إعدادات العرض
လူတို့ (တန်ဖိုးမထားခြင်းကြောင့်) ဆုံးရှုံးနစ်နာကြရသော နိအ်မသ်ကျေးဇူးတော်နှစ်ပါး ရှိသည်။ (၎င်းတို့မှာ)…
လူတို့ (တန်ဖိုးမထားခြင်းကြောင့်) ဆုံးရှုံးနစ်နာကြရသော နိအ်မသ်ကျေးဇူးတော်နှစ်ပါး ရှိသည်။ (၎င်းတို့မှာ) ကျန်းမာခြင်းနှင့် အားလပ်ချိန် ဖြစ်သည်။
အစ်ဗ်နု အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "လူတို့ (တန်ဖိုးမထားခြင်းကြောင့်) ဆုံးရှုံးနစ်နာကြရသော နိအ်မသ်ကျေးဇူးတော်နှစ်ပါး ရှိသည်။ (၎င်းတို့မှာ) ကျန်းမာခြင်းနှင့် အားလပ်ချိန် ဖြစ်သည်။"
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore Svenska ไทย Македонски తెలుగు Українська मराठी ਪੰਜਾਬੀ دری አማርኛ Malagasy ភាសាខ្មែរ ಕನ್ನಡ پښتو Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ လူသားတို့အပေါ်ရှိ နိအ်မသ်ကျေးဇူးတော်များအနက်မှ ကြီးမားလှသော နိအ်မသ်ကျေးဇူးတော်နှစ်ပါးအကြောင်း မိန့်ကြားတော်မူခဲ့သည်။ ယင်းကျေးဇူးတော်နှစ်ပါးကို လူအများအပြားသည် ၎င်းတို့၏ သင့်လျော်သောနေရာ၌ အသုံးမချခြင်းကြောင့် ဆုံးရှုံးနစ်နာကြရသည်။ အကြောင်းမှာ လူတစ်ဦးသည် ကျန်းမာခြင်း၏ နိအ်မသ်ကျေးဇူးတော်နှင့် အားလပ်ချိန်၏ နိအ်မသ်ကျေးဇူးတော် နှစ်ခုလုံးကို ရရှိထားသော်လည်း အလ္လာဟ်အရှင်မြတ်အား အမိန့်နာခံမှု၌ ပျင်းရိခြင်းက ၎င်းအား လွှမ်းမိုးသွားခဲ့လျှင် ထိုသူသည် ဆုံးရှုံးနစ်နာသွားသူ ဖြစ်သည်။ ဤသည် လူအများစု၏ အခြေအနေပင်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏အားလပ်ချိန်နှင့် ကျန်းမာခြင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်နာခံရာတွင် အသုံးချခဲ့လျှင် ထိုသူသည် အမြတ်အစွန်းရသွားသူ ဖြစ်သည်။ အကြောင်းမှာ လောကီသည် နောင်တမလွန်ဘဝအတွက် စိုက်ပျိုးရာမြေဖြစ်ပြီး၊ ယင်းလောကီ၌ ကုန်သွယ်မှုရှိသည်။ ထိုကုန်သွယ်မှု၏ အမြတ်သည် နောင်တမလွန်ဘဝတွင် ပေါ်လွင်ထင်ရှားမည်ဖြစ်သည်။ အားလပ်ချိန်ပြီးနောက် အလုပ်ရှုပ်ချိန် ရောက်လာတတ်ပြီး ကျန်းမာခြင်းပြီးနောက် ရောဂါဘယများ ရောက်လာတတ်သည်။အိုမင်းခြင်း ဆိုသည့်အရာတစ်ခုတည်းပင် လုံလောက်သော (သတိပေးချက်ဖြစ်သည်။)فوائد الحديث
ဘဝတာဝန်များ ထမ်းဆောင်ရမည့် လူသားအား ကုန်သည်တစ်ဦးနှင့် ပမာပေးခိုင်းနှိုင်းထားပြီး ကျန်းမာခြင်းနှင့် အားလပ်ချိန်ကို အရင်းအနှီးနှင့် ပမာပေးခိုင်းနှိုင်းထားသည်။ ထို့ကြောင့် မိမိ၏အရင်းအနှီးကို အကောင်းဆုံးအသုံးချသူသည် အမြတ်အစွန်း ရရှိပြီး အရင်းအနှီးကို ဖြုန်းတီးပစ်သူသည် ဆုံးရှုံးနစ်နာမှုနှင့် နောင်တတရားနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အိဗ်နု ခါဇင်က ဆိုသည်- နိအ်မသ်ကျေးဇူးတော်ဆိုသည်မှာ လူသားတစ်ဦး