إعدادات العرض
“လမြတ်ရမဿွာန် ရောက်ရှိလာသောအခါ ဂျန္နသ်သုခဘုံ၏ တံခါးများမှာ ဖွင့်ပေးခြင်းခံရပြီး၊ ဂျဟန္နမ်ငရဲ၏…
“လမြတ်ရမဿွာန် ရောက်ရှိလာသောအခါ ဂျန္နသ်သုခဘုံ၏ တံခါးများမှာ ဖွင့်ပေးခြင်းခံရပြီး၊ ဂျဟန္နမ်ငရဲ၏ တံခါးများမှာမူ ပိတ်ခြင်းခံရ၏။ ထို့ပြင် ရှိုင်သွာန်မိစ္ဆာများမှာ ချုပ်နှောင်ခြင်းခံရလေသည်။”
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လမြတ်ရမဿွာန် ရောက်ရှိလာသောအခါ ဂျန္နသ်သုခဘုံ၏ တံခါးများမှာ ဖွင့်ပေးခြင်းခံရပြီး၊ ဂျဟန္နမ်ငရဲ၏ တံခါးများမှာမူ ပိတ်ခြင်းခံရ၏။ ထို့ပြင် ရှိုင်သွာန်မိစ္ဆာများမှာ ချုပ်နှောင်ခြင်းခံရလေသည်။”
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Hausa Kurdî Português Tiếng Việt অসমীয়া Nederlands Kiswahili ગુજરાતી Magyar ქართული Română ไทย తెలుగు मराठी دری አማርኛ Malagasy Македонски Українська ភាសាខ្មែរ ਪੰਜਾਬੀ پښتو മലയാളം Svenska Wolof Moore ಕನ್ನಡ தமிழ் Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လမြတ်ရမဿွာန် ဝင်ရောက်လာသောအခါ အချက်သုံးချက် ဖြစ်ပေါ် သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ပထမအချက် – ဂျန္နသ်သုခဘုံ၏ ဖွင့်လှစ်ခြင်းခံရ၍ ယင်းတို့အနက် မည်သည့်တံခါးမှ ပိတ်မထားခြင်း ဖြစ်သည်။ ဒုတိယအချက် – ဂျဟန္နမ်ငရဲ၏တံခါးများ ပိတ်ခြင်းခံရ၍ ယင်းတို့အနက် မည်သည့်တံခါးမှ ဖွင့်မထားခြင်း ဖြစ်သည်။ တတိယအချက် – ရှိုင်သွာန်မိစ္ဆာကောင်များနှင့် ပုန်ကန်တတ်သော ဂျင်န်ဆိုးများမှာ သံကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံရ၍ ထိုကာလအတွင်း ၎င်းတို့သည် ရမဿွာန်လမှအပ အခြားအချိန်များတွင် ပြုလုပ်ခဲ့ကြသည့် အရာများကို မပြုလုပ်နိုင်ကြတော့ပေ။ (တစ်နည်း အခြားလများကဲ့သို့ ၎င်းတို့ လွှမ်းမိုးနိုင်မှု မရှိကြချေ။) ထိုအရာအားလုံးသည် ဤလ၏ ဂုဏ်မြင့်မြတ်မှုကို ဖော်ညွှန်းရန်နှင့် ကောင်းမှုပြုကျင့် ဆောင်ရွက်သူများအား ဆွလာသ်၊ ဆွဒကဟ်အလှူဒါန၊ ဇိကိရ် (အလ္လာဟ်အရှင်အား သတိရတသခြင်း)၊ ကုရ်အာန် ရွတ်ဖတ်ခြင်းနှင့် အခြားသောကောင်းမှုများကို များပြားစွာ ပြုလုပ်ရန်နှင့် အပြစ်များမှ ရှောင်ကြဉ်ရန် အားပေးတိုက်တွန်းထားခြင်း ဖြစ်သည်။فوائد الحديث
လမြတ်ရမဿွာန်၏ ထူးကဲမြင့်မြတ်မှုကို ဖော်ပြထားခြင်း။
