد الحديث
ဤပုံစံဝတ်ဆင်ခြင်းနှင့် ပြင်းထန်သောသတိပေးချက်သည် အမျိုးသားများအတွက်သာ သီးသန့်ဖြစ်သည်။ အမျိုးသမီးများမူ ယင်းမှ ကင်းလွတ်ခွင့်ရှိသည်။ အကြောင်းမှာ အမျိုးသမီးများသည် မိမိတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ရန် အမိန့်ပေးထားခြင်းခံရသောကြောင့်ဖြစ်သည်။
အမျိုးသားတို့၏ ခါးအောက်ပိုင်းကို ဖုံးအုပ်ပေးသော အရာတိုင်းကို ‘အိဇာရ်’ ဟုခေါ်သည်။ ဥပမာ — ဘောင်းဘီ၊(ပုဆိုး)၊ အဝတ်ရှည် စသည်တို့ဖြစ်သည်။ ထိုအရာများသည် ဤဟဒီးစ်တော်တွင် ဖော်ပြထားသော ရှရီအသ်စည်းမျဉ်းများအတွင်း ပါဝင်သည်။
التصنيفات
အဝတ်အစားဆိုင်ရာ အာဒါဗ် စည်းကမ်းများ။