ချမ်းသာသုခ ခံစားရပြီး နှစ်သက်မြတ်နိုးသည့် အရာများဖြစ်သည်။ ဂဗ်န် (ဆုံးရှုံးနစ်နာခြင်း) ဆိုသည်မှာ တန်ဖိုးထက် ဆပေါင်းများစွာ ပေး၍ဝယ်ခြင်း သို့မဟုတ် တန်ဖိုးအောက် လျှော့၍ရောင်းခြင်းမျိုးဖြစ်သည်။ မည်သူမဆို ကိုယ်ခန္ဓာကျန်းမာ၍ လုပ်ငန်းခွင်များမှ အနှောင့်အယှက်ကင်းကာ အားလပ်ချိန်ရှိသော်လည်း မိမိ၏တမလွန်ဘဝ ကောင်းမွန်ရေးအတွက် မကြိုးပမ်းခဲ့လျှင် ထိုသူသည် အရောင်းအဝယ်တွင် ဆုံးရှုံးနစ်နာသူနှင့် တူသည်။
အလ္လာဟ်အရှင်မြတ်ထံ ချဉ်းကပ်ရန်နှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန်အတွက် ကျန်းမာခြင်းနှင့် အားလပ်ချိန်မှ အကျိုးရယူခံစားရန် မက်ဆန္ဒထားခြင်း။
အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်ကျေးဇူးတော်များအတွက် ကျေးဇူး
ဆပ်ခြင်းသည် ယင်းနိအ်မသ်ကျေးဇူးတော်များကို အလ္လာဟ်အရှင်မြတ်၏ နာခံမှု၌ အသုံးချခြင်းပင် ဖြစ်သည်။
ကွာဿွီအဗူဘကရ် အိဗ်နုလ်အရဗီက ဆိုသည်- ဗန္ဒဟ်ကျေးကျွန်တစ်ဦးအပေါ်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ပထမဦးဆုံး နိအ်မသ်ကျေးဇူးတော်သည် မည်သည့်အရာဖြစ်သည်ကို ပညာရှင်များကြား၌ ကွဲလွဲမှုရှိသည်။ အချို့က အီမာန်ယုံကြည်ခြင်းဟု ဆိုကြပြီး၊ အချို့က ဘဝသက်တမ်းဟု ဆိုကြကာ၊ အချို့က ကျန်းမာခြင်းဟု ဆိုကြသည်။ ပထမအဆို (အီမာန်) သည် ပို၍ သင့်လျော်သည်။ အကြောင်းမှ ၎င်းသည် ပကတိ နိအ်မသ်ကျေးဇူးတော် ဖြစ်သည်။ ဘဝသက်တမ်းနှင့် ကျန်းမာခြင်းတို့မှာမူ လောကီနိအ်မသ်ကျေးဇူးတော်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် အီမာန်နှင့် တွဲဖက်မှသာ စစ်မှန်သော နိအ်မသ်ကျေးဇူးတော် ဖြစ်လာသည်။ ထိုအခါမျိုး၌ ဤနိအ်မသ်ကျေးဇူးတော်နှစ်ပါးတွင် လူအများအပြား ဆုံးရှုံးနစ်နာကြရခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့၏ အမြတ်အစွန်းများ ကုန်ဆုံးသွားခြင်း သို့မဟုတ် လျော့နည်းသွားခြင်းပင် ဖြစ်သည်။ မည်သူမဆို မကောင်းမှုကို ညွှန်ကြားတတ်ပြီး သက်သောင့်သက်သာနှင့် အနားယူခြင်းဘက်သို့ ဆွဲငင်တတ်သော နဖ်စ် (စိတ်အစဉ်)၏အလိုကို လိုက်နာပြီး၊ အလ္လာဟ်အရှင်မြတ်၏ ပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဝတ်ပြုကိုးကွယ်မှုများကို အမြဲတစေလုပ်ဆောင်ခြင်းတို့ကို လစ်လျူရှုခဲ့လျှင် ထိုသူသည် ဆုံးရှုံးနစ်နာသူ ဖြစ်သည်။ထို့အတူ အားလပ်ချိန်များ ရရှိပါလျက်နှင့် အကျိုးမယူခဲ့လျှင်လည်း ဆုံးရှုံးနစ်နာသူပင် ဖြစ်သည်။ အလုပ်ရှုပ်နေသူမှာ အလုပ်ရှုပ်နေခြင်း၏ အကြောင်းပြချက် (ဥပမာ- အိမ်ထောင်မှု၊ အလုပ်တာဝန်များ) ရှိတတ်ပြီး ထိုအကြောင်းပြချက်ဖြင့် သူ့အား အပြစ်မှ လွတ်ငြိမ်းခွင့် ရနိုင်သည်။
التصنيفات
စိတ်နှလုံးသားများကို ပြုပြင်ခြင်း။