إعدادات العرض
1- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။