إعدادات العرض
ဟဂ်ျနှင့် အွမ်ရာကြား တစ်ခုနှင့်တစ်ခုမခြားဘဲ တစ်ဆက်တည်းပြုလုပ်ပါ။ အဘယ် ကြောင့်ဆိုသော် ပန်းပဲဖိုသည် သံ၊…
ဟဂ်ျနှင့် အွမ်ရာကြား တစ်ခုနှင့်တစ်ခုမခြားဘဲ တစ်ဆက်တည်းပြုလုပ်ပါ။ အဘယ် ကြောင့်ဆိုသော် ပန်းပဲဖိုသည် သံ၊ ရွှေငွေတို့၏ ချေးညှော်များကို ဖယ်ရှားသကဲ့သို့ ထိုအရာနှစ်ခုသည် ဆင်းရဲခြင်းနှင့် အပြစ်အကုသိုလ်များကို ဖယ်ရှားပေးသည်။ ထို့ပြင် လက်ခံခြင်းခံရသော ဟဂ်ျ၏ အကျိုးကုသိုလ်သည် ဂျန္နသ်သာလျှင်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ဟဂ်ျနှင့် အွမ်ရာကြား တစ်ခုနှင့်တစ်ခုမခြားဘဲ တစ်ဆက်တည်းပြုလုပ်ပါ။ အဘယ် ကြောင့်ဆိုသော် ပန်းပဲဖိုသည် သံ၊ ရွှေငွေတို့၏ ချေးညှော်များကို ဖယ်ရှားသကဲ့သို့ ထိုအရာနှစ်ခုသည် ဆင်းရဲခြင်းနှင့် အပြစ်အကုသိုလ်များကို ဖယ်ရှားပေးသည်။ ထို့ပြင် လက်ခံခြင်းခံရသော ဟဂ်ျ၏ အကျိုးကုသိုလ်သည် ဂျန္နသ်သာလျှင်ဖြစ်သည်။
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore پښتو ಕನ್ನಡ Türkçe Bosanski فارسی Shqip Српскиالشرح
၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟဂ်ျနှင့် အွမ်ရဟ် ပြုလုပ်ခြင်းကို ဆက်တိုက်ပြုလုပ်ရန် တိုက်တွန်းထားပြီး၊ တတ်စွမ်းနိုင်ပါက ၎င်းတို့ကို (တစ်ခုနှင့်တစ်ခုကြား) ပြတ်တောက်စေခြင်းမပြုဘဲ ဆက်တိုက်ပြုလုပ်ရန် သွန်သင်ထား သည်။ အကြောင်းမှာ ယင်းတို့ကို ဆက် တိုက်ပြုလုပ်ခြင်းသည် ဆင်းရဲမွဲတေမှုနှင့် အပြစ်များကို ဖယ်ရှားပေးကာ စိတ်နှလုံးအပေါ် ၎င်းတို့၏ သက်ရောက်မှုကို ပယ်ဖျောက်ပေးသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ငရဲမီးသည် သံချေးနှင့် သံတွင်ပါဝင်သော အခြားသတ္တုအညစ်အ ကြေးများကို ဖယ် ရှားပေးသကဲ့သို့ ဖြစ်သည်။فوائد الحديث
၂။ ဟဂ်ျနှင့် အွမ်ရဟ်ကို ဆက်တိုက်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးနှင့် ထိုသို့ပြုလုပ်ရန် တိုက်တွန်းထားခြင်း။
၃။ ဟဂ်ျနှင့် အွမ်ရဟ်ကို ဆက်တိုက်ပြုလုပ်ခြင်းသည် ချမ်းသာကြွယ်ဝမှုရရှိရန်နှင့် အပြစ်များခွင့်လွှတ်ခံရရန် အကြောင်းတရားများ ဖြစ်သည်။
၄။ ပညာရှင်ကြီး မုဘာရက်ဖူရီ မှတ် ချက်ပြုထားသည်မှာ (ينفيان الفقر) "၎င်းတို့နှစ်ခုသည် ဆင်းရဲမွဲတေမှုကို ဖယ်ရှားပေးသည်" ဆိုသည်မှာ ဆင်းရဲမွဲတေမှုကို ပပျောက် စေသည်။ ၎င်းတွင် လက်ဖြင့် ကြွယ်ဝချမ်းသာမှုရရှိခြင်းဟူသော ပြင်ပဆင်းရဲမွဲတေမှုနှင့် စိတ်နှလုံးချမ်းသာမှုရရှိခြင်းဟူသော အတွင်းစိတ်ဆင်းရဲမွဲတေမှုကို ဖယ်ရှားနိုင်သည်ဟု အဓိ ပ္ပာယ်ရသည်။
التصنيفات
ဟဂ်ျနှင့်အွမ်ရဟ်၏ ထွတ်မြတ်မှု။