إعدادات العرض
ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ…
ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါလေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါလေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။"
الترجمة
العربية বাংলা English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî Kiswahili Português தமிழ் Nederlands অসমীয়া ગુજરાતી پښتو Hausa മലയാളം नेपाली ქართული Magyar తెలుగు Bosanski Македонски Svenska ಕನ್ನಡ Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolof ភាសាខ្មែរ Malagasy Yorùbá Српски Lietuvių Kinyarwanda Shqip Oromooالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - အိပ်မက်ကောင်း၊ စိတ်ချမ်းသာဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်၏။ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းပူဆွေးဖွယ်အိပ်မက်သည် ရှိုင်တွာန်ဘက်မှဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို မနှစ်မြို့ဖွယ် အိပ်မက်ကို မြင်မက်ပါက မိမိ၏ ဘယ်ဘက်အခြမ်းသို့ လှည့်၍ တံတွေး (ထွေးသကဲ့သို့) ပြုလုပ်ပါ။ ထို့နောက် ယင်းအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တ ရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။فوائد الحديث
(الرُّؤْيَا) ရူအ်ယာ နှင့် (الحُلُم) ဟုလူမ် သည် အိပ်ပျော်နေစဉ် မြင်တွေ့ရသော အရာများကို ရည်ညွှန်းသော်လည်း၊ “ရူအ်ယာ” ဟူသော စကားလုံးသည် ကောင်းသောအရာ၊ သာယာသောအရာများကို မြင်တွေ့ရခြင်းအပေါ် ပို၍ အလေးထားသုံးနှုန်းလေ့ရှိပြီး၊ “ဟုလူမ်” ဟူသော စကားလုံးသည် မကောင်းသောအရာ၊ အကျည်းတန်သောအရာများကို မြင်တွေ့ရခြင်းအပေါ် ပို၍ အလေးထားသုံးနှုန်းလေ့ရှိသည်။ သို့သော် ထိုစကားလုံးနှစ်လုံးကို တစ်ခုနေရာတွင် တစ်ခု အစားထိုး
၍လည်း အသုံးပြုလေ့ရှိသည်။
အိပ်မက်အမျိုးအစား( ၃ )- ၁။ ကောင်းသောအိပ်မက် - ယင်းသည် မှန်ကန်သောအိပ်မက်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံမှ ပေးအပ်သော သတင်းကောင်းဖြစ်၏။ ၂။ အတွေးအမြင်များ (စိတ်ကူးယဥ်မှု) - နိုးနေစဉ် မိမိကိုယ်တိုင် စဉ်းစားတွေးတောနေမိသော အကြောင်းအရာများသည် (အိပ်မက်ထဲ ဝင်ရောက်လာခြင်းဖြစ်၏။) 3. ရှိုင်တွာန်ဘက်မှ လူသားအား ဝမ်းနည်း၊ ကြောက်ရွံ့စေခြင်း- ရှိုင်တွာန်သည် လူသားအား ဝမ်းနည်းပူဆွေးသောကရောက်စေရန် ကြောက်မက်ဖွယ်များကို ဖန်တီးပြသခြင်း။
ကောင်းသောအိပ်မက်အတွက် လိုက်နာရန် အချက် (၃) ချက် -
၁။ ထိုအိပ်မက်အတွက် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းပြုရမည်။
၂။ ထိုအိပ်မက်ကြောင့် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ရမည်။
၃။ ထိုအိပ်မက်အား မိမိချစ်ခင်နှစ်သက်သူကိုသာ ပြောပြရမည်။ မနှစ်သက်သူအား မပြောပြရ။
အိပ်မက်ဆိုးအတွက် လိုက်နာရန် အချက် (၅) ချက် -
၁။ ထိုအိပ်မက်၏ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရမည်။
၂။ ရှိုင်တွာန်၏ အန္တရာယ်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရမည်။
၃။ အိပ်ယာမှနိုးလျှင် ဘယ်ဘက်သို့ လှည့်၍ သုံးကြိမ် တံတွေးထွေး(သကဲ့သို့) ပြုရမည်။
၄။ မည်သူ့ကိုမျှ လုံးဝမပြောပြရ။
၅။ ပြန်၍အိပ်လိုပါက ယခင်အိပ်ခဲ့သော ဘေးတစ်ဖက်သို့ မဟုတ်ဘဲ အခြားတစ်ဖက်သို့ လှည့်၍ အိပ်ရမည်။ ဤအချက်များအား လိုက်နာပါက ထိုအိပ်မက်ဆိုးသည် ၎င်းအား မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေနိုင်တော့ပေ။
