إعدادات العرض
- အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို…
- အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ပထမတစ်ခုမှာ ဆူရဟ်ဖာသိဟဟ် ဖြစ်၍ ဒုတိယတစ်ခုမှာ ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအပိုဒ်များ ဖြစ်သည်။ ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုပင် အသင်ဖတ်လျှင် ယင်း၏အကျိုးဆုလာဘ်ကို အမှန်ပင် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိမိ၏အထက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ သူသည် (မိုးကောင်းကင်ဘက်သို့) ခေါင်းကိုမော့ကြည့်လျက် ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါး ဆင်းသက်လာခဲ့ရာ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)က ပြောဆိုခဲ့သည်မှာ - ဤသည် မိုးကောင်းကင်မှ ယနေ့ပင် မြေပထဝီပေါ်သို့ ဆင်းသက်လာသော ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး (ဒီ့အရင်) မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပါ။ ထိုကောင်းကင်တမန်သည် (တမန်တော်မြတ်အား) စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ပထမတစ်ခုမှာ ဆူရဟ်ဖာသိဟဟ် ဖြစ်၍ ဒုတိယတစ်ခုမှာ ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအပိုဒ်များ ဖြစ်သည်။ ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုပင် အသင်ဖတ်လျှင် ယင်း၏အကျိုးဆုလာဘ်ကို အမှန်ပင် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။
الترجمة
العربية Bosanski English Español فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Hausa Português मराठी دری አማርኛ বাংলা ភាសាខ្មែរ Nederlands Македонски ગુજરાતી Tagalog ਪੰਜਾਬੀ മലയാളം ಕನ್ನಡ తెలుగుالشرح
ကောင်းကင်တမန်ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိုးကောင်းကင်မှ တံခါးဖွင့်သံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်) သည် မိုးကောင်းကင်ဘက်သို့ ခေါင်းကိုမော့ကြည့်ခဲ့ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါးသည် မြေပထဝီပေါ်သို့ ဆင်းသက်လာခဲ့ပြီး ဒီ့အရင် မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပေ။ ထိုကောင်းကင်တမန်သည် တမန်တော်မြတ်အား စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ်သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ထိုအလင်းရောင်နှစ်ခုမှာ- ဆူရဟ်ဖာသိဟဟ်နှင့် ဆူရဟ်ဗကရဟ်၏ နောက်ဆုံး အာယသ်တော်နှစ်ပိုဒ် ဖြစ်သည်။ ထို့နောက် ကောင်းကင်တမန်က ပြောကြားခဲ့သည်မှာ - မည်သူမဆို ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုမျှပင် ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ယင်းဆူရဟ်နှစ်ခုတွင် ပါဝင်သော ကောင်းခြင်းများ၊ ဒုအာဆုတောင်းခြင်းများနှင့် လိုလားတောင့်တမှုများကို မုချ ချီးမြှင့်ပေးတော်မူမည် ဖြစ်သည်။فوائد الحديث
ဆူရဟ်ဖာသိဟဟ်နှင့် ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်နှစ်ပိုဒ်၏ ထူးကဲမွန်မြတ်မှုနှင့် ၎င်းဆူရဟ်နှစ်ပုဒ်ကို ဖတ်ရွတ်၍ ထိုဆူရဟ်နှစ်ပုဒ်တွင် ပါရှိသည့်အတိုင်း လိုက်နာကျင့်သုံးရန် တိုက်တွန်းထားခြင်း။
မိုးကောင်းကင်တွင် တံခါးများရှိပြီး၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များသည် ယင်းတံခါးများမှတစ်ဆင့် ဆင်းသက်လာကြသည်။ ထိုတံခါးများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်သာ ဖွင့်လှစ်ခြင်း ခံရပေသည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ယခင်က မည်သည့် နဗီတမန်တော်တစ်ပါးကိုမျှ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းမရှိသော အထူးချီးမြှင့်မှုဖြင့် ဂုဏ်ပြုတော်မူခဲ့သည်။ သို့ဖြစ်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤနူးရ်အလင်းရောင်နှစ်ခု (ဆူရဟ် ဖာသိဟဟ်နှင့် ဆူရဟ် ဗကရဟ်၏ နောက်ဆုံးအာယသ် တော်နှစ်ပိုဒ်) ကို ချီးမြှင့်တော်မူခဲ့၏။
အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဒအ်ဝသ်ပေးဖိတ်ခေါ်ခြင်း၏ နည်းလမ်းများအနက်တစ်ခုမှာ ကောင်းခြင်းမင်္ဂလာများဖြင့် သတင်းကောင်းပေးခြင်း ဖြစ်သည်။
