إعدادات العرض
- "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏…
- "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။
အဘူအုမာမဟ် အလ်ဗာဟိလီ ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး " ကိုယ်တော် ဤသို့သောသူနှင့်ပတ်သတ်၍ အဘယ်သို့ မိန့်ကြားတော်မူပါနည်း။ ထိုသူသည် ဂျိဟာဒ်စစ်ပွဲတွင် အကျိုးဆုလာဘ်နှင့် ကျော်ကြားမှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပါဝင်ခဲ့သည်။ ထိုသူ့အဖို့ မည်သည့်အကျိုးဆုလာဘ် ရှိမည်နည်း။"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - "ထိုသူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ။" ထိုသူသည် ဤမေးခွန်းကိုပင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟုပင် ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။
الترجمة
العربية অসমীয়া Indonesia Kiswahili Tagalog Tiếng Việt ગુજરાતી Nederlands සිංහල Hausa پښتو नेपाली اردو Кыргызча മലയാളം English Svenska Română Kurdî Bosanski فارسی తెలుగు ქართული Moore Српски Magyar Português Македонски Čeština Русский Українська Azərbaycan Malagasy Kinyarwanda Wolof ไทย मराठी ਪੰਜਾਬੀ हिन्दी دری Türkçe አማርኛ বাংলা ភាសាខ្មែរ Lietuvių ಕನ್ನಡ Oromoo Deutsch Shqip 中文 தமிழ்الشرح
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ လူတစ်ဦးနှင့်ပတ်သတ်၍ လျှောက်ထားမေးမြန်းရန် လာရောက်ခဲ့သည်။ ထိုသူသည် ဂျိဟာဒ်( စစ်ပွဲ ) တွင် အလ္လာဟ်အရှင်မြတ်ထံမှ အကျိုးဆုလာဘ်ကိုလည်းကောင်း၊ လူအများ၏ ချီးမွမ်းမှုကိုလည်းကောင်း ရယူလိုသောဆန္ဒဖြင့် ပါဝင်ခဲ့၏။ထိုသူသည် အကျိုးဆုလာဘ်ကို ရ၊ မရကို (သိရှိလိုခဲ့သည်။) သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ ရစူလ် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ထိုသူ့အား ၎င်း(မုဂျာဟိဒ်)အဖို့ မည်သည့်အကျိုးဆုလာဘ်မျှ ရှိမည်မဟုတ်ကြောင်း ဖြေကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ နီယသ်ရည်စူးချက်တွင် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသူသည် မိမိ၏ မေးခွန်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံတွင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟူသည့် အဖြေကိုသာ ဖြေကြားတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အမလ်လက်ခံခြင်းခံရမည့် စည်းမျဉ်းဥပဒေတစ်ရပ်ကို မိန့်ကြားတော်မူခဲ့သည်။ ထိုစည်းမျဉ်းမှာ- စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ (စိတ်စေတနာစင်ကြယ်စွာသီးသန့်) ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသောအမလ်များကို လက်ခံတော်မမူမပေ။ ထို့ပြင် ထိုအမလ်တွင် အလ္လာဟ်အရှင်မြတ်နှင့် အတူ အခြားတစ်စုံတစ်ရာအား ရှိရ်က်ပြုလုပ်ခြင်း(ယှဉ်တွဲကိုးကွယ်ခြင်း) မရှိစေရပါ။فوائد الحديث
အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး၊ အရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်နည်းလမ်းအတိုင်း ဆောင်ရွက်သော အမလ်ကိုသာ လက်ခံတော်မူသည်။
အရေးကြီးသော အကြောင်းအရာကို ထပ်ကာတလဲလဲ မေးမြန်းခြင်းဖြင့် ၎င်း၏ လေးနက်မှုကို အတည်ပြုထားခြင်း။
အရေးကြီးသော အကြောင်းအရာကို ထပ်တလဲလဲ မေးမြန်းခြင်းဖြင့် ၎င်း၏ လေးနက်မှုကို အတည်ပြုထားခြင်း။
စစ်မှန်သော မုဂျာဟစ်ဒ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော်သည် အမြင့်မြတ်ဆုံးဖြစ်စေရန်နှင့် အကျိုးဆုလာဘ်နှင့် နောင်တမလွန်အကျိုးမျှော်ကိုးလျက် စိတ်စေတနာစင်ကြယ်စွာဖြင့် ဂျိဟာဒ်ပြုလုပ်သူဖြစ်သည်။ ၎င်း၏ ဂျိဟာဒ်ပြုလုပ်ခြင်းသည် လောကီအကျိုးအတွက် မဖြစ်စေရပေ။
