إعدادات العرض
“အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည်…
“အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Tiếng Việt Nederlands Kiswahili অসমীয়া ગુજરાતી සිංහල Magyar ქართული Română ไทย मराठी ភាសាខ្មែរ دری አማርኛ Македонски తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ پښتوالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျနာဇဟ်အား ပြင်ဆင်ခြင်း၊ ဂျနာဇဟ်ဆွလားသ်ဖတ်ခြင်းနှင့် ဒဖန်မြှုပ်နှံခြင်းတို့ကို မြန်မြန်ဆန်ဆန်ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အကယ်၍ သေသူသည် သူတော် ကောင်းဖြစ်လျှင် ယင်းသည် ကောင်း ကျိုးဖြစ်သည့် ကဗရ်၏နိအ်မသ်စည်း စိမ်ဘက်သို့ သင်တို့ ပို့ဆောင်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။فوائد الحديث
အိဗ်နုဟဂျရ်က မိန့်ဆိုသည် - မြန်မြန်ဆန်ဆန်လုပ်ဆောင်ခြင်းသည် မုစ်သဟဗ်ဖြစ်သော်လည်း သေသူအား ထိခိုက်ပျက်စီးခြင်း သို့မဟုတ် သယ်ဆောင်သူ (သို့) လိုက်ပါသူများအား ခက်ခဲပင်ပန်းခြင်း ဖြစ်မည်ကို စိုးရိမ်ရသည့် အလွန်အကျွံ မြန်မြန်ဆန်ဆန်ပြုလုပ်ခြင်း မပြုသင့်ပေ။
အကယ်၍ သေခြင်းတရားသည် ရုတ်တရက်မဟုတ်ဘဲ မူးမေ့သွားခြင်း ဖြစ်နိုင်သည်ဟု စိုးရိမ်ရပါက၊ သေဆုံးကြောင်း သေချာစွာ မသိရသေးမီ အလျင်စလိုမြှုပ်နှံခြင်း မပြုသင့်ပေ။ သို့မဟုတ် အကျိုးအကြောင်းတစ်စုံတစ်ရာကြောင့် အနည်းငယ်နှောင့်နှေးခြင်းပြုလုပ်နိုင်သည်၊ ဥပမာ — ဂျနာဇဟ်ဆွလားသ်ဝတ်ပြုသူများ များပြားနေခြင်း (သို့) ဆွေမျိုးများရောက်ရှိလာမည့် မျှော်လင့်ချက်ရှိခြင်းတို့ဖြစ်ပြီး အလောင်းပျက်စီးသွားမည်ကို စိုးရိမ်စရာမရှိလျှင် ထိုသို့ပြုလုပ်ခွင့်ရှိသည်။
ဂျနာဇဟ်အလောင်းကို မြုပ်နှံရန် အမြန်ဆောင်ရွက်ခြင်းသည် အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် သေသူအတွက် အကျိုးဖြစ်ရန် (သို့မဟုတ်) သေသူသည် ကံဆိုးသူဖြစ်ပါက ဂျနာဇဟ်လိုက်ပါပို့ ဆောင်သူများအတွက် အကျိုးဖြစ်စေရန် ဖြစ်သည်။
အိမာမ်နဝဝီက မိန့်ဆိုသည်- ဤဟဒီးစ်တော်မှအကျင့်စာ ရိတ္တမကောင်းသော သူတို့နှင့်ပေါင်းသင်း နေထိုင်ခြင်းကို စွန့် လွှတ်သင့်ကြောင်း အကျိုးရရှိသည်။