ဤဟဒီးစ်တော်တွင် စွိယာမ်ဥပုသ်စောင့်ထိန်းသူများအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်း ပါရှိသည်။ အကြောင်းမှာ ဤဗရ်ကသ်မင်္ဂလာနှင့်ပြည့်စုံသော လသည် (အရှင်မြတ်အား) ကိုးကွယ်ဆည်းကပ်ခြင်းနှင့် ကောင်းမှုတရားတို့အတွက် အချိန်ကာလတစ်ခု ဖြစ်သောကြောင့်တည်း။
ရမဿွာန်လတွင် ရှိုင်သွာန်မိစ္ဆာကောင်များကို ချုပ်နှောင်ထားခြင်း၏ သဘောတရားမှာ လူသားသည်(အပြစ်ကျူးလွန်ကာ) ရှိုင်သွာန်အား အကြောင်းပြချက် မပေးနိုင်ရန် ညွှန်ပြထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ “ရှိုင်သွာန်မိစ္ဆာကောင်တို့အား သင့်ထံမှ ဖယ်ရှားထားပြီးဖြစ်၍ ၎င်းတို့ကို အကြောင်းပြကာ အမိန့်တော်ကို စွန့်လွှတ်ခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းအတွက် သင်သည် ဆင်ခြေမပေးနိုင်တော့ပေ” ဟု ပြောကြားထားခြင်းနှင့် တူပေသည်။
အိမာမ်ကွတ်ရ်သူဗီက မိန့်ဆိုသည်မှာ - အကယ်၍ တစ်ဦးတစ်ယောက်က ‘ကျွန်ုပ်တို့သည် ရမဿွာန်လတွင် မကောင်းမှုများနှင့် ပြစ်မှုများ အများအပြား ဖြစ်ပေါ်နေသည်ကို မြင်နေရပါသည်။ အကယ်၍ ရှိုင်သွာန်မိစ္ဆာကောင်များကို ချုပ်နှောင်ထားသည်ဆိုလျှင် ထိုအရာများ ဖြစ်ပေါ်စရာအကြောင်းမရှိပါဟု ဆိုခဲ့လျှင် ယင်းအတွက် အဖြေမှာ- ဤမကောင်းမှုများနှင့် ပြစ်မှုများ လျော့နည်းခြင်းသည် စွိယာမ်ဥပုသ်၏ စည်းကမ်းချက်များကို စနစ်တကျ စောင့်ထိန်းပြီး ၎င်း၏ ရိုသေသမှုများကို လိုက်နာသော ဥပုသ်စောင့်ထိန်းသူများအတွက်သာ အကျိုးသက်ရောက်မှု ရှိသည်။ သို့မဟုတ် အချို့သော ဆင့်ပြန်ချက်များတွင် ဖော်ပြထားသည့်အတိုင်း ရှိုင်သွာန်မိစ္ဆာကောင်အားလုံးကိုမဟုတ်ဘဲ ပုန်ကန်တတ်သောရှိုင်သွာန်မိစ္ဆာကောင်အချို့ကိုသာ ချုပ်နှောင်ထားခြင်းဖြစ်သည်။ သို့မဟုတ် ရည်ရွယ်ချက်မှာ ဤလတွင် မကောင်းမှုများကို လျော့ချပေးထားခြင်းဖြစ်ပြီး၊ ရမဿွာန်လတွင် အခြားလများနှင့် နှိုင်းယှဉ်ပါက မကောင်းမှုများ ဖြစ်ပေါ်မှု နည်းပါးသည်ကို လက်တွေ့တွင်လည်း ခံစားသိရှိရပေသည်။ ရှိုင်သွာန်မိစ္ဆာကောင်အားလုံးကို ချုပ်နှောင်ထားခြင်းဟူသည် မကောင်းမှု သို့မဟုတ် အပြစ်တစ်စုံတစ်ရာ လုံးဝမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မကောင်းမှုများအတွက် ယုတ်ညံ့သော စိတ်နှလုံး၊ ဆိုးရွားသော အလေ့အကျင့်နှင့် လူ့မိစ္ဆာများကဲ့သို့သော အခြားအကြောင်းတရားများလည်း ရှိသောကြောင့် ဖြစ်သည်။
التصنيفات
ဆွိယာမ်ဥပုသ်၏ ထွတ်မြတ်မှု။