إعدادات العرض
“အသက်အရွယ်ကြီးရင့်သွားသူ၏ နှလုံးသားသည် အရာနှစ်ခုတွင် နုပျိုနေတတ်၏- လောကီကို တပ်မက်ခြင်းနှင့်…
“အသက်အရွယ်ကြီးရင့်သွားသူ၏ နှလုံးသားသည် အရာနှစ်ခုတွင် နုပျိုနေတတ်၏- လောကီကို တပ်မက်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့၌ ဖြစ်သည်။”
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “အသက်အရွယ်ကြီးရင့်သွားသူ၏ နှလုံးသားသည် အရာနှစ်ခုတွင် နုပျိုနေတတ်၏- လောကီကို တပ်မက်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့၌ ဖြစ်သည်။”
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili English অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ বাংলা Kurdî తెలుగు Македонски Tagalog Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ Türkçe پښتو Bosanski हिन्दी فارسی Српски Shqipالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်— အသက်အရွယ်ကြီးရင့်လာသူသည် ၎င်း၏ကိုယ်ခန္ဓာမှာ အားနည်းသွားသော်လည်း သူ၏စိတ်နှလုံးမှာမူ အရာနှစ်ခုကို နှစ်သက်ရာ၌ နုပျိုနေတတ်၏။ ပထမ - စည်းစိမ်ဥစ္စာ ပေါများခြင်းအားဖြင့် လောကီဘဝကို ချစ်မြတ်နိုးခြင်း။ ဒုတိယ - သက်တမ်းရှည်လျားခြင်း၊ အသက်ရှည်ခြင်း၊ ရှင်သန်နေထိုင်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့ကို ချစ်မြတ်နိုးခြင်း။فوائد الحديث
ဤသည်မှာ လူသား၏ သဘာဝဗီဇဖြစ်သည့် လောကီဘဝကို ချစ်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့ကို ဖော်ပြခြင်းဖြစ်သည်။
မျှော်လင့်ချက် ရှည်လျားခြင်းနှင့် စည်းစိမ်ဥစ္စာ သိုမှီးစုဆောင်းခြင်းအား လောဘထားခြင်းအပေါ် ရှုတ်ချခြင်းကို ညွှန်ပြထားသည်။ စင်စစ် ၎င်းသည် သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ရန်၊ ချမ်းသာသူအတွက် အလှူဒါနပြုခြင်း၏ အကျိုးကျေးဇူးနှင့်၊ ဆင်းရဲသူအတွက် တောင်းရမ်းခြင်းမှ ရှောင်ကျဉ်ခြင်းတို့ကို တောင်းဆိုပေသည်။
လူသားသည် မိမိအသက်ထက် ပိုမိုချစ်မြတ်နိုးသော အရာမရှိသောကြောင့် ၎င်း၏တည်တံ့မှုကို အလိုရှိ၏၊ ထို့ကြောင့် အသက်ရှည်ခြင်းကို နှစ်သက်သည်။ ထို့ပြင် စည်းစိမ်ဥစ္စာကိုလည်း ကျန်းမာရေးနှင့် ချမ်းသာသုခ တည်တံ့ရေးအတွက် အဓိကအကြောင်းခံဖြစ်သောကြောင့် ချစ်မြတ်နိုးသည်။ သို့ဖြစ်၍ မိမိ၏အသက် သို့မဟုတ် စည်းစိမ်ဥစ္စာ ကုန်ဆုံးတော့မည်ကို သိရှိလာသောအခါ ၎င်းကို ချစ်မြတ်နိုးမှုနှင့် တည်တံ့စေလိုသော ဆန္ဒသည် ပိုမိုပြင်းထန်လာတော့၏။
التصنيفات
လောကီချစ်စိတ်ကို ရှုံ့ချခြင်း။