إعدادات العرض
ပုဆိုး(ဘောင်းဘီ)ဖြင့် ခြေမျက်စိအောက် ဖုံးနေသော အစိတ်အပိုင်းသည် ဂျဟန္နမ် ငရဲမီးသို့ကျရောက်မည်ဖြစ်သည်။
ပုဆိုး(ဘောင်းဘီ)ဖြင့် ခြေမျက်စိအောက် ဖုံးနေသော အစိတ်အပိုင်းသည် ဂျဟန္နမ် ငရဲမီးသို့ကျရောက်မည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ပုဆိုး(ဘောင်းဘီ)ဖြင့် ခြေမျက်စိအောက် ဖုံးနေသော အစိတ်အပိုင်းသည် ဂျဟန္နမ် ငရဲမီးသို့ကျရောက်မည်ဖြစ်သည်။
الترجمة
العربية Tiếng Việt অসমীয়া Indonesia Nederlands Kiswahili Hausa ગુજરાતી සිංහල English Magyar ქართული Română Русский Português ไทย Bosanski తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Tagalog Українська ភាសាខ្មែរ ਪੰਜਾਬੀ پښتو Svenska Wolof Moore हिन्दी ಕನ್ನಡ മലയാളം தமிழ் 中文 Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသားများအား ၎င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ထားသော အဝတ်၊ ဘောင်းဘီ သို့မဟုတ် အခြားအရာများကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခြင်းမပြုရန် သတိပေးတားမြစ် တော်မူခဲ့သည်။ ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်သူ၏ ခြေကျင်းဝတ်အောက်ပိုင်းသည် ၎င်း၏ထိုလုပ်ရပ်အတွက် အပြစ်ပေးခြင်းခံရကာ ငရဲမီးထဲတွင်ရှိမည်ဖြစ်သည်။فوائد الحديث
အမျိုးသားများအတွက် အဝတ်
အစားကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခြင်းကို တားမြစ်ထားပြီး ၎င်းသည် ကြီးလေးသောအပြစ်များတွင် အပါအဝင်ဖြစ်သည်။
အိဗ်နုဟဂျရ်က မိန့်ကြားသည်- အဝတ်အစားကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခြင်း၏ အထွေထွေတားမြစ်ချက်မှ အောက်ပါအခြေအနေမှာ ချွင်းချက်ဖြစ်သည်။ ၎င်းမှာ− လိုအပ်ချက်အရ ပြုလုပ်ရသည့်အခါတွင်ဖြစ်သည်။ ဥပမာ− လူတစ်ယောက်၏ ခြေကျင်းဝတ်တွင် ဒဏ်ရာရှိပြီး ယင်းကို အဝတ်ဖြင့် မဖုံးအုပ်ပါက ယင်ကောင်များ ကျရောက်၍ ဒုက္ခပေးနိုင်သည့်အခြေအနေမျိုးတွင် ဖြစ်သည်။ ထို့ပြင် ထိုသူ၌ ထိုအဝတ်မှလွဲ၍ အခြားအဝတ်တစ်စုံတစ်ရာလည်း မရှိသည့်အခါမျိုး၌ ဖြစ်သည်။
ဤအမိန့်သည် အမျိုးသားများအတွက်သာ သီးသန့်ဖြစ်သည်။ အကြောင်းမှာ အမျိုးသမီးများအား သူမတို့၏အဝတ်များကို ခြေကျင်းဝတ်အောက် တစ်တောင်ခန့်အထိ ဆွဲချဝတ်ဆင်ရန် အမိန့်ပေးထားသောကြောင့်ဖြစ်သည်။
التصنيفات
ဝတ်စားဆင်ယင်ခြင်း